Chapter 33

Màu nền
Font chữ
Font size
Chiều cao dòng

{မြတ်နိုးရတဲ့နှုတ်ခမ်းပါးလေးကနေထွက်လာသည့်စကားက မုန်းတယ် တဲ့လား}

"သွေးစစ်ဆေးချက်အဖြေထွက်လာပါပြီ Hyunjun Hur shi"

"ဟုတ်ကဲ့ အဲ့တာJaehyun Hyungရဲ့သွေးမဟုတ်ဘူးမလား!!"

"မဟုတ်ပါဘူး Lee Jaehyun အဖေဖြစ်သူရဲ့သွေးပါ ဒါပေမဲ့ထွက်တဲ့သွေးပမာဏကအနည်းငယ်ပဲမလို့ ကြည့်ရတာ အထိုးခံရလို့ထွက်လာတဲ့သွေးစလောက်ပါပဲ သေစေနိုင်တဲ့ပမာဏမဟုတ်ပါဘူး"

"ဟူး.....တော်ပါသေးတယ်....ဒါဆိုသူတို့ဘယ်လိုကနေဘယ်လိုဖြစ်ပြီးအခုလိုပျောက်ဆုံးနေရလည်းဆိုတာရော..."

"အဲ့တာကတော့ ကျွန်တော်တို့တစ်ချက်စုံစမ်းပေးပါ့မယ်....အခုလောလောဆယ်တော့Lee Jaehyunတို့မိသားစုကပျောက်ဆုံးနေဆဲဖြစ်တာရယ် ဘာအစနမှမကျန်ခဲ့တာကြောင့်ကျွန်တော်တို့လည်းကောက်ချက်ချဖို့အရမ်းစောနေသေးလို့ပါ"

"ဟုတ်ကဲ့ပါ ဒါဆိုအတတ်န်ိုင်ဆုံးကြိုးစားပြီးရှာပေးပါလို့တောင်းဆိုချင်ပါတယ် ရဲမှူးကြီး"

"ဟုတ်ကဲ့ပါဗျာ....ကျွန်တော်တို့ဖက်ကအတတ်နိုင်ဆုံးတာဝန်ယူပေးပါ့မယ်"

သွေးစတွေကJaehyunဟာမဟုတ်လို့တစ်ထစ်တော့စိတ်ချသွားပေးမဲ့ခုချိန်ထိအစနပျောက်စွာပျောက်ဆုံးသွားတာကြောင့်လူံးဝကြီးတော့စိတ်ချလို့မရသေးချေ။

Hyunjunလည်းပြန်ထွက်ခါနီးမှတစ်ခုခုကိုသတိရသွားသောဟန်ဖြင့်

"အာ...ရဲမှုးကြီး!"

"ဟုတ်ကဲ့ပြောပါခင်ဗျ"

"ဖုန်းကနေတစ်ဆင့်ခြေရာခံလို့ရတယ်မလား"

"ဟုတ်ကဲ့ GPSဖွင့်ထားမယ်ဆိုရင်တော့ရပါတယ်"

"ဒါဆိုလေ....ကျွန်တော်အဲ့နေ့ကJaeအိမ်ကိုမသွားခင်ဖုန်းဆက်ကြည့်သေးတယ် အဲ့တာပထမတစ်ခေါက်ဝင်သွားပေမဲ့နောက်ခေါက်ကျတော့စက်ပိတ်သွားတယ်"

"ဒါဆို.....ကျွန်တော်ခန့်မှန်းမိသလောက်တော့Lee Jaehyunကိုပြန်ပေးဆွဲသွားတဲ့သူကချလိုက်နေမှာ"

ရဲမှူးကြီးပြောသောစကားကိုHyunjunကအလန့်တစ်ကြားဖြင့်

"ဗျာ!!! ပြန်ပေးဆွဲတယ်?"

