Chapter 28
Màu nền
Font chữ
Font size
Chiều cao dòng
{ ကဗျာစာပိုဒ်လေးကိုတစ်ဖန်ပြန်ပြီးလှပအောင်လုပ်ဆောင်မည့်သူကပထမလူဖြစ်ပါဦးမလား }
အနက်ရောင်coatကိုဝတ်ဆင်ထားသည့်လူတစ်ယောက်လမ်းကြားထဲမှလမ်းများသို့ခပ်သွက်သွက်လျှောက်နေသည်မှာအနောက်ကနေလူတစ်ယောက်ကလိုက်နေဟန်တူသည်။
ဦးထုပ်ကိုလည်းခပ်ငိုက်ငိုက်ဆောင်းထားပြီးခြေသံလုံလုံဖြင့်သွားနေသောကြောင့်ရုပ်ဖျက်ထားသည့်ပုံပင်။ ပုံမှန်ထက်ပိုကာလျင်မြန်နေသည့်အရှိန်ဖြင့်သွားနေသောထိုလူသည်အနောက်မှကျားလိုက်နေသည့်နှယ်ပြေးရအောင်လည်းအဆင်မပြေ သို့ပေမဲ့လည်းပုံမှန်အတိုင်းဖြေးညင်းစွာသွားပါက အန္တရာယ်ရှိနိုင်သည်မလို့မပြေးရုံတစ်မယ်သွားနေရလေသည်။
လမ်းမကြီးကိုဆက်ထားသောလမ်းကြားလေးဆုံတွင်းသို့ဝင်သွားလိုက်ပြီးမျက်ခြေဖျောက်ရန်ကြိုးစားနေသည့်ထိုလူ၏နားထင်တွင်လည်းချွေးစီးများစတင်ကျဆင်းလာပြီဖြစ်သည်။
အသက်ရှူသံခပ်ပြင်းပြင်းများလည်းကြားလာရပြီးပိုမိုလျင်မြန်လာသည့်ခြေလှမ်းတွေဟာခြေထောက်နဲ့မြေကြီးတောင်ထိပါရဲ့လားမသိတော့။ ခေါင်းလည်းစောင်းကာအနောက်ကိုမသိမသာလှမ်းကြည့်ရသေးသည်မှာမကောင်းတာလုပ်ထားသည့်လူတစ်ယောက်အလား။
အမှန်တစ်ကယ်လည်းထိုလူဟာမကောင်းတာလုပ်ထားသည်လား။ အနောက်သို့လှည့်ကြည့်လိုက်တော့သူ့အားနောက်ယောင်ခံသည်ဟုထင်ရသည့်လူကိုမတွေ့တော့တာကြောင့်စိတ်ချလက်ချအနေဖြင့်သက်ပြင်းရှည်ကြီးတစ်ခုအားချလိုက်မိသည်။
သို့ပေမဲ့သက်ပြင်းချလို့မဆုံးခင်အချိန်မှာသူ့ထက်ရှေ့ရောက်နေသည့်သူကြောင့် ကြောက်အားလန့်အားဖြင့်နောက်သို့လန်ကာလဲကျတော့သည်။
"Sh*t!!!!"
"ဟက်.....ဘယ်လိုလည်း.....ပြေးရတာမောနေပြီလား"
လှောင်သလို ခနဲ့သလိုစကားတစ်ခွန်းအားဆိုလာသည့်သူအားကြောက်လန့်မိသောကြောင့်လဲနေရာမှတောင်ကုန်းရုန်းပြီးမထန်ိုင်သေးချေ။
"မင်းက...ငါဆိုတဲ့Lee Juyeonလက်ထဲကနေပြေးလို့လွတ်မယ်များထင်နေတာလား ဟမ်!!"
"မ...မ...မဟုတ်ပါဘူး.....ကျွန်တော့်ကိုသွားခွင့်ပြုပါ"
လက်အုပ်လေးချီကာတောင်းတောင်းပန်ပန်ပြောလာရှာသည့်ထိုလူအားJuyeonသနားစိတ်တစ်စက်မှမရှိ။အခုလိုအသနားခံနေသည်ကိုပင်ပို၍အမြင်ကတ်လာသေးသည်။
"ငါမေးတာဖြေပြီးရင်သွားခွင့်ပေးမယ်"
"ကျွန်တော်......ဘာမှမသိပါဘူး!"
"ငါကဘာမေးရသေးလို့ မသိဘူးဖြေနေတာလည်း!!!!!"
"ဟို......ဟို.......ကျွန်တော်....တစ်ကယ်ဘာမှမသိလို့မသိဘူးဖြေမိတာပါဗျာ"
"ဒါဆို....မင်းသိနိုင်လောက်တဲ့ဟာမျိုးငါမေးမယ်လေ"
Juyeonကလဲကျနေသည့်ထိုလူရှေ့ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီးအေးစက်သည့်မျက်နှာထားဖြင့်ကြည့်လာတော့ထိုလူမှတံတွေးတောင်မသိမသာမျိုချမိသည်။
"လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်တုန်းကမင်းဆီကို ကလေးတစ်ယောက်လာအပ်ဖူးသေးတယ်မလား"
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ကိစ္စကိုကျွန်တော်ကဘယ်လိုလုပ်မှတ်မိမှာလည်း!"
