Chapter 6
< နက်မှောင်နေသောကောင်းကင်ကြီးရယ်...ကြယ်လေးတွေရယ် >
"Lee Juyeon!!"
Jaehyunလေးနဲ့ကျောင်းကနေတူတူပြန်လာပြီးအိမ်ထဲဝင်ဝင်ချင်းမှာခေါ်လိုက်သည့်အသံကြောင့်Juyeonပြန်ထူးလိုက်သည်။
"ဟုတ်ကဲ့"
ဧည့်ခန်းထဲမှာထိုင်နေသည့်ပထွေးဖြစ်သူကသူ့အားခေါ်ပြီးဘာမှမပြောသေးဘဲသေချာကြည့်ကာ
"မင်းဟိုဘက်အိမ်ကကောင်လေးနဲ့ပေါင်းနေတာလား"
"ဟုတ်......"
အမှန်တိုင်းဝန်ခံရလျှင်Juyeonကြောက်နေမိသည်။Jaehyunလေးနဲ့သူငယ်ချင်းမလုပ်ခိုင်းတော့မှာကိုသူအရမ်းကြောက်နေမိသည်။
ပထွေးဖြစ်သူဟာထိုင်နေရာမှထရပ်လိုက်ပြီးသက်ပြင်းအနည်းငယ်ချကာ
"အေး....ပေါင်းတာကပေါင်းလို့ရတယ်.....လူတွေကိုတစ်အားအယုံမလွယ်စေနဲ့....မင်းအသက်ငယ်ငယ်လေးပဲရှိသေးတယ်.....ငါပြောတာကြားလား"
"ဟုတ်....ဟုတ်ကြားပါတယ်"
"အင်း...ညစာကမင်းဘာသာမင်းလုပ်စားလိုက်"
Juyeonခေါင်းကိုသာငြိမ့်လိုက်သည်။တော်ပါသေးတယ်။မပေါင်းခိုင်းတာမဟုတ်လို့။
ညစာကိုလည်းသူ့ဟာသူတတ်သလောက်ကြက်ဥလေးကြော်စားကာမေမေမဆုံးခင်ကလုပ်ထားပေးခဲ့သည့်Kimchiနှပ်လေးနဲ့ညစာကိုကုန်ဆုံးခဲ့သည်။ဟင်းရည်တို့ဘာတို့ကတော့သူမှမလုပ်တတ်သေးဘဲ။ဒါကြောင့်Juyeonညစာလေးဟာအေးစက်မှုအတိ။
ညစာစားပြီးစာခနကြည့်ပြီးသွားတော့Juyeonပျင်းပျင်းရှိတာနဲ့ခြံနောက်ဘက်ထဲမှာသွားထိုင်နေသည်။ဒီလိုညတွေဆိုသူအိပ်မရဘဲမေမေ့ကိုလွမ်းတာကအကျင့်တစ်ခုလိုကိုဖြစ်နေခဲ့သည်။သူဒီလိုထိုင်ပြီးဆွေးနေရင်တစ်ယောက်သောသူလေးကမြင်ပြီးသူ့အားလာနှစ်သိမ့်မလားဆိုသည့်မျှော်လင့်ချက်ရေးရေးလေးကလည်းသူ့စိတ်ထဲမှာချည်မျှင်စလောက်ရှိနေသည့်အတွက်ကြောင့်လည်းဒီလိုလာထိုင်နေရခြင်းဖြစ်သည်။
ချည်စလောက်မျှော်လင့