"ဟုတ်ပါတယ်.....ဒါကျွန်တော်ခန့်မှန်းမိသလောက်ပြောတာပါ....ဘယ်တုန်းကမှစာသင်တဲ့နေ့တွေဆိုနေမကောင်းဖြစ်တာကလွဲလို့မပျက်ကွက်ဘူးတဲ့Lee Jaehyunက အခုလိုရုတ်တစ်ရက်ကြီးပျောက်ဆုံးသွားပြီး ဖုန်းကလည်းအခုလိုဖြစ်နေတာဆိုတော့...ကြည့်ရတာ ပြန်ပေးဆွဲခံလိုက်ရတယ်လို့ပဲမြင်ပါတယ်"

ရဲမှူးကြီးပြောသောစကားသာမှန်နေရင်Hyunjun Jaehyunကိုစိုးရိမ်စိတ်နဲ့တင်သွက်သွက်ခါအောင်ရူးသွားနိုင်လောက်ပါသည်။ ပြန်ပေးဆွဲခံရလို့Jaehyunဘယ်လောက်တောင်များဒုက္ခတွေများနေလိုက်ရမလည်း ဘယ်လောက်တောင်ကြောက်နေလောက်မလည်း....

အကူညီမဲ့စွာနေနေရတဲ့အဖြစ်ကိုတောင့်ခံနိုင်ပါ့မလား.....Hyunjunတွေးရင်းစိုးရိမ်စိတ်တို့ကထိပ်ဆုံးသို့ရောက်နေလေသည်။

"ဘာမှမဖြစ်ပါစေနဲ့ Hyungရယ်......"

.
.
.
.
.
.
.
.
.
.
.
.
.
.
.

"Jae.....တစ်နေကုန်ဘာမှမစားဘဲနေလို့တော့မရဘူးလေ.....အခုထပြီးဆန်ပြုတ်လေးသောက်လိုက်ပါJaeရဲ့....နော်"

Juyeonဘယ်လောက်ပဲဖြောင်းဖျပြီးကျွေးကျွေးအိပ်ယာထက်၌လဲနေသောJaehyunကတော့လှည့်တောင်မကြည့်ချေ။

Juyeonလည်းသက်ပြင်းတစ်ခုကိုလေးကန်စွာချလိုက်ပြီးJaehyunကိုယ်ကိုအတင်းဆွဲထူကာထစေလိုက်တော့သူ့ကိုမျက်စောင်းနဲ့ကြည့်လာသည့်Jae။

"Jaeရာ...ကိုယ့်ကိုအဲ့လိုကြီးမကြည့်ပါနဲ့လား..."

"ထွက်သွား!"

"မထွက်ဘူး.....Jaeဘာမှမစားဘဲနေနေတာကြာရင်ပိုဆိုးလိမ့်မယ် "

"ထွက်သွားလို့ပြောနေတယ်!!"

အနည်းငယ်ပိုကာတင်းမာလာသည့်Jaehyunရဲ့လေသံနဲ့ပြောလာပေမဲ့လည်းJuyeonကလက်မလျှော့သေးချေ။

ဆန်ပြုတ်ပန်းကန်လေးကိုယူကာJaehyunနားသို့ပို့ရင်း

"ဒါကုန်အောင်စားရင်ထွက်သွားပေးမယ်"

"ငါမင်းကိုထွက်သွားလို့ပြောနေတယ်လေ!!!!!!!"

"ခွမ်း!!!!!!!"

အနားသို့ရောက်လာသောဆန်ပြုတ်ပန်းကန်အားနံရံဘက်သို့အားနဲ့ပစ်ပေါက်လိုက်သည်မလို့ပန်းကန်လုံးစတွေနဲ့အတူဆန်ပြုတ်တွေဟာမြေပြင်ပေါ်သို့ပြန့်ကျဲကုန်လေသည်။

တစ်ခါမှအခုလိုမကြမ်းတမ်းဖူးသည့်Jaehyunကြောင့်Juyeonအံသြမိပါသည်။သို့ပေမဲ့လည်းအမှားလုပ်ထားသည့်လူကသူဖြစ်နေသည်မလို့စိတ်ကိုလျှော့ထားလိုက်ကာ

"ကိုယ်နောက်တစ်ပန်းကန်သွားလုပ်ပေးမယ် ခနစောင့်နော်...."

