Chapter 38

Màu nền
Font chữ
Font size
Chiều cao dòng

သစ်ပင်ကြီးတွေဖုံးအုပ်ထားသည့် တောတောင်မြေရဲ့ ကားလမ်းမပေါ်မှာ တစ်ရွေ့ရွေ့သွားနေသော အနက်ရောင်ကားလေးတစ်စီးထဲဝယ် သာယာကြည်နူးသည့် လေထုလေးကလွှမ်းခြုံလျက်ရှိသည်။

radioမှလွှင့်လာသော မနက်ခင်းရဲ့တေးသံသာ ဟာလည်း သာယာနာပျော်ဖွယ်ကောင်းအောင် ပျံလွင့်လျက်ရှိပြန်သည်။

ကားအတွင်းမှ ကောင်လေးနှစ်ယောက်သည်လည်း အပြုံးကိုယ်စီလေးဖြင့်တပ်ဆင်ထားကာ ချစ်မဝသည့် မျက်ဝန်းများဖြင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လျက်ရှိသည်။

လက်တစ်ဖက်မှကားစတီယာရင်ကို ကိုင်ထားရင်း တစ်ဖက်ကလည်းJaehyunရဲ့လက်ကလေးကို ဆုပ်ကိုင်ထားသည့် Juyeon။

ကိုင်ထားရင်းနဲ့မှ မနေနိုင်တော့သည့်အဆုံး ကိုင်ထားသည့်လက်ဖြူဖြူအုအုလေးအား အနမ်းတစ်ပွင့်ပေးမိသည်။

" ကားကိုသေချာကြည့်မောင်းနော် အကိုကြီးJu "

" ကိုယ်ဒီလမ်းတွေကိုသွားနေကြမလို့ ကျွမ်းပြီးသားပါ "

Jaehyunခပ်ဖွဖွလေးပြုံးလိုက်သည်။

သူတို့အခုသွားနေသည်က Jaehyunရဲ့ အဖေအရင်းဖြစ်သူ, Juyeonရဲ့ Boss, Lee Sunghyunဆီကိုပင်ဖြစ်သည်။

Jaehyunအနည်းငယ်တော့ စိတ်လှုပ်ရှားမိပါသည်။ သူ့ရဲ့တစ်ခါမှမမြင်ဖူးသည့် အဖေအရင်းဖြစ်သူအား တွေ့ရမည်ဆိုတော့ ရင်လည်းခုန်မိသလို စိတ်လည်းကဏာမငြိမ်ဖြစ်မိသည်။

သူ့အဖေအရင်းကိုတွေ့ရင် သူရင်းနှီးနေပါ့မလားဆိုသည့် စိုးရိမ်စိတ်ဟာလည်းရှိနေသေးပြန်သည်။

နာရီပိုင်းလောက်ကြာအောင် မောင်းပြီးသွားတဲ့နောက်မှာတော့ Jaehyunအဖေရဲ့ စံအိမ်ဆီသို့ရောက်လာခဲ့တော့သည်။

မလာခင်ကတည်းက Juyeon ဖုန်းကြိုဆက်ထားသည်မလို့ ခြံတံခါးဟာလည်းအသင့်ဖွင့်ထားပြီးဖြစ်သည်။

" Jae...ဘာမှမဖြစ်နဲ့နော် ဒါJaeဖေဖေအရင်းကိုတွေ့ရမှာ "

ကားပေါ်မှမဆင်းခင် Juyeonမှ Jaehyunစိုးရိမ်စိတ်တွေသိနေသည့်အလား နှစ်သိမ့်စကားပြောပေးလာသည်။

" တစ်ခုမေးမလို့ Ju "

"အင်း...."

"Jaeတို့နှစ်ယောက်ရဲ့ ပတ်သက်တာကို Jaeအဖေအရင်းက သိလား "

"ဟင့်အင်း ကိုယ် ဒီအတိုင်းငယ်သူငယ်ချင်းတွေလို့ပဲ ပြောထားတာ နောက်မှဖြေးဖြေးချင်းပြောပြလည်းရတယ်လေ နော် "

"ကောင်းပါပြီ ဒါဆိုလည်း "

အိမ်ထဲကို စဝင်သည်နှင့် Jaehyun စိတ်လှုပ်ရှားမိသည်မှာအမှန်ပင်။ အိမ်ရဲ့ဆင်ဝင်ရှေ့ကိုဖြတ်ပြီး ဧည့်ခန်းထဲကိုရောက်တော့ လက်နောက်ပစ်ကာ သူတို့ကိုကျောပေးပြီးရပ်နေသည့် လူတစ်ယောက်ကိုတွေ့လေသည်။

" Boss Jaehyunရောက်ပါပြီ "

Juyeonမှအသံပေးလိုက်တော့ ထိုရပ်နေသည့်လူမှ လှည့်ကြည့်လာသည်။ အရပ်အမောင်းအားဖြင့်ရှည်ပြီး ခန္ဓာကိုယ်လည်းတောင့်ဖြောင့်ကာ မျက်မှန်အောက်မှ တည်ငြိမ်သည့်မျက်ဝန်းများနှင့်အတူ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းပါးရဲ့တထာင့်စွန်းတွေဟာ ကွေးညွတ်တတ်သွားလေသည်။ ထို့နောက် Sunghyunမှ ခေါ်လာသည့် နာမ်စားလေးတစ်ခု။

"သား...... "