ပြောသာပြောနေပေမဲ့မျက်လုံးအရောင်ပြောင်းနေသည်ကိုJuyeonသတိထားမိသည်မလို့ခြောက်ကပ်စွာရယ်လိုက်ကာ
"ဒါဆို....ငါကမှတ်မိအောင်လုပ်ပေးရမလား"
အတွင်းအိပ်ကပ်ထဲမှာထည့်ထားသည့်ပစ္စတိုသေနတ်အားထုတ်လိုက်တော့ထိုလူမှာမျက်လုံးပြူးမတတ်ကြောက်လန့်လာရသည်။သို့ပေမဲ့လည်း
"ကျွန်တော့်ကို.....သတ်....ချင်ရင်...သတ်လိုက်....ကျွန်တော်...ဘာမှမသိလို့မပြောနိုင်ဘူး"
အသံတွေကတော့တုန်ရီလို့ကာနေပါသည်။
"ငါကလည်း...မင်းကိုသတ်မယ်လို့မပြောမိပါဘူး အာ........အခုသုံးနာရီတောင်ရှိနေပြီပဲ"
Juyeonမှလက်ကလက်ပတ်နာရီအားကြည့်ကားပြောလိုက်တော့ထိုလူမှသေချာစွာပြန်ကြည့်လာသည်။
"ဒီအချိန်ဆို...မင်းရဲ့သားလေး ကျောင်းဆင်းတဲ့အချိန်မလား......ငါ့လူတွေကိုသွားကြိုခိုင်းလိုက်မယ်လေ နော့"
သားနှင့်ခြိမ်းခြောက်လာတော့ထိုလူမှာငိုယိုပြီး လဲနေရာမှတောင်ထကာJuyeonကိုလက်အုပ်လေးချီကာတောင်းပန်ရှာပါတော့သည်။
"ကျွန်တော်တောင်းပန်ပါတယ်ဗျာ....ကျွန်တော့်သားလေးကိုတော့ဘာမှမလုပ်ပါနဲ့ဗျာ...ကျွန်တော့်မှာသားလေးတစ်ယောက်ပဲရှိတာပါ ကျွန်တော်တစ်ကယ်တောင်းပန်ပါတယ် အဲ့....အဲ့...တုန်းကလည်း ကလေးကိုခနခေါ်ထားပေးမင်းတစ်ဘဝလုံးစာတာဝန်ယူပေးမယ်ဆိုလို့သာလုပ်ဖြစ်ခဲ့တာပါ ပြီးတော့...အရင်နှစ်တွေက ကျွန်တော့်သားလေးမွေးတော့ မွေးစရိတ်ပါအကုန်ထောက်ပံ့ပေးပြီး ဒီသတင်းကိုဘယ်သူမှမပြောဖို့ပြောခဲ့တာမလို့ပါ ကျွန်တော်တစ်ကယ်တောင်းပန်ပါတယ်ဗျာ"
သူတောင်ထပ်မေးစရာမလိုဘဲပြောပြလာသည့်ထိုလူရဲ့စကားတွေကြောင့်Juyeonတစ်ချက်မဲ့ပြုံးပြုံးမိသည်။
"ဒါဆို.....အဲ့တုန်းကမင်းကိုကလေးခနလာအပ်တဲ့သူတွေကိုမှတ်မိတယ်ပေါ့....."
"ဟုတ်.......ဟုတ်ကဲ့"
"သူတို့နေတဲ့လိပ်စာပေး"
"ဟုတ်ကဲ့ပါ.....ဒါပေမဲ့....ကျွန်တော့်သားလေးကိုတော့မထိခိုက်အောင်လုပ်ပေးပါနော်"
"အေး....ငါအဲ့ကိစ္စတာဝန်ယူတယ်"
Juyeonကအာမခံတော့မှ
"သူတို့အခုSeoulကိုပြောင်းလာတယ်တော့ကြားတယ် ဒါပေမဲ့ဘယ်မှာနေမှန်းတော့ကျွန်တော်မသိဘူး တစ်ကယ်ပြောတာပါ အရင်ကနေခဲ့တဲ့လိပ်စာတော့သိတယ်"
"အဲ့တာကိုဒီမှာရေးပေးလိုက်"
"ဟုတ်ကဲ့"
ထိုလူလည်းရေးပေးပြီးသွားတော့Juyeonတစ်ချက်ယူကာကြည့်လိုက်မိသည်။ရင်းနှီးနေသည့်မြို့နာမည်နဲ့အတူတွေ့လိုက်ရသည့်အိမ်လိပ်စာကြောင့်Juyeonမျက်လုံးပြူးမျက်ဆံပြူးကာအလွန်အမင်းအံ့သြမိသွားသည်။
"ဒါ.....ဒါ......ငါအရင်နေခဲ့တဲ့အိမ်လိပ်စာပဲ!...."