"မုန်းတယ်....."

အခန်းတံခါးနားသို့သွားနေသည့်Juyeonရဲ့ခြေလှမ်းများJaehyunရဲ့အပြောတစ်ခွန်းကြောင့်ရပ်တန့်သွားခဲ့သည်။တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့မျက်ရည်များကျနေပြီးသူ့အားစူးရဲသောအကြည့်များဖြင့်ကြည့်နေသည့်Jaehyun။

"ငါမင်းကိုသေလောက်အောင်မုန်းတယ် Lee Juyeon!!"

Juyeonရဲ့ရင်ဝကိုဆောင့်ကန်လိုက်ရင်တောင်မှသက်သာဦးမည်။ အခုလိုချစ်ရသူရဲ့နှုတ်ခမ်းပါးလေးကနေထွက်လာသည့်စကားကမုန်းတယ်တဲ့လား......။

တစ်ချိန်ကတော့သူ့ကိုအပြုံးလှလှလေးတွေပြုံးပြတတ်ခဲ့သည့်Jaeကအခုတော့စူးရဲသည့်အကြည့်များဖြင့်ကြည့်နေလေရဲ့။ မတူညီစွာဆက်ဆံခံရသည်မှာလည်းသူလုပ်ခဲ့တဲ့အရာတွေကြောင့်မလို့မခံချင်လည်းခံရပေတော့မည်။

.......................

ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသည့်ပန်းကန်ကွဲစများနှင့်ဆန်ပြုတ်များကိုသာJuyeonဆက်ရှင်းနေလိုက်သည်။ အသစ်လုပ်လာပေးခဲ့သည့်ဆန်ပြုတ်ပန်းကန်ကလည်းအိပ်ယာဘေးကစားပွဲပေါ်မှာထားပေးခဲ့သည့်အတိုင်းနေရာနည်းနည်းမှမရွေ့။

မုန်းတယ်အပြောခံထားရသည်ဖြစ်တာမလို့စိတ်တွေဟာလည်းမမှန်ချင်တော့ချေ။ ဒါကြောင့်ပန်းကန်ကွဲစတွေကိုသိမ်းနေရင်းအားနဲ့ယူလိုက်တာJuyeonလက်ကိုရှတော့သည်။

"အ!!!!"

ရုတ်တစ်ရက်ဆန်စွာဖြစ်သွားသည်မလို့စစ်ခနဲနာကျင်မှုနဲ့အတူအိပ်ယာပေါ်မှသူဟာလည်းလှုပ်ရှားလာတာကိုရိပ်မိလိုက်သည်။

"Jaeကစိတ်ပူသွားတာလား?"

မဖြစ်နိုင်ပေမဲ့လည်းစိတ်ထဲတွင်ရေရွတ်လိုက်ရင်းကုတင်ရှိရာဆီမရဲမဝံ့လှည့်ကြည့်မိတော့သူနဲ့မျက်လုံးချင်းမဆုံမိသေးခင်မှာပဲတစ်ဖက်သို့ပြန်လှည့်သွားသည့်Jae။

"စိတ်ပူပေးတာမဟုတ်လောက်ပါဘူး.."

ကိုယ့်ဘာသာကိုပဲပြန်တွေးရင်းလုပ်စရာရှိတာကိုသာလုပ်နေမိလိုက်သည်။ သူ့ကိုမုန်းတယ်ပြောထားတဲ့လူတစ်ယောက်ကဘယ်လိုလုပ်စိတ်ပူပေးမှာလည်းလေ။

သို့ပေမဲ့ တစ်ချိန်ကအရမ်းချစ်ခဲ့ကြတော့မျှော်လင့်ချက်သေးသေးလေးထားမိတာမှားလား....?

................