JaehyunကိုSunghyunထံမှ သား ဟုခေါ်လာတော့ ကြားလိုက်ရသည့် Jaehyun အဖို့ မစိမ်းနေပါပဲ တစ်နေရာရာမှာ တစ်ချိန်ကကြားဖူးခဲ့သည်ဟုခံစားမိသည်။ သူ့ရှေ့ကအဖေအရင်းဆိုသူကိုလည်း သူထပ်ပြီးစိတ်မလှုပ်ရှားတော့ပေ။

သွေးကစကားပြောတယ်ဆိုတာ တစ်ကယ်ပါလား။

" ဖေဖေလား....တစ်ကယ်ပဲ ကျွန်တော့ဖေဖေလား "

"ဟုတ်တယ်လေ သားရဲ့ Jaehyunရဲ့အဖေအရင်းပါပဲ"

ဆိုကာပြောပြီး Jaehyunကိုလက်ဆန့်ပေးလာတော့ သားဖြစ်သူJaehyunက သူ့အဖေရင်ခွင်ထဲသို့ပြေးဝင်သွားကာ ဖက်လိုက်တော့သည်။

" ငါ့သားကို အဖေက လွမ်းနေခဲ့တာ သားလေးပျောက်သွားတုန်းကဆို ဖေဖေမယ့်ရင်ကွဲမတတ်ပါပဲ ငါ့သားရယ် "

ဆိုကာအသံတွေတုန်လာသည့်Lee Sunghyun။

အချိန်တစ်ခုကြာတဲ့အထိ သားအဖနှစ်ယောက်ရဲ့ပြန်လည်တွေ့ဆုံမှု ပြီးသွားတော့ ပွေ့ဖက်ခြင်းကို ရပ်တန့်လိုက်ကြသည်။

"ငါ့သားက ဘာလို့ငိုနေတာတုန်း Jaehyunလေးရဲ့ မငိုရဘူးလေကွယ် "

သူ့သားကိုသာမငိုရန်ပြောနေသည့်ဖခင်ဖြစ်သူရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေ တွဲခိုနေပါသေးသည်။

သားအဖနှစ်ယောက်အား အနားကနေကြည့်နေပြီး ပီတိဖြစ်နေသူမှာတော့ Juyeonပင်ဖြစ်သည်။ ပီတိဖြစ်ရုံမက စိတ်ထဲလည်းကြည်နူးမိပါသည်။ တစ်ဖက်ကသူတစ်ဘဝလုံးစာရင်းပြီးချစ်ရသည့်လူသား။ တစ်ဖက်ကသူ့ရဲ့ဒုတိယအဖေလိုဖြစ်နေသည့်မိသားစုဝင်လိုလူသား။

ဤလူသားနှစ်ယောက်ကသူ့အတွက်တော့ အဘယ်အရာနှင့်မျှတန်ဖိုးဖြတ်လို့ပင်မရလောက်ပါပေသည်လေ။

Sunghyunရဲ့ စံအိမ်ရှိ အိပ်ခန်းထဲတွင်ဖြစ်သည်။ Jaehyunနှင့်အတူ JuyeonကပါSunghyunနဲ့ရှိနေလေသည်။

" သားမေမေပုံကိုမြင်ဖူးချင်လား "

"ဟုတ် မြင်ဖူးချင်တယ် ​ဖေဖေ"

အမှန်တိုင်းပြောရလျှင် Jaehyunအမေဖြစ်သူပုံကို Juyeonလည်းမြင်ဖူးချင်သည်။ သူတစ်လျှောက်လုံးရှိနေစဥ်အတွင်း Sunghyunက တစ်ခါမှပြောလည်းမပြောပြဖူးသလို ပုံတောင်မပြခဲ့ပါ။

ခနလောက်ကြာတော့ လက်ထဲမှာအရွယ်အစားအနည်းငယ်ကြီးသည့် ဓာတ်ပုံတစ်ခုကို Sunghyunမှယူလာသည်။

အပေါ်မှာတစ်ထပ်အုပ်ထားသော အဝတ်စအဖြူကိုဖယ်လိုက်သည့်အခါ ဓာတ်ပုံထဲတွင် ပန်းဆီရောင်ဂါဝန်လေးကိုဝတ်ဆင်ထားကာ ပါးလွှာလှသောနှုတ်ခမ်းပါးလေးနှစ်ဖက်မှ ပြုံးကာရှိနေသည့် ကျက်သရေရှိလှပါသော အမျိုးသမီးတစ်ယောက်ရဲ့ပုံကိုတွေ့လိုက်ရသည်။

ဓာတ်ပုံထဲဖြစ်နေပေမဲ့ ကြယ်ရောင်ပမာတောက်ပနေသည့်မျက်ဝန်းလေးနှစ်စုံရယ် ပါးလွှာသည့်နှုတ်ခမ်းပါးလေးရယ် နှာတံပေါ်မှာတည်ရှိနေသည့် မှဲ့နက်ကလေးရယ် ကျော့ရှင်းနေသည့်လည်တိုင်လေးရယ်က အစ Jaehyunနှင့်တစ်ထေရာတည်းပင်။

ပုံတူကူးထားသလားအောက်မေ့ရလောက်တဲ့အထိ Jaehyunဟာ သူ့ရဲ့အမေဖြစ်သူနဲ့ အလွန်ပင်တူလှပါသည်။

" ဒါ.....ကျွန်တော့်မေမေလား "

" ဟုတ်တယ်.."