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဒီနေ့လည်းJaehyunတစ်ယောက်Hyunjunရဲ့ညီမလေးတွေကိုစာသင်ပေးလို့နေလျက်ရှိသည်။တစ်လနီးနီးသင်ပေးခဲ့ပြီဖြစ်သောကြောင့်ကောင်မလေးနှစ်ယောက်ကလည်းတော်သည်မလို့ အခုဆိုရင်အတော်လေးပြောတတ် ဖတ်တတ်နေပြီဖြစ်ပါသည်။
ညီမလေးနှစ်ယောက်ကအခုလိုပြောရဲဆိုရဲဖြစ်လာတော့အကိုဖြစ်သူကလည်းဝမ်းသာပြီးJaehyunကိုကျေးဇူးတင်မဆုံးပါလေ။
"ဒီနေ့တော့ဒီလောက်ပဲ.....နှစ်ယောက်လုံးလည်းအများကြီးကျက်ခဲ့တာဆိုတော့ဒီလောက်နဲ့ပေးနားလိုက်တော့မယ်"
"Yay!!!! ကျေးဇူးပါ Teacherအချောလေး"
"ဘယ်နှယ့်...အချောလေးတုန်း"
"ဟုတ်တယ်လေ....ချောလို့ချောတယ်ပြောတာကို မဟုတ်လို့လား Hyunnie"
"အေးလေ......တို့Teacherကချောတာမှမှုန်.....နေတာပဲ"
နှစ်ယောက်သားကပြောတော့Jaehyunကရယ်ရင်း....
"အမလေး......Teacherမြှောက်တက်တော့မယ်....နောက်ဆိုလည်းစာအများကြီးမကျက်ခိုင်းပါဘူး ဇွတ်ကိုမြှောက်ပေးနေတော့တာပဲ"
"ဟဲဟဲ.....အာ...ဒါနဲ့လေ....Teacher Hyunnieနဲ့Hwallie သိချင်တာတစ်ခုရှိတယ်"
"အင်း...ဘာလည်းမေးလေ"
"ဟို......."
Hyunnieမှာမေးမယ်ပြောပြီးမှတွန့်ဆုတ်နေသောကြောင့်Jaehyunကပြန်အစဖော်ပေးသည်။
"မေးပါ Hyunnieရဲ့"
"ဟိုလေ.....Teacherကဒီလောက်ထိချောတာ ချစ်သူလေးဘာလေးများမရှိဘူးလားလို့"
"မရှိပါဘူး ဘာလို့လည်း"
"ဟင်...တစ်ကယ်မရှိတာလား မယုံပါဘူး တို့Teacherဒီလောက်ချောတာကို"
"Teacherတစ်ခါမှရည်းစားမထားဖူးဘူး"
Jaehyunပြောသည်ကိုညီမနှစ်ယောက်ကအံ့​သြ
သ​ည့်မျက်နှာလေးတွေဖြင့်ပြန်ကြည့်လာသည်။
"ဒါဆို.......Teacherမှာ.....အချစ်ဦးတွေဘာတွေများမရှိဘူးလား"
"အချစ်ဦး........"
Jaehyunပြောနေရင်းမျက်နှာလေးညိုးကျသွားကာတစ်ယောက်သောသူလေးဆီသို့စိတ်ကရောက်သွားပြန်သည်။
"အင်းလေ....အချစ်ဦးတို့ဘာတို့ပေါ့"
Jaehyunသည်တိုးညှင်းသောအသံလေးဖြင့်တစ်အောင့်လောက်ကြာပြီးမှ
"ရှိ.....ရှိတယ်.....ရှိဖူးတယ်....."
"ဟယ်...တစ်ကယ်လား Teacher!!! ပြောပြပါလားဟင်"
Jaehyunအစကတော့ငြင်းမလို့လုပ်နေပေမဲ့သူတစ်ယောက်ယောက်ကိုသာထပ်ပြောပြလိုက်ရင်ရင်ထဲမှာဆို့နေသည့်ခံစားချက်များလျော့သွားမလားဆိုသောစိတ်ကလေးဖြင့်အနည်းငယ်ပြောပြရန်ဆုံးဖြတ်လိုက်သည်။
"Teacher....ငယ်ငယ်တုန်းကပေါ့....အမြဲတမ်းလိုလိုအိမ်ပြောင်းနေရတယ်....ဒါပေမဲ့Incheonနားကနယ်မြို့လေးကိုပြောင်းတော့အဲ့မှာပဲTeacherမိဘတွေကနေတော့မယ်ဆိုပြီးပြောရော........​နယ်မြို့လေးဆိုတော့....ရပ်ကွက်ပန်းခြံလေးအဲ့တုန်းကရှိတယ်ကွာ.....Teacherလည်းကလေးပီပီသွားဆော့တော့....အဲ့မှာသူနဲ့စတွေ့ခဲ့တယ်"
Jaehyunပြောပြသည်ကိုညီအစ်မနှစ်ယောက်သားကစာသင်တုန်းကထက်တောင်ပိုပြီးစိတ်ဝင်တစ်စားနားထောင်နေကြလေသည်။ သို့ပေမဲ့စာသင်ခန်းထဲမှသုံးယောက်မသိသည်က အပြင်ဘက်တံခါးနားမှာလည်းတစ်ယောက်သောသူဟာချောင်းပြီးနားထောင်နေသည်ဆိုတာပင်ဖြစ်သည်။
"သူ့ကိုစတွေ့တော့ သူကတစ်ယောက်တည်းအ​ဖော်လည်းမရှိဘဲဆော့နေတာ....Teacher လည်းအတူတူဆော့ဖို့ခေါ်မယ်လုပ်တော့သူကထွက်သွားတယ်....အဲ့တာနောက်နေ့သိလိုက်ရတာကသူကTeacherတို့နဲ့အိမ်နီနားချင်းဖြစ်နေတာ"
"ဝါးးး ကံကြမ္မာကလည်းဆုံစည်းပေးတတ်လိုက်တာရော်..."