ပြတင်းပေါက်မှကျရောက်နေသောနေရဲ့အလင်းရောင်ကိုအကြောင်းမဲ့မှိုင်တွေစွာကြည့်နေမိသည်။ အမှန်ကအတွေးများနေခြင်းသာ။

သူ့ကိုယ်သူတောင်ဘယ်အရပ်ဒေသကိုရောက်နေလည်းမသိရချိန်မှာ....အခုလိုဘာဖြစ်လို့ဖြစ်နေမှန်းတောင်မသိရချိန်မှာ....စိတ်တွေဟာလည်းဂယောင်ခြောက်ခြားဖြစ်လို့နေသည်။

"ငါဘာလို့အဲ့စကားကိုပြောမိတာလည်း....."

အပြစ်တင်ခြင်းမမည်သည့်အပြစ်တင်ခြင်းအတွေးကိုတွေးမိလိုက်သည်။

"ငါဘာလို့ Juကိုမုန်းတယ်လို့ပြောခဲ့မိတာလည်း"

ဘယ်လောက်ပဲစိတ်အခြေနေမမှန်ပါစေ Juyeonကိုသူမမုန်းနေဘူးဆိုတာကိုတော့သူသေချာသိသည်။ သို့ပေမဲ့အရင်ကလိုအခြေနေနဲ့ပြန်တွေ့ရခြင်းမဟုတ်တာတစ်ခုတော့သူစိတ်ဆိုးမိသည်။

ဒါထက်.....သူမုန်းတယ်ဟုပြောမိတုန်းကJuyeonရဲ့မျက်ဝန်းထဲမှာချက်ချင်းတုန်လှုပ်သွားသည့်အရိပ်ယောင်ကိုသူကောင်းကောင်းမြင်လိုက်ရသည်။ လက်ကိုပန်းကန်ကွဲစရှတုန်းကလည်းသူကိုယ်တိုင်တောင်မသိလိုက်ခင်မှာJuyeonကိုစိတ်ပူ၍ထကြည့်မိသေးသည်။

ဒါပေမဲ့ Juyeonဟာသူ့မိဘတွေကိုအန္တရာယ်ပေးထားတဲ့သူတစ်ယောက်ဆိုတာတော့Jaehyunမမေ့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသေချာအောင်မေးမြန်းရမည်။

ဘယ်သိနိုင်မလည်း သူထင်ထားတာတွေကလွဲရင်လည်းလွဲနေမလားဆိုတာ။ဒါကြောင့်အကြောင်းရင်းအားသေချာမေးမြန်းရန်Jaehyunကုတင်ပေါ်မှထကာ အိပ်ခန်းတံခါးဆီသို့သွားလိုက်သည်။

ပုံမှန်ဆိုအပြင်ကသော့ခတ်ထားမှာမှန်ပေမဲ့Juyeonထွက်သွားတုန်းကသော့ခတ်သံကိုသူမကြားလိုက်ရ။ ဒါကြောင့်ရလိုရငြားတံခါးကိုခှည့်ဖွင့်ကြည့်တော့ပွင့်သွားလေသည်။

Jaehyunလည်းတံခါးကိုဖွင့်ကာအခန်းထဲမှထွက်ပြီးမြင်နေရသည့်လမ်းအတိုင်းလျှောက်လာလိုက်သည်။ သူသေချာကြည့်တော့မှ အိမ်ကလူမနေသည့်အသစ်ဖြစ်သည်ထင်ပါရဲ့။ အိမ်နံရံရဲ့ဆေးသုတ်ထားတာတွေတောင်သစ်သစ်လွင်လွင်နဲ့ရှိနေသေးသည်။

ကော်ရစ်တာတစ်လျှောက်လာလိုက်ရင်းလှေကားဆင်းဖို့ကိုတွေ့တော့သူနေနေရတာအပေါ်ထပ်မှာမှန်းလည်းရိပ်မိလိုက်သည်။