ငြိမ်သက်စွာကြည့်နေသည့် တစ်ဖက်မှ Juyeonကတောင်

" Jaehyunက သူ့မေမေနဲ့ပိုတူတာပဲနော် "

"အင်း...မှဲ့လေးပါတဲ့နေရာကအစတစ်ပုံစံတည်း ငါ့သားက အခုလိုချောချောလေးဖြစ်နေတာ မင်းအမေနဲ့တူလို့လေ ဖေဖေနဲ့သာတူကြည့်ပါလား မင်းရုပ်ဆိုးလိမ့်မယ် "

သူ့ဟာသူပြောပြီးသဘောတစ်ကျရယ်နေသည့် Sunghyun။

" မဟုတ်တာ အဖေကလည်း ဒါပေမဲ့ အမှန်တိုင်းဝန်ခံရရင် မေမေကတစ်ကယ့်ကိုလှပြီးကျက်သရေရှိတဲ့အမျိုးသမီးတစ်ယောက်ပဲ ပုံကနေကြည့်တာတောင် မေမေကစိတ်သဘောထားပြည့်ဝပြီး ကြင်နာတတ်တဲ့သူမျိုးဆိုတာ သတိထားမိတယ် "

"ဟုတ်တာပေါ့ သားရဲ့ မင်းအမေကစိတ်ရင်းစေတနာအရမ်းကောင်းတာ မင်းအမေကိုဖေဖေသဘောကျရတဲ့ထဲမှာ အဲ့အချက်လည်းပါတာပေါ့ကွယ် "

Sunghyunမှ သူ့မိန်းမဖြစ်သူအကြောင်းကိုပြောပြရင်း လွမ်းလာသည်ထင်ပါရဲ့။ မျက်ဝန်းထဲတွင် ဝမ်းနည်းသည့်အရိပ်ယောင်များ ဖြစ်ပေါ်လာသည်။ ဤသည်ကို Juyeonနှင့် Jaehyun သတိထားမိတော့ Juyeonကနေပြီး စကားလမ်းကြောင်းလွဲလိုက်သည်။

" ဟို....ဒါဆို ကျွန်တော်တို့ နေ့လည်စာစားကြမလား 12လည်းကျော်ပြီဆိုတော့လေ "

"အင်း ကောင်းပြီလေ "

အခြေနေတွေအရ ဆိုင်တွေဘာတွေမှာ ထွက်စားလို့မရသည်မလို့ အိမ်မှာပဲ စားဖိုမှူးငှားကာ ချက်ခိုင်းရပါသည်။ Sunghyunက Juyeonဆီမှ မေးထားပြီး Jaehyunကြိုက်တတ်သည့်ဟင်းများအား ချက်ခိုင်းထားလေသည်။

သို့နှင့်သူတို့၏ နေ့လည်စာထမင်းဝိုင်းလေးဟာ မိသားစုဝင်အပြည့်အဝ မစုံလင်တော့ပေမဲ့ ကြည်နူးဖို့ကောင်းသည့် ထမင်းဝိုင်းလေးတော့ဖြစ်နေခဲ့ပါသည်။

Jaehyunအတွက်လည်း ဒါဟာ ပထမဆုံးအကြိမ် သူ့ရဲ့အဖေအရင်းဖြစ်သူနှင့်စားရသည်လေ။ 

မေမေဆုံးပြီးတဲ့နောက် တစ်ယောက်တည်းမဟုတ်တောင် ပထွေးဖြစ်သူနဲ့ပဲ ဖြစ်သလိုလေး ထမင်းစားခဲ့ရသည့် Juyeonအတွက်လည်း အခု သူတန်ဖိုးထားရသည့် သူနှစ်ဦးနှင့် စားရသည့် ထမင်းဝိုင်းလေးဟာလည်း စိုပြေလို့နေခဲ့ပါသည်။

ထမင်းစားပြီးသည့်အချိန်တွင် Jaehyunက အိမ်ထဲကိုလှည့်လည်ကြည့်ရှူနေလေသည်။ နံရံပေါ်မှာချိတ်ထားသည့် ပန်းချီကားချပ်တွေရယ် အရင်ကသူ့အဖေနဲ့အတူ အလုပ်လုပ်ခဲ့ဖူးသည့် လူတွေနဲ့အတူရိုက်ထားသည့် ဓာတ်ပုံတွေရယ် ကိုကြည့်နေသည်။

" သားကြည့်ချင်သေးရင် အပေါ်ထပ်က ဘယ်ဘက်အစွန်ဆုံးအခန်းမှာ မင်းမေမေရဲ့ပစ္စည်းတွေထားထားတယ်လေ သွားကြည့်ချေ အဖေအလုပ်လုပ်လိုက်ဦးမယ် "

"ဟုတ်ကဲ့ "

Jaehyunလည်းခေါင်းငြိမ့်ပြကာ သူ့အဖေပြောသည့်အခန်းသို့တက်လာခဲ့သည်။ အခန်းထဲတွင် ဝင်လိုက်သည်နှင့် သင်းပျံ့နေသော အမွှေးနံ့တစ်ခုကိုရလိုက်သည်နှင့် ဒါဖေဖေထမင်းစားတုန်းက ပြောတဲ့ မေမေကြိုက်တတ်တဲ့ ရေမွှေးအနံ့ဆိုတာပင် ဖြစ်ရမည်ဟုJaehyun တွေးလိုက်သည်။

အခန်းထဲတွင် ခန်းဆီးလိုက်ကာများကအစ အိမ်ရဲ့တစ်ခြားနေရာများနှင့်မတူစွာ မေမေ့အကြိုက်အရောင်တွေချည်းလုပ်ထားသည်မှာသိသာလှပါသည်။