"အင်း.....အဲ့နေ့က သူ့ရဲ့အမေဆုံးသွားတော့Teacherလည်း မခင်ပေမဲ့စိတ်မကောင်းလို့ဆိုပြီးသွားနှစ်သိမ့်ပေးခဲ့တယ်....အဲ့ကနေTeacherတို့စပြီးခင်ခဲ့တာပဲ သူနဲ့အတူတူရှိတုန်းကဆိုတစ်ကယ်ပျော်ဖို့ကောင်းခဲ့တယ် ကျောင်းလည်းအတူတူသွားတယ်....နေ့လည်ပိုင်းတွေဆိုလည်းထမင်းအတူတူစားတယ်....အတူတူစာလုပ်ကြတယ်....နေ့ရက်တိုင်းကိုလည်းသူနဲ့ပဲအတူတူဖြတ်သန်းခဲ့တာ အထက်တန်းရောက်တဲ့အထိပဲ"
Jaehyunမှာပြောပြနေရင်းတစ်ယောက်သာသူလေးရဲ့ပုံကိုမျက်လုံးထဲမြင်ယောင်လာမိသည်။သူ့ကိုပြုံးပြလိုက်တိုင်းမှေးသွားတတ်သည့်မျက်ဝန်းလေးကအစသူနဲ့ပတ်သတ်သမျှအရာအားလုံးကိုတစ်ဖန်ထပ်မံလွမ်းဆွတ်လာရပြန်သည်။
"သူအိပ်မပျော်တဲ့ညတွေဆို Teacherဆီလာလာအိပ်တတ်တယ်....အဲ့ကျရင်Teacherရင်ခွင်ထဲမှာသူအိပ်လေ့ရှိသလို တစ်ခါတစ်လေကျရင်လည်းသူ့ရင်ခွင်ထဲမှာTeacherအိပ်လေ့ရှိတယ် Teacherကြောက်နေရင်တောင်မှသူကအမြဲတမ်းအနားမှာရှိနေပေးခဲ့တယ်"
"How....romantic.......အခုကောအဲ့သူနဲ့Teacherအတူတူရှိသေးတယ်မလားဟင်"
Jaehyunဖြေဖို့ရန်တုံ့ဆိုင်းနေမိသည်။မျက်ဝန်းတွေထဲမှာလည်းမျက်ရည်အရောင်လေးတွေလဲ့နေပြီးတုန်ရီနေသည့်နှုတ်ခမ်းပါးကိုလည်းတင်းတင်းစေ့ကာအားကိုပြန်ယူမိသည်။
"ဟင့်အင်း.......မရှိဘူး.....Teacherအနားမှာသူမရှိတော့ဘူး"
"ဟယ်......ဘယ်လိုဖြစ်ပြီးတော့လည်းTeacherရယ်...."
"Teacherအနားကနေသူထွက်မသွားပါဘူးလို့သူကတိပေးဖူးတယ်.....ဒါပေမဲ့ကတိမတည်ခဲ့ဘူး"
"ဟာ....ဘယ်လိုလူလည်း...ငါတို့Teacherလိုစိတ်ထားကောင်းပြီးနူးညံ့တဲ့လူတစ်ယောက်ကိုသူပိုင်ဆိုင်ရမှာကိုဘာလို့ထားခဲ့တာတုန်း ဒေါသထွက်လိုက်တာ!!!!"