လှေကားအတိုင်းဆင်းလာလိုက်ရင်းအဆုံးနားရောက်ခါနီးကျတော့ညာဘက်ကမှန်အကာရဲ့တစ်ဖက်ခြမ်းက ထမင်းစားခန်းဖြစ်သည်ထင်ပါရဲ့။ ထမင်းစားစားပွဲနှင့်အတူထိုင်ခုံများကိုလည်းတွေ့ရသည်။

နောက်တစ်ခုထပ်တွေ့ရသည်က စားပွဲပေါ်မှာအရက်ပုလင်းတစ်လုံးကိုတွေ့လိုက်ရပြီးတစ်ဖက်ခုံမှာလည်းJuyeonကိုတွေ့လိုက်ရသည်။

အရက်ကိုရေမရောဘဲပုလင်းလိုက်မော့ချကာတစ်ဖက်ကလည်းဆေးလိပ်ကိုသောက်နေသည့်Juyeonကိုမြင်တော့Jaehyunအံ့သြမိသည်။

"အရင်ကJu မဟုတ်တော့ဘူးပဲ...."

ဘယ်လိုပဲဖြစ်ဖြစ်သူသိချင်နေသည့်ကိစ္စကရှိသေးသည်မလို့ရဲဆေးတင်ကာJuyeonရှိနေသည့်ထမင်းစားခန်းထဲကိုJaehyunသွားလိုက်သည်။

"မင်းအများကြီးပြောင်းလဲသွားတာပဲ Lee Juyeon!"

ရုတ်တစ်ရက်အနောက်မှထွက်ပေါ်လာသည့်အသံကြောင့်လှည့်ကြည့်မိတော့ထင်သည့်အတိုင်းJaeဖြစ်နေသည်။

"Jae....ဘယ်လိုထွက်လာတာလည်း"

"မင်းမေ့ပြီးသော့မခတ်ခဲ့ဘူးထင်လို့ထွက်လာလိုက်တာ အခုဒီရောက်လာတာပဲ!"

စကားပြောတာလေးကအစသူ့အပေါ်လေသံတွေတောင်မာတတ်နေပြီပဲ ဒီကောင်လေးက။ ခေါ်တာတောင်အရင်ကလိုJuဆိုပြီးအမြတ်တနိုးလေးခေါ်တာမဟုတ်တော့ဘူး။

"ထိုင်ပါဦး Jaeရဲ့ "

ပြောသည့်အတိုင်း သူ့မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်သည်။ ဒါတောင်ညင်ညင်သာသာမဟုတ်။

"ငါမင်းကိုမေးစရာရှိလို့ဆင်းလာခဲ့တာ!!"

"ဘယ်လိုဖြစ်လို့စကားပြောတာလေသံတွေကအဲ့လောက်တောင်မာနေရတာလည်းJaeရဲ့....ဟင်....ကိုယ့်ကိုအဲ့လောက်တောင်စိတ်ဆိုးနေတာလား "

အရည်လေးဝင်ထားတော့စကားပြောရတာမူမမှန်နေမှန်းJaehyunရိပ်မိပါသည်။

"Lee Juyeon!!! ငါမင်းအပေါ်ကိုညင်သာပေးနေရအောင်မင်းကကောင်းတာလုပ်ခဲ့လို့လား ဟမ်!!!"

"အင်းပါ....မေးပါJaeရယ်...."

ပြောရင်းဆိုရင်းအရက်ကမော့သောက်လိုက်သေးသည်။ Jaehyunမကြိုက်မှန်းသိလို့ဆူစေချင်နေလို့တစ်မင်များသောက်ပြနေလားမသိ။

"ငါ့မိဘတွေကိုမင်းအဲ့နေ့ညကဘာအကြောင်းရှိလို့အဲ့လိုသေနတ်နဲ့ချိန်ရတာလည်း!"