မေမေအကြိုက်ဆုံးအရောင်တွေက ကောင်းကင်ပြာရောင်ရယ် ပန်းဆီရောင်ရယ်တဲ့။ အခန်းထဲမှာ မေမေ့ပုံတူပန်းချီကားချပ်လည်းချိတ်ဆွဲထားသည်။ ဓာတ်ပုံတွေလည်းရိုက်ထားသည်မှာအမြောက်အများရှိသည်။

မေမေ့ရဲ့အငွေ့အသက်တွေ လွှမ်းခြုံနေသည့် ဤအခန်းလေးဟာ Jaehyunနှင့် သူ့အဖေအတွက်တော့ အဓိပ္ပါယ်ရှိလှပါသည်။

Jaehyun သူ့အမေရဲ့အခန်းထဲတွင်ရှိနေတုန်း အပြင်ခနသွားသည့် Juyeonပြန်ရောက်လာခဲ့သည်။ လက်ထဲမှာလည်း Brandတစ်ခုခုကဖြစ်လောက်မည့် လက်ဆောင်အိတ်ကိုကိုင်ထားလျက်။

"Boss Jaehyunရော "

"အပေါ်ထပ် ဘယ်ဘက်ကအစွန်ဆုံးအခန်းထဲမှာ "

"ဟုတ်ကဲ့ "

Sunghyunမှ Juyeonလက်ထဲကအထုတ်ကိုမြင်တော့မေးလိုက်သည်။

" ဘာဝယ်လာတာလဲ "

" Jaehyunအတွက်... သူမှာထားတဲ့ပစ္စည်းပါ "

Sunghyunမှ ဘာမှပြန်မပြောတော့ဘဲ ခေါင်းငြိမ့်ရုံသာငြိမ့်ပြလိုက်သည်။

အမှန်တော့ ထိုပစ္စည်းက Jaehyunမှာထားခြင်းမဟုတ်ပေ။ Jaehyunအတွက် Juyeonမှ ဝယ်လာခဲ့သောပစ္စည်းဖြစ်သည်။ အကယ်၍ သူသာအမှန်အတိုင်း ပြောလိုက်ပါက နောက်ဆက်လာဦးမည့် မေးခွန်းများကို ထပ်မံလှည့်လည်၍ မဖြေချင်တော့သောကြောင့် မုသားကိုသုံးလိုက်ရခြင်းပင်ဖြစ်သည်။

Juyeon အပေါ်ထပ်မှ အခန်းဝကိုရောက်တော့ သူဝင်လာတာတောင်မသိဘဲ မိခင်ဖြစ်သူရဲ့ ပုံတူပန်းချီကိုကြည့်ကာ ပီတိဖြစ်နေသည့် Jaehyunကို​ တွေ့လိုက်ရသည်။

" Jae..."

မတိုးမကျယ်လှသော ခေါ်သံတွင် နူးညံ့ညင်သာမှုကအဖျားစွတ်နေသည်။

" Ju ဘယ်သွားနေတာလဲ "

" အပြင်ခနသွားတာပါ ဝယ်စရာလေးရှိလို့ "

Jaehyunလှည့်ကြည့်လာပြီးနောက် Juyeonလက်ထဲတွင်ကိုင်ထားသည့် အထုတ်ကိုတွေ့တော့ သိလိုစိတ်ဖြင့်မေးလိုက်သည်။

" ဝယ်လာတယ်ဆိုတာက လက်ထဲကပစ္စည်းလား "

" အင်း Jaeအတွက်လေ "

"ဟင် ဘာပစ္စည်းတုန်း "

Juyeonက အနားရှိ စားပွဲပေါ်တွင် အထုတ်ကိုတင်လိုက်ပြီး အထဲမှ ဘူးလေးတစ်ဘူးကိုထုတ်ယူလိုက်သည်။ ထို့နောက် ဘူးကိုဖွင့်လိုက်သည့်အခါတွင် တစ်လက်လက်နှင့် တောက်ပနေသော ယောကျ်ားလေးဝတ် ဆွဲကြိုးတစ်ကုံး ရှိနေလေသည်။

Juyeonက ဘူးထဲမှ ဆွဲကြိုးကို ထုတ်ယူလာလိုက်ပြီး သူ့အားကြောင်တောင်တောင်လေး ငေးကြည့်နေသည့် Jaehyunအရှေ့သို့ သွားလိုက်သည်။

" Jaeအတွက်လေ ကိုယ်မှာထားတာ "

"ဘာလို့လဲ "

Juyeonက ချက်ချင်းပြန်မဖြေသေးဘဲ ဆွဲကြိုးလေးကို Jaehyunရဲ့လည်တိုင်ပေါ်မှာ ဆွဲပေးလိုက်သည်မှာ ဘယ်အချိန်ကတည်းက သူအခုလိုလုပ်ပေးချင်နေလည်းမသိ။

" ကိုယ်အရင်တုန်းကပေးခဲ့တဲ့ လက်ကောက်လေးက မရှိတော့ဘူးဆို လက်ကောက်အသစ်ထပ်ဝယ်ပေးမယ်ဆိုတော့လည်း Hyunjunလားဘာလား သူပေးထားတာ မချွတ်ချင်လောက်ဘူးထင်လို့ ဆွဲကြိုးပဲထပ်လုပ်လိုက်တာ "

Jaehyun Juyeonအပေါ် အားနာစိတ်ဝင်မိသည်။ အမှန်တစ်ကယ်က ထိုသို့မှမဟုတ်ဘဲ။ အဲ့တုန်းက Juyeon စိတ်ဆိုးသွားရန်သာ တစ်မင်ပြောလိုက်ခြင်းဖြစ်သည်ကို Juyeonကတစ်ကယ်ယုံသွားသည်။