Hwallieမှာပြောလာတော့Jaehyunကအပြုံးလေးတစ်ခုတပ်ဆင်ရင်း
"သူလည်း...သူ့အကြောင်းနဲ့သူပေါ့ Hwallieရယ်....ကဲ....တော်ပြီ...ဆက်မပြောတော့ဘူး.....အချိန်လည်းကျော်နေပြီဆိုတော့Teacherပြန်တော့မယ်နော်"
"ဟုတ်ကဲ့ပါ Teacher"
ညီအစ်မနှစ်ယောက်မှာနှုတ်ဆက်ပြီးတော့သူတို့Teacherအတွက်လည်းစိတ်မကောင်းချေ။ ပြောနေရင်းတစ်ချက်တစ်ချက်မသိမသာတုန်တသွားသည့်အသံရယ် မျက်ဝန်းအိမ်ထဲမှာပြည့်နေသည့်မျက်ရည်တို့ရယ်ကိုလည်းသတိထားမိသွားတာကြောင့်သူတို့Teacherဘယ်လောက်ထိပင်ပန်းနေမလည်းဆိုတာခံစားမိပါသည်လေ။
........................
ဆောင်းရာသီဖြစ်တာမလို့ညနေခင်း6နာရီဟာမှောင်ရိပ်သမ်းသည့်အချိန်သို့ကျရောက်နေပါသည်။ လမ်းမကြီးရဲ့ဘေးမှာသွားနေကြသည့်လူအများဟာလည်းအနွေးထည်လေးတွေကိုယ်စီဖြင့်ခပ်သုတ်သုတ်သွားလာနေကြသည်။
အဖြူရောင်Sweaterလေးကိုဝတ်ဆင်ထားသည့်ကောင်လေးတစ်ယောက်။ဆံနွယ်နီညိုတို့ဟာတိုက်ခတ်လာသည့်လေညင်းလေးများကြောင့်ဘယ်ညာယိမ်းနွဲ့လို့နေသည်။ အေးစက်နေသည့်လေညင်းများရဲ့ဒဏ်ကိုအံတုရင်းလျှောက်နေသောလျှောက်လှမ်းတွေဟာမတည်ငြိမ်ချင်တော့။
အတွေးများဟာလည်းလမ်းမပေါ်အစီရီသွားနေကြသည့်ကားတွေထက်တောင်ရှုပ်နေသည်မလို့မျက်လုံးလေးခနမှိတ်ကာနေမိသည်။ သို့ပေမဲ့ရရှိလာသည်ကပါးပြင်ထက်မှမျက်ရည်စီးကြောင်းလေးရဲ့စိုစွတ်မှုသာဖြစ်သည်။
ဆောင်းလေရဲ့တိုက်ခတ်မှုကြောင့်မျက်ရည်စက်တို့ဟာချက်ချင်းခြောက်သွေ့သွားပေမဲ့ရင်ထဲမှနာကျင်မှုလေးကိုတော့မခြောက်သွေ့နိုင်ခဲ့ပါလေ။
ကဗျာစာပိုဒ်လေးရဲ့စာမျက်နှာတွေဟာလှပအောင်သီကုံးပေးမည့်သူမရှိတော့တစ်စတစ်စညှိုးနွမ်းလာတော့သည်လား။ နောက်ထပ်ဒီကဗျာစာပိုဒ်လေးကိုသီကုံးပေးမည့်သူမရှိတော့လျှင်အလှတရားတွေဟာမည်သူမျှတောင်မသိလိုက်ဘဲပျက်သုဥ်းသွားရတော့မည်လား။
ထပ်မံကျဆင်းလာတော့မည့်မျက်ရည်များကိုနှာခေါင်းလေးရှုံ့ကာပြန်သွင်းရင်းလက်ခုံလေးဖြင့်လည်းပွတ်သုတ်ကာဖယ်ရှားလိုက်သည်။သူငိုလို့မှမဖြစ်ဘဲ။ သူငိုရင်ပင်ပန်းရဦးမည်။ နှစ်သိမ့်ပေးမည့်သူမရှိတာမလို့ငိုမိရင်လည်းကိုယ့်ဟာကိုပြန်နှစ်သိမ့်ပေးရမှာအထီးကျန်လှပါသည်။
ခံစားချက်တွေကိုခနအဝေးမှာထားလိုက်တော့မှရာသီဥတုအေးနေသည်ကိုသတိထားမိသည်။အေးစက်စွာတိုက်ခတ်လာသည့်လေတွေဟာတစ်ဖြေးဖြေးပိုမိုပြီးအေးလာသလိုလို။
ဒါကြောင့်လက်လေးနှစ်ဖက်ကိုယှက်ကာလက်မောင်းကိုကိုင်ရင်းအအေးဒဏ်ကိုရအောင်အံတုလိုက်ပါဦးမည်လေ။
သို့ပေမဲ့ရုတ်တစ်ရက်ဆန်စွာအနောက်ကနေရောက်လာသည့်နွေးထွေးမှုလေးတစ်ခု။ပခုံးထက်မှ နောက်ကျောဘက်တစ်ခုလုံးထိတွေ့ခံစားမိလိုက်ရသည့်နွေးထွေးမှုလေးတစ်ခု။
လျှောက်နေသည့်ခြေလှမ်းများတုံ့ဆိုင်းသွားပြီးခန္ဓာကိုယ်ဟာလည်းအနည်းငယ်ကျုံ့သွားမိသည်။
"ဘယ်...ဘယ်သူလည်း"
မေးလည်းမေး...လှည့်ကြည့်မိလိုက်တော့.....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
လှည့်ကြည့်မိလိုက်တဲ့အချိန်မှာတော့သူ့အားပြုံးပြကာနေသည့်Hyunjun။
"ဒီလောက်ထိအပြင်မှာအေးနေတာကိုSweaterလေးတစ်ထည်နဲ့ဘယ်လိုနေန်ိုင်ရတာလည်း"
ပြောလည်းပြောရင်းစောနကသူခြုံပေးလာတဲ့Long coatကိုသေချာဝတ်ပေးနေသည်။
"အော်....ဟို.....ဒီအတိုင်း....အိမ်ပြန်တော့မှာဆိုတော့....မဝတ်လာမိတာ...."