Juyeonခနတိတ်ဆိတ်သွားသည်။ နှစ်ယောက်ကြားမှာရှိနေသည့်လေထုဟာလည်းအေးစက်သွားသည်။

"အဲ့ကိစ္စကို ကိုယ်နောက်မှပြောပြပါ့မယ်Jae....အခုလောလောဆယ်အခြေနေတွေကJaeလက်ခံနိုင်လောက်တဲ့အနေထားမျိုးမှာမရှိသေးလို့"

Jaehyunဒေါသပြန်ထွက်လာပြီးJuyeonကိုအော်မိတော့သည်။

"အေး အဲ့တာကြောင့်လည်းမင်းကိုငါမေးနေတာပေါ့!!!! မင်းကိုအခုလိုမျိုးအခြေနေနဲ့ပြန်တွေ့ရတာကိုလည်းငါကလက်ခံနိုင်တယ်များထင်နေတာလား!!! မင်းငါ့ကိုထားသွားခဲ့တုန်းကငါတို့ပြန်တွေ့ရင်ဒိထက်ပိုကောင်းတဲ့အခြေနေတစ်ခုနဲ့ပြန်တွေ့ရပါစေဆိုပြီးဆုတောင်းခဲ့တာ.....အရင်ကလိုJuyeonပုံစံနဲ့ပဲပြန်တွေ့ချင်ခဲ့တာ အခုအဲ့လိုမဟုတ်ဘူး!!! အခုမင်းပုံစံကငါသိတဲ့Juyeonမဟုတ်နေဘူး!!!! "

Juyeonလက်ထဲမှအရက်ပုလင်းအားစားပွဲပေါ်သို့ချလိုက်ပြီးJaehyunမျက်နှာကိုသူစေ့စေ့ကြည့်မိလိုက်သည်။

"Jae....မျက်နှာလေးသိသိသာသာပိန်ကျသွားတာပဲ...."

"Ya!!!!! ငါပြောနေတာကိုစကားလမ်းကြောင်းမလွှဲနဲ့Lee Juyeon!!!"

Juyeonထိုင်နေရာမှရုတ်တစ်ရက်ထလိုက်ပြီးJaehyunရဲ့ရှေ့သို့သွားကာဒူးတစ်ဖက်ထောက်လျက်ထိုင်လိုက်သည်။ ပြီးတော့Jaehyunရဲ့ညာဘက်လက်ကိုအသာလေးဆွဲယူလိုက်ကာ

"မလွှဲပါဘူး Jaeရဲ့.....Jaeသိချင်နေတဲ့အကြောင်းရာတွေအကုန်လုံးကအခုချိန်မှာ ကိုယ်ကိုယ်တိုင်ကတောင်အဖြေကိုသေချာမသိသေးတာမလို့Jaeကိုမပြောပြသေးတာပါ....အချိန်တန်ပြီဆိုတာနဲ့ ကိုယ်Jaeကိုပြောပြပါ့မယ် နော်......"

သူ့ရဲ့မျက်ဝန်းတွေကိုသေချာစွာကြည့်ရင်းပြောလာသည့်JuyeonအားJaehyunကြည့်နေရာမှရုတ်တစ်ရက်မသိချင်ယောင်ဆောင်ကာမျက်နှာလွှဲလိုက်မိသည်။

ခုချိန်ထိသူJuyeonအပေါ်မှာပျော့ညံ့နေတုန်းပါလား.....အကြည့်တစ်ခုကိုတောင်မခံနိုင်လောက်သည်အထိလေ။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

.
ရက်သတ္တပတ်တစ်ခုကိုကျော်လွန်ခဲ့လေပြီ....
အခုချိန်ထိJaehyunနဲ့သူ့မိဘတွေဘယ်ကိုရောက်သွားလည်းဆိုတာအစနတောင်ရှာမတွေ့။ ရဲတွေမတော်လို့လားဆိုတော့လည်းမဟုတ်ပြန်....ဖမ်းသွားသည်ဟုကောက်ချက်ချထားသောကြောင့်အဲ့ဒီ့လူတွေကပဲတော်လွန်းနေတာလားမပြောတတ်။

Hyunjunတစ်ယောက်ရဲမှူးကြီးနဲ့ဖုန်းပြောပြီးသည်နှင့်ဆိုဖာပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချမိသည်။ တစ်ရက်လေးမတွေ့ရရင်တောင်မနေတတ်ခဲ့တာအခုများတော့တစ်ပတ်တောင်ရှိသွားခဲ့ပြီ။ သူJaehyunကိုတွေ့ချင်နေမိသည်။