ဆက်လက်ပြီးအထင်မလွဲစေချင်တော့တာမလို့Jaehyunမှ ပြန်ရှင်းပြရတော့သည်။

" အမှန်တော့လေ Jaeပြောခဲ့တာ တစ်ကယ်မဟုတ်ဘူး Juကိုအဲ့တုန်းက စိတ်ဆိုးသွားအောင် ညာခဲ့မိတာ "

Jaehyunအပြောကို Juyeonက ငြိမ်ငြိမ်လေးနားထောင်နေသည်။

"Juပေးထားတဲ့ လက်ကောက်လေးက ရှိသေးတယ် Hyunjunနဲ့စတွေ့တဲ့နေ့တုန်းက သူ့အင်္ကျီနဲ့ငြိပြီး ပြုတ်သွားတာ ရသလောက်လေး ပြန်ပြင်ပြီး ထပ်ပြတ်သွားမှာစိုးလို့ မဝတ်ရက်ဘဲ သိမ်းထားရတာ ပြီးတော့......."

Jaehyunဆက်ပြောတော့မည်လုပ်ဆဲဆဲမှာ Juyeonရဲ့လက်ညှိုးက Jaehyunနှုတ်ခမ်းပေါ်ရောက်လာသည်မလို့ ​ပြောမည့်စကားကို ရပ်လိုက်ရသည်။

" Hyunjunနဲ့ကလည်း ဘာပတ်သက်မှုမှမရှိဘူး ဟုတ်တယ်မလား ဒီအတိုင်း သူ့ညီမလေးတွေကို Jaeက စာသင်ပေးရုံပဲ "

Jaehyunက မှန်ကြောင်းထောက်ခံသည့်အနေဖြင့် ခေါင်းအသာလေးငြိမ့်ပြသည်။

" Hyunjunက Jaeကို ဖွင့်ပြောထားတယ် ဒါပေမဲ့ Jaeလက်မခံခဲ့ဘူး "

" အင်း.... "

Juyeonပြန်ဖြေသံကို Jaehyunသဘောမကျသည်မလို့ သူ့အားစိတ်ဆိုးသွားသလား တွေးမိသည့်အနေဖြင့်ထပ်မံမေးလိုက်ပြန်သည်။

" Ju စိတ်ဆိုးသွားတာလား "

" မဆိုးပါဘူး Jaeရဲ့ ကိုယ်သိပါတယ် သူJaeကိုကြိုက်နေတာရော ဖွင့်ပြောထားတာရော "

" ဘယ်လိုသိတာလဲ "

ဒီတစ်ခါမှာလည်း Juyeonက ချက်ချင်းပြန်မဖြေဘဲ ပြုံးပြပြီး Jaehyun ရဲ့ အညိုရောင်ဆံနွယ်အနည်းငယ်ကျနေသည့် နဖူးပြင်လေးအား အနမ်းတစ်ပွင့် ပေးလိုက်သည်။

စက္ကန့်ပိုင်းလောက် ထိကပ် အနမ်းပေးပြီးတော့မှ Jaehyunမေးသည့်မေးခွန်းအား အဖြေပြန်ပေးလာသည်က

" ကိုယ်က Jaeနဲ့ပတ်သက်လာရင် အကုန်သိအောင်လုပ်ထားပါတယ် " တဲ့။

.................

အခုရက်ပိုင်းအတွင်း Hyunjun နှင့် Younghoonတို့ အလုပ်တွေလည်းတစ်ဖက် Jaehyunနှင့် ပတ်သက်ပြီး စုံစမ်းရသည်ကတစ်ဖက်မလို့ နှစ်ယောက်လုံး အတော်လေး လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေကြသည်။

Hyunjunကပို၍ပင်ဆိုးသေးသည်။ သူက အချစ်ရဲ့ဒဏ်ပါထပ်ပြီးခံစားနေရသေးတာကိုး။

ညီမဖြစ်သူနှစ်ယောက်မှာလည်း သူတို့အကိုရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မကောင်း။

Hyunjunငှားထားသည့် လူတွေကလည်း တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားကာ စုံစမ်းပေးကြပါသည်။ သို့ပေမဲ့ တစ်ဖက်ကပဲ ခြေရာဖျောက်တာတော်၍လားမသိ။ သတင်းအစနလေးတောင်မကြားရချေ။

သို့နှင့် ရက်သတ္တပတ်ကြာအောင် စုံစမ်းပြီးတဲ့နောက်မှာတော့ သူတို့အတွက် ရောင်ခြည်မျှင်တန်းလေး ပေါ်ပေါက်လာခဲ့ပါတော့သည်။

နှစ်ယောက်အတူ နယ်ဘက်အထိ သွားစုံစမ်းခဲ့တုန်းက မသင်္ကါသည့် Juyeonကို Younghoonတွေ့ခဲ့တော့ အဲ့အကြောင်းနဲ့ပတ်သက်ပြီး Juyeonကိုပါစုံစမ်းခိုင်းလိုက်ခြင်း ဖြစ်သည်။

Juyeon ငယ်ဘဝအကြောင်းကို Younghoonက သူသိသလောက်အထိပြောပြထားပြီး Juyeonထွက်သွားသည်မှ စ၍အကြောင်းကိုလိုက်ခိုင်းခြင်းဖြစ်သည်။