"အဲ့လိုဆိုပေမဲ့လည်းရာသီဥတုကအေးနေတယ်လေ Hyungရယ်....မတော်လို့အအေးမိသွားရင်Hyungဘယ်လိုလုပ်မှာလည်း"
"ရပါတယ်......"
Long coatကိုသေသေချာချာကြယ်သီးလေးပါအပေါ်ဆုံးထိတပ်ပေးပြီးဦးထုပ်လေးပါဆောင်းပေးလိုက်တော့ဝက်ဝံပေါက်လေးနဲ့တူသွားသည့်ကောင်လေးအားHyunjunအသည်းတစ်ယားယားသာဖြစ်နေရပါတော့သည်။
"အိုက်ဂူး....ချစ်ဖို့ကောင်းလိုက်တာ"
မနေန်ိုင်မထိိုင်နိုင်ပါးစပ်ကပြောထွက်သွားပြီးနီတာရဲလေးဖြစ်နေသည့်နှာတံလေးကိုထိကာပြောမိတော့Jaehyunကအနောက်ကိုတစ်လှမ်းဆုတ်ကာ
"အဲ့လို....မလုပ်နဲ့ Junnie"
"ဘာလည်း....Hyungရဲ့အချစ်ဦးလေးလုပ်တာမဟုတ်လို့လား"
ပြုံးပြုံးကြီးဖြင့်မေးလာသည့်Hyunjunစကားကြောင့်Jaehyunမှာတစ်ချက်ကြည့်လိုက်ကာ
"Junnie.....ကြားသွားတာလား"
"အင်းလေ.....တံခါးကဖွင့်ထားတော့ ကျွန်တော်လည်းကြားမိသွားတာ"
မုသားမပါ လင်္ကါမချောဆိုသလိုHyunjunတစ်ယောက်တော့စိတ်ကောက်ခံရမှာစိုးသဖြင့်သူလိမ်လိုက်မိပါသည်။
"Hyung......ကျွန်တော်နဲ့မုန့်သွားစားရအောင် လာလိုက်ခဲ့!!!"
ရုတ်တစ်ရက်ကြီးမုန့်သွားစားမယ်ဟုပြောကာခွင့်လည်းမတောင်းပါဘဲJaehyunလက်ကိုဆွဲပြီးမုန့်ဆိုင်တွေရှိတဲ့ဘက်ကိုပြေးနေသည့်Hyunjunရဲ့နောက်သို့Jaehyunတစ်ယောက်ပါသွားပြန်သည်။
"အန်တီ!! ကျွန်တော့်ကိုငါးပေါင်မုန့်နှစ်ခုပေးပါ"
"ဟုတ်ကဲ့....ဒီမှာပါရှင့်....အခုလေးတင်မှလုပ်ထားတာပူပူလေး"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
Hyunjunမှာဆိုင်ရှင်အန်တီကြီးပေးသည့်ငါးပေါင်မုန့်လေးနှစ်ခုကိုယူကာသူ့ဘေးကအညိုရောင်ဝက်ဝံပေါက်လေးကိုလည်းတစ်ခုလှမ်းပေးလိုက်သည်။
"ရော့....Hyungလည်းစား"
"ရ..ရပါတယ်..."
"မရပါနဲ့ စားဆိုစားလိုက်ပါHyungရယ် Hyungလည်းတစ်ချိန်လုံးစာသင်နေရတာပင်ပန်းနေရောပေါ့"
"အင်းပါ....."
..............
"Hyungဒါဆို...တစ်ချိန်လုံးဝမ်းနည်းနေပုံပေါက်တာသူ့ကြောင့်ပေါ့"
ငါးပေါင်မုန့်လေးစားကြရင်းခုံတန်းလေးတစ်ခုမှာထိုင်ကာနေတုန်းရုတ်တစ်ရက်ကြီးမေးချလာသည့်Hyunjunရဲ့အမေးကြောင့်Jaehyunကြောင်သွားမိသည်။
"ဟင်......Hyungက...တစ်ချိန်လုံးဝမ်းနည်းနေတဲ့ပုံပေါက်တယ်??"