Jaehyunကိုတွေ့တာနဲ့ဘယ်လိုမှရုန်းထွက်လို့မရအောင်သူ့ရင်ခွင်ထဲမှာဆွဲသွင်းထားပြီးဖက်ထားချင်မိသည်။ ပြီးတော့နောက်တစ်ခုရှိသည်က သူတောင်းပန်ချင်သေးသည်။ အဲ့နေ့ကJaehyunကိုသူအော်မိသွားတာအတွက်တောင်းပန်ချင်မိသည်လေ။

အဲ့နေ့ကအကြောင်းကိုပြန်စဥ်းစားသည်နှင့်Hyunjunဘယ်လိုမှခံစားမရလောက်အောင်ကိုနောင်တရမိသည်။ သူသာအဲ့နေ့ကစိတ်မတိုခဲ့ရင်....Jaehyunကိုမအော်ခဲ့မိရင်.....အခြေနေတွေကအခုလိုမျိုးတူညီနေပါဦးမလား။

နှဖူးပေါ်လက်တင်ရင်းချစ်ရသူကိုပြန်တွေ့ဖို့ရန်နည်းလမ်းရှာရသည်မှာလည်းခက်ခဲလှပါသည်။ ရင်ထဲအသဲထဲနင့်နေအောင်ချစ်မိသွားတော့နာကျင်မှုကိုခံစားရတာမဆန်းပါလေ။

"ကိုကို...ဘာသတင်းထူးပြီလည်းဟင်"

ညီမဖြစ်သူနှစ်ယောက်မှလာမေးတော့Hyunjunမှာပြန်ဖြေဖို့အားတောင်မရှိ။ ခေါင်းလေးအသာခါပြရသည်။

"Tr.ကိုလွမ်းတယ်.....စာမသင်ရတာတောင်တစ်ပတ်လောက်ရှိနေပြီ Tr.နဲ့စာအတူတူပြန်သင်ချင်သေးတယ်"

ညီမလေးတွေခံစားချက်ကိုလည်းHyunjunကောင်းကောင်းနားလည်ပါသည်။ သူတို့လေးတွေလည်းJaehyunနဲ့စာသင်ရင်းသံယောဇဥ်ဆိုတာဖြစ်လာပြီပဲမလား။ လွမ်းနေရှာမှာပေါ့။

"Hwallie....Hyunnie!"

Hyunjunရုတ်တစ်ရက်ခေါ်လိုက်တော့ငိုမဲ့မဲ့မျက်နှာလေးတွေနဲ့ပြန်ကြည့်လာကြသည်။

"ဘာမှစိတ်မပူနဲ့နော်....ကိုကို Jaehyun Hyungကိုအတတ်နိုင်ဆုံးကြိုးစားပြီးရှာပေးမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ......"

___________________________________________

Thanks for reading🌸

Zawgyi ver.






"ဟုတ်ကဲ့ပါ ဒါဆိုအတတ်နိုင်ဆုံးကြိုးစားပြီးရှာပေးပါလို့တောင်းဆိုချင်ပါတယ် ရဲမှူးကြီး"




"အာ...ရဲမှုးကြီး!"

"ဟုတ်ကဲ့ပြောပါခင်ဗျ"






"ဗျာ!!! ပြန်ပေးဆွဲတယ်?"





.
.
.
.
.
.
.
.
.
.
.
.
.
.
.




"ထွက်သွား!"







"ခွမ်း!!!!!!!"




"မုန်းတယ်....."





.......................



"အ!!!!"


"Jaeကစိတ်ပူသွားတာလား?"





................























"ထိုင်ပါဦး Jaeရဲ့ "






"အင်းပါ....မေးပါJaeရယ်...."











"မလွှဲပါဘူး

Bạn đang đọc truyện trên: Truyen2U.Net