ထိုမှစ၍ Juyeonဘယ်နေရာကိုရောက်သွားသည်လည်းဆိုတာပါသိလိုက်ရသည်။

" ဒေါက်! ​ဒေါက်! "

ရုံးခန်းထဲမှာ အလုပ်ကိစ္စတွေ  အပြီးသတ်နေတုန်းတံခါးခေါက်သံကြောင့် Hyunjun၏ ကွန်ပျူတာခလုတ်ပေါ်ရှိ လက်ချောင်းများ ရပ်တန့်သွားသည်။

အခုလိုအချိန်ဆို ဘယ်သူမှလည်းဝင်လာတတ်သည်မဟုတ်သည့်အပြင် ကြိုတင် appointmentယူထားသည့် ကိစ္စများလည်းမရှိသည်မလို့ တံခါးခေါက်နေသည့်သူမှာ Younghoonကလွဲပြီးမဖြစ်နိုင်။

ဒါကြောင့်အမြန်ပင် အသံပြုလိုက်တော့ ဝင်လာသည့်သူက သေချာပေါက်သူထင်ထားသလို Younghoonဖြစ်နေသည်။

Younghoonရဲ့ပုံစံက တစ်ခုခုကိုအလျင်လိုနေသည့်ပုံပေါ်ပြီး ပြေးလာသည်ထင်။ မျက်နှာပေါ်တွင်လည်းချွေးများထွက်နေသည်။

"Hyunjun.....ငါမင်းကိုဖုန်းခေါ်သေးတယ် မကိုင်လို့ ကိုယ်တိုင်လာပြောတာ "

"အင်း....ပြော Hyung သိခဲ့ရပြီလား "

Younghoonက သက်ပြင်းခပ်ဖွဖွကိုချလိုက်ပြီး အားယူလိုက်ပြီးမှဆက်ပြောလာသည်။

" Jaehyunကိုခေါ်သွားတာ သေချာပေါက် Juyeonပဲ "

Hyunjunအတော်လေးပင် အံ့သြသွားရသည်မှာ ဘာမှမတုံ့ပြန်နိုင်လောက်သည်အထိပင်ဖြစ်သွားတော့သည်။

သို့နှင့် Younghoonမှဆက်ပြီး ဘယ်လိုပုံနည်းနဲ့ရှာတွေ့လာခဲ့ကြောင်းပြောပြလာသည်။

" ငါမင်းကိုပြောခဲ့တယ်မလား Juyeonကိုအဲ့မှာတွေ့လိုက်တာ မင်္သကာနေလို့ဆိုပြီး သူ့အကြောင်းစုံစမ်းကြည့်တာလေ "

Hyunjunမှ ခေါင်းငြိမ့်ပြလာသည်။

" Jaehyunပျောက်တယ်လို့ သိရတဲ့နေ့တုန်းကလေ Juyeonစီးတဲ့ကားက Jaehyunတို့အိမ်လမ်းကြားထဲဝင်သွားတာကို CCTV မှတ်တမ်းကနေရိုက်ထားတယ်။ ပြီးတော့ ငါထင်ထားသလိုပဲ Juyeonက အဖွဲ့အစည်းတစ်ခုခုထဲကိုရောက်သွားတာ။ နောက်သေချာတာတစ်ခုက ငါတို့အဲ့နေ့သွားတုန်းကဝင်ခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင်ကို Juyeonပုံပြပြီးမေးကြည့်တော့ သူကခနခန အဲ့လမ်းကိုဖြတ်တယ်တဲ့ သိပ်မကြာခင်လောက်ကကောင်လေးတစ်ယောက်နဲ့သွားလိုက်တာတွေ့သေးတယ်ဆိုလို့ Jaehyunပုံပြလိုက်တာ ဆင်သလိုလိုတော့ရှိတယ်ပြောတယ် "

"ခေါ်သွားတာအဲ့ကောင်သေချာတယ်ပေါ့။ ဒါဆိုအဲ့လိုအိမ်ကိုဖျက်စီးပြီးခေါ်သွားရတဲ့အကြောင်းရင်းကဘာမလို့လဲ "

ကိစ္စတွေကိုမနည်းနားလည်ယူနေရသည့်Hyunjumကဒေါသလည်းထွက်နေသည်မှာလေသံကြားရုံနှင့်ပင် သိနိုင်သည်။

သို့နှင့် Younghoonကဆက်ပြီး

" ငါထင်တာကတော့လေ အကယ်လို့ Juyeonက Jaehyunကိုချစ်လွန်းလို့ပြန်ခေါ်ရတာပါဆိုရင် Jaehyunမိဘတွေအထိပါ ထိခိုက်အောင်လုပ်စရာမလိုလောက်ဘူး။ အကယ်လို့သူကပြောင်းလဲသွားရင်တော့တစ်မျိုးပေါ့ "

" တောက်!! တော်တော်အတ္တကြီးတဲ့ကောင်ပဲ တွေ့လို့ကတော့ စောက်ခွက်ကိုစုတ်ပြတ်သတ်သွားအောင် ထိုးပစ်မယ် "

"Jaehyunငြိုငြင်တာကိုခံနိုင်ရင်လုပ်ပေါ့ သူကJuyeonကိုတော်တော်တော့ချစ်တာ "

Younghoonပြောလိုက်သည့်စကားကြောင့် Juyeonဆီမှ Jaehyunကို မရရအောင်ပြန်ယူဖို့စိတ်တွေပိုမိုကြီးထွားလာခဲ့သည့် Hyunjunကတော့ သူကိုယ်တိုင်က အတ္တကြီးနေခဲ့သည်ကို သတိမထားမိဘူးထင်ပါရဲ့။

..................