"အင်း......Hyungပျော်တယ်ဆိုပြီးပြုံးနေပေမဲ့တစ်ကယ်တမ်းကျဝမ်းနည်းနေတယ်ဆိုတာကိုHyungမျက်ဝန်းတွေထဲကနေတစ်ဆင့် ကျွန်တော်မြင်နေရတယ်လေ"
Hyunjunပြောလိုက်တော့Jaehyunမှာပြန်ဖြေဖို့ရန်တောင်တွန့်ဆုတ်သွားမိပါသည်။ဒါကြောင့်မျက်နှာကိုလွှဲလိုက်မိပြီးအကြောင်းမဲ့စွာအောက်ကိုပဲကြည့်နေလိုက်မိသည်။
"Hyung......သူ့ကိုလွမ်းတယ်"
တော်တော်ကြာမှငိုသံလေးဖြင့်ပြောလာသည့်Jaehyunရဲ့စကားလေးတစ်ခွန်းဟာဘေးမှာထိုင်နေသူHyunjunအတွက်တော့တစ်ချက်တည်းနဲ့တင်နာကျင်သွားမိပါသည်။ ချစ်နေရသူကတစ်ခြားသူကိုလွမ်းနေတယ်တဲ့လေ။
"သူ့ကိုHyungတော်တော်ချစ်ခဲ့တဲ့ပုံပဲ"
"ချစ်ခဲ့တာကိုမဟုတ်ဘူး....ခုထိချစ်နေမိတုန်းပဲ....အရင်ကလည်းချစ်ခဲ့သလိုမျိုးခုထိလည်းချစ်နေမိသေးတာ"
အော်.....သူချစ်ရသူကနောက်တစ်ယောက်ကိုချစ်နေမိတုန်းတဲ့လား။
"သူလည်းHyungကိုချစ်တယ်လို့ပြောဖူးလား"
"ဟင့်အင်း...တစ်ခါမှစကားနဲ့တော့ထုတ်မပြောဖူးဘူး စာနဲ့တော့ရေးပေးဖူးတယ်"
"ဒါဆိုHyungတို့ကချစ်သူတွေဖြစ်ခဲ့ကြတာပေါ့"
"အဲ့လိုလည်းပြောလို့မရဘူး နှစ်ယောက်ကချစ်တော့ချစ်ခဲ့ကြတယ်.....ဒါပေမဲ့ဖွင့်မပြောရသေးတာ"
"​hyungကိုစာနဲ့ဖွင့်ပြောတယ်မဟုတ်ဘူးလား"
"အဲ့တာ သူHyungနားကထွက်မသွားခင်ချန်ထားပေးခဲ့တဲ့စာမှာရေးထားတာ"
"အော်......သူဘာလို့Hyungနားကထွက်သွားတာလည်းကော သိလား"
Jaehyunကခေါင်းအသာခါပြရင်း
"ဟင့်အင်း.....ဘာကြောင့်လည်းဆိုတာမပြောသွားဘူး....ဒီအတိုင်းပဲသူသွားစရာရှိတယ်ဆိုပြီးထွက်သွားတာ"
"Hyungခံရခက်နေခဲ့မှာပဲနော်"
Jaehyunမျက်ရည်ကျလုနီးဖြစ်နေပေမဲ့အတတ်နိုင်ဆုံးပြုံးကာHyunjunကိုကြည့်လိုက်ရင်း
"Hyung နာကျင်မှုနဲ့အသားကျနေခဲ့ပါပြီ"
ဆိုကာထိန်းထားသည့်ကြားမှကျဆင်းလာသည့်မျက်ရည်စက်လေးတစ်ပေါက်။
ချစ်ရသူဟာငိုတော့Hyunjunရင်ဘတ်ထဲမီးပွက်ပွက်ဆူနေသည့်နှယ်စိုးရိမ်မိပြီးJaehyunရဲ့ပါးပြင်လေးကိုတစ်ယုတစ်ဆုပ်ကိုင်ကာမျက်ရည်စက်လေးတွေကိုဖယ်ရှာပေးမိသည်။
သို့ပေမဲ့သူမခံစားနိုင်တော့ပါလေ။ချစ်ရသူဝမ်းနည်းနေတာမြင်တော့သူနှစ်သိမ့်ပေးချင်မိသည်။ဒါကြောင့်အနားကိုတိုးထိုင်ကာခါးလေးကိုလည်းဆွဲယူပွေ့လိုက်ရင်းသူ့ရင်ခွင်ထဲသို့ငိုနေသည့်ဝက်ဝံကောင်လေးအားထည့်ထားမိပါသည်။
"ငိုချလိုက်ပါ Hyung......အပင်ပန်းမခံပါနဲ့တော့....Hyungစိတ်ထဲပေါ့သွားန်ိုင်လောက်တဲ့အထိကိုငိုချလိုက်ပါ ကျွန်တော်တစ်ယောက်လုံးနှစ်သိမ့်ပေးမှာမလို့ Hyungငိုချင်ရင်ငိုချလိုက်ပါတော့"
Hyunjunစကားဆုံးသည်နှင့်သူ့ရင်ခွင်ထဲမှဝက်ဝံပေါက်လေးဟာရင်ဘတ်ကအင်္ကျီစလေးကိုဆွဲယူရင်တစ်အီအီနဲ့ငိုချပါတော့သည်။
ငိုနေရင်းမှလည်း
"Junnie.......Hyungအရမ်းပင်ပန်းတယ်.....တစ်ခါတစ်ခါသူ့ကိုလွမ်းရတာHyungအရမ်းပင်ပန်းတာပဲ နာလည်းနာကျင်ရတယ် သူကပြောတယ်.....Hyungနားကနေဘယ်တော့မှထွက်မသွားပါဘူးဆိုပြီးကတိပေးခဲ့တာ ဒါပေမဲ့......သူ........အဲ့Juyeonက........."