မကြာသေးခင်ကမှ သွားခဲ့ဖူးသည့် အဝေးပြေးကားလမ်းမအား နောက်တစ်ကြိမ်အဖြစ်နဲ့ သွားရပြန်သည့် Younghoonနှင့် Hyunjun။

ပုံမှန်ဆိုလည်း သွားရတာဝေးသည့်အတွက် အချိန်အားဖြင့်ကြာမြင့်သည့် နေရာကိုရောက်ဖို့ ဒီ​နေ့မှ စိတ်လောနေလို့လားမသိ။ ပို၍ပင်ကြားသည်ဟုခံစားနေရသည်။

" စိတ်ကိုအေးအေးထား Hyunjun မင်းစိတ်အရမ်းလောသွားရင် အမှားတွေလုပ်မိလိမ့်မယ် "

"ကောင်းပါပြီ Hyung "

အထပ်မြင့်တိုက်တွေကနေတစ်ဆင့် လူနေအိမ်အသေးလေးတွေ ထိုမှတစ်ဆင့် သစ်ပင်တွေ အဆင့်ဆင့်ကျော်ဖြတ်လာခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လိုရာအရပ်သို့ရောက်လာခဲ့တော့သည်။

.......................

" Ju ရေ အဲ့နားက ပျားရည်ပုလင်းလေးယူပေးပါဦး "

" ဒီတစ်ခုလား Jae "

" အင်း ဟုတ်တယ် "

အိမ်ရဲ့ မီးဖိုချောင်အခန်းထဲ၌ Juyeonနှင့် Jaehyunတို့ အတူတူ Pancake လုပ်စားနေကြခြင်းဖြစ်သည်။

ဘယ်မှ ထွက်မရသည်ကလွဲလို့ အခုလိုမျိုး အတူတူအချိန်ကုန်ဆုံးရတာကလည်း အကျိုးမယုတ်စေပါဘူးလေ။

နူးညံ့အိစက်နေသည့် Pancake သားရဲ့ အပေါ်မှာ အနံ့မွှေးသည့် ပျားရည်ချိုချိုလေးကို လောင်းလိုက်တော့ စားချင်စဖွယ်အတိ။

Jaehyunမှ ပျားရည်လောင်းထားသော pancakeတစ်ပိုင်းအား ယူစားလိုက်တော့ နှုတ်ခမ်းပါးလေးပေါ်မှာ ပျားရည်အချို့တို့တင်ကျန်ခဲ့လေသည်။

" ချိုချိုလေးနဲ့ စားလို့ကောင်းလိုက်တာ Juလည်းစားကြည့်ကြည့် "

ဆိုကာ တစ်ပိုင်းယူပြီး Juyeonကိုကျွေးတော့ Juyeonက သူ့နှုတ်ခမ်းနားမှ pancakeကို ကျော်ကာ Jaehyunနှုတ်ခမ်းလေးကိုသွားနမ်းသည်။

*kiss*

" ဟုတ်သားပဲ ချိုတယ်နော် "

" မင်း....Lee Juyeon "

Juyeonကတော့ အောင်နိုင်သူမျက်နှာဖြင့် ပြုံးပြုံးကြီး ကြည့်နေလျက်။

သူတို့နှစ်ယောက် အတူတူ လုပ်ထားသည့် Pancakeလေးတွေကို စားနေကြရင်း Jaehyunမှ မေးလာသည်။

" Ju.....Jaeတို့ ဘယ်တော့လောက် အပြင်ထွက်လို့ရမလဲဟင် အမှန်တိုင်းပြောရရင် Jaeစာသင်ပေးနေတဲ့ ကလေးတွေကို အားနာလို့။ Hyunjunရဲ့ ညီမလေးနှစ်ယောက်ဆိုလည်း လာမဲ့နှစ်မှာ အတန်းတက်ရမှာလေ အဲ့တာစာမနိုင်ဘူးဖြစ်မှာစိုးတယ် "

စာသင်တဲ့ဆရာလို့ကိုမပြောရအောင် စိတ်သဘောထားပြည့်ဝသည့် သူ့ရဲ့Jaeက တစ်ကယ့်ကိုပင် စေတနာရှင်ကြီးရယ်ပါ။ အခုလိုဖြစ်နေတာ သူ့အတွက်အရင်မတွေးဘဲ ကလေးတွေအတွက် အရင်တွေးပေးရှာသည်။

" သိပ်မကြာတော့ပါဘူး Jaeရဲ့ Jaeကိုမွေးစားထားတဲ့ မိဘတွေကိုတောင် ပြန်ပို့လိုက်ပြီပဲ Jaeဖေဖေ ပြောလာတဲ့အခါကျ ကိုယ်တို့ အတူတူအရင်လိုပြန်နေလို့ရတာပေါ့ "

" အင်းပါ "

ထောက်ခံကြောင်းတော့ပြောလာပေမဲ့ မျက်နှာလေးမကောင်းဖြစ်နေသည့် Jaeက သူတစ်ကယ်ကို အပြင်ပြန်ထွက်ချင်နေသည်ထင်။ ဘယ်သူကလည်း အခုလို နေရာကြီးမှာ သီးသန့်နေချင်ပါ့မလဲနော်။