စကားတောင်ဆက်မပြောနိုင်ရှာတော့ဘဲစိတ်ကိုလွှတ်ချကာငိုနေသည့်ရင်ခွင်ထဲကကောင်လေးကိုHyunjunမှအသာလေးပုတ်ကာနှစ်သိမ့်ပေးရင်းပါးစပ်မှလည်း
"ဟုတ်ပ.....ကျွန်တော့်Hyungအရမ်းပင်ပန်းနေခဲ့မှာကို.....အဲ့ကောင်လူဆိုးပဲ....."
Hyunjunရဲ့စကားသံသာလည်းအနည်းငယ်တော့တုန်ရီနေခဲ့ပါသည်။
"ဒါပေမဲ့လေ......Hyungသူ့ကိုမုန်းချင်တာတောင်မုန်းမရဘူး ငါ့ကိုကတိမတည်ဘဲထားခဲ့တဲ့အကောင်ဆိုပြီးပစ်ပစ်ခါခါမုန်းလိုက်ချင်ပေမဲ့လေ.......Hyungဘယ်လိုမှမုန်းမရတော့ဘူး ချစ်ပြီးရင်းချစ်နေမိတယ် Junnieရယ်...."
Juyeonက ကတိမတည်ဘဲထားခဲ့လို့ဆိုပြီးနာကျင်စွာငိုနေတဲ့Jaehyunတစ်ယောက်ကတော့သူဝင်နေမိတဲ့ရင်ခွင်ပိုင်ရှင်ဟာလည်းသူပြော​ေနသည့်စကားတွေကြောင့်ရင်ဘတ်ကြီးစုတ်​​မတတ်နာကျင်နေရတယ်ဆိုတာကိုရော....မြင်နိုင်ပါဦးမလား။
အတော်ကြာအောင်ငိုပြီးသွားတော့မှတစ်ရှုံ့ရှုံ့သာဖြစ်ပြီးကိုယ်လေးတုန်တက်သွားသည့်Jaehyunကိုရင်ခွင်ထဲမှခနထုတ်လိုက်တော့ ငိုထားတာမျက်နှာတစ်ခုလုံးမျက်ရည်တွေလည်းရွှဲလို့နေသည်။ ရာသီဥတုကအေးတော့နှာတံလေးတွေဟာလည်းနီရဲလျက်။နှာတံပေါ်ကဆွဲဆောင်မှုရှိသည့်မှဲ့နက်လေးကတော့ထင်းလို့ပေါ့။
"Junnieကိုအားနာစရာတွေဖြစ်ကုန်ပြီ.....တောင်းပန်ပါတယ်...."
ဘာမှလည်းအမှားမလုပ်ထားပါဘဲနဲ့ပင်ပန်းလို့ငိုသည့်သူကလာတောင်းပန်တော့HyunjunကJaehyunလက်ကလေးကိုခပ်ဖွဖွလေးဆုပ်ကိုင်လိုက်ကာ
"ရပါတယ် Hyungရဲ့.....ကျွန်တော့်ကိုအားနာဖို့လည်းမလိုဘူး တောင်းပန်ဖို့လည်းမလိုဘူး အခုချိန်ကစပြီးHyungအနားမှာကျွန်တော်ရှိနေပေးမှာမလို့ Hyungဘာမှအားငယ်နေစရာမလိုတော့ဘူးနော်......ကျွန်တော့်ကိုအားကိုးလို့ရတယ်"
ပင်ပန်းခက်ခဲနေချိန်မှာအခုလိုမျိုးသူ့အတွက်ရှိနေပေးပါ့မယ်ဆိုသောအားပေးစကားပြော
သည့်HyunjunအားJaehyunတစ်ကယ်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါသည်။
သူလိုအပ်နေခဲ့သည်မလား။ တစ်စုံတစ်ယောက်ရဲ့နွေးထွေးမှု ဂရုစိုက်မှုလေးကိုသူလိုအပ်နေခဲ့သည်လေ။
__________________________________________
Thanks for reading🌸
Zawgyi
"Sh*t!!!!"
လှောင်သလို ခနဲ့သလိုစကားတစ်ခွန်းအားဆိုလာသည့်သူအားကြောက်လန့်မိသောကြောင့်လဲနေရာမှတောင်ကုန်းရုန်းပြီးမထနိုင်သေးချေ။
Bạn đang đọc truyện trên: Truyen2U.Net