Juyeonရှိနေလို့သာ သည်းခံနိုင်နေခြင်းဖြစ်သည်လေ။ ချစ်ရသူရဲ့ မျက်နှာလေး ညှိုးနွမ်းနေတာမြင်တော့ Juyeonမယ် မနေနိုင်။ အနားလေးသွားကာ Jaehyunရဲ့ သူ့တစ်ပွေ့စာ ခါးလေးကို ဆွဲယူလိုက်ပြီး နောက်လက်တစ်ဖက်မှ သိမ်းကြုံးဖက်ထားတာ ရင်ခွင်ထဲခိုနားစေလိုက်သည်။

တစ်အောင့်လောက်ကြာတော့ Jaehyunပါးစပ်ကထွက်လာသည့် စကားလေးတစ်ခွန်းကြောင့် Juyeonမယ် ပီတိတွေ ဝေဖြာရပါသေးသည်။

Jaehyunပြောလိုက်သည်က

" Juရဲ့ကိုယ်သင်းနံ့လေးက အရင်လိုမွှေးနေတုန်းပဲ " တဲ့လေ။

.............................

အချိန်အားဖြင့် ညနေခင်း 5နာရီကျော်။

စံအိမ်ရဲ့ အောက်ထပ်မှာတော့ Juyeonရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် Jaehyun။

နေ့ခင်း ပန်ကိတ်စားပြီးကတည်းက အိပ်ပျော်သွားလိုက်တာ အခုထိပဲမလို့ နေမကောင်းဖြစ်မှာစိုး၍ Juyeonမယ် မနှိုးရက်ပေမဲ့ နှိုးလိုက်ရပါသည်။

" Jae..ထတော့ ညနေစောင်းနေပြီ "

ပါးလေးကိုအသာပုတ်နှိုးတော့ နိုးလာရှာပါသည်။

" အကြာကြီး အိပ်မိသွားတာပဲ Juရင်ခွင်ထဲဆိုတော့ အိပ်ကောင်းနေတာလေ "

" အိပ်ကောင်းရင်လည်း ညမှ ဆက်အိပ်ပါ ဝက်ဝံလုံးလေးရယ်...အခုတော့ထဦး "

"ဘာ...ဝက်ဝံလုံးတုန်း သူများကို အကောင်နဲ့လာနှိုင်းနေတယ် "

Juyeonကတော့ သဘောတကျနှင့်ရယ်နေလျက်သားပင်။

စံအိမ်ရဲ့ အောက်ထပ် ဧည့်ခန်းထဲမှာ ချစ်သူနှစ်ဦးရဲ့ သာယာချိုမြိန်သည့် ရယ်မောသံလေးတွေ လွင့်ပျံနေခဲ့ပေမဲ့ ထိုအသံလေးတွေကို ဖြိုခွင်းလိုက်သည်ကတော့ အပြင်မှ ထွက်ပေါ်လာသည့် သေနတ်သံတစ်ခုပင်ဖြစ်သည်။

*ဒိုင်း*

သေနတ်သံကြားကြားချင်း တစ်ခုခုဖြစ်လိုက်ပြီဆိုတာကို Juyeonသိသည်မလို့ ထကာ ကြည့်ရန်လုပ်တုန်း ဧည့်ခန်းထဲသို့ပြေးဝင်လာသည့် သူ့ရဲ့လူတွေထဲကတစ်ဦး။

" အကိုလေး ကျွန်တော်တို့ကို ဘယ်ကမှန်းမသိတဲ့ တစ်ဖွဲ့ ရုတ်တစ်ရက်လာတိုက်ခိုက်နေတယ် အဲ့ထဲက ခေါင်းဆောင်လိုလို တစ်ယောက်က ခြံတံခါးနားက Junhoကို ပစ်သတ်လိုက်တယ် "

" ဘာ! "

အခြေအနေမဟန်တော့သည်ကို Juyeonရိပ်မိလိုက်တာမလို့ စိတ်ကိုအမြန်ပြန်စုစည်းပြီး ဘေးနားမှာရှိသည့် Jaehyunကို အလျင်မြန်ပင် မချီလိုက်ကာ အောက်ထပ်က အိပ်ခန်းတစ်ခုထဲတွင်ထည့်ခဲ့လိုက်သည်။ အပြင်ဘက်မှ သေနတ်သံများကတော့ ဆက်လက်ထွက်ပေါ်နေဆဲ။

" Jae....ကိုယ်ပြောတာသေချာနားထောင်နော် အခုဒီအခန်းထဲမှာပဲနေပြီး ဘယ်မှမသွားနဲ့ တံခါးကို လော့ခ် ချထား ကိုယ်မဟုတ်မချင်း မဖွင့်ပေးနဲ့ "

" ဟုတ်ပြီ ဂရုစိုက်ဦးနော် "

Juyeonနားလည်ကြောင်း ခေါင်းငြိမ့်ခဲ့လိုက်ကာ အလိုက်သိသည့် တပည့်ဖြစ်သူမှ ယူလာပေးသော သေနတ်အား လှမ်းယူလိုက်ပြီး အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။

" Lee Juyeon ဆိုတဲ့အကောင်ဘယ်မှာလဲ!! "

စူးရှစွာထွက်ပေါ်လာသည့် အသံအား Juyeonကြားဖူးနေသည်။ Jaeကိုထိခိုက်စေချင်နေတဲ့ အဖွဲ့ကလူတွေက Bossရှင်းလိုက်ပြီးပြီမလို့ အခုလာတာသူတို့တော့ မဖြစ်နိုင်ချေ။

_________________________________________

Thanks for reading🌸

Zawgyi
















" တစ်ခုမေးမလို့ Ju "

"အင်း...."



Bạn đang đọc truyện trên: Truyen2U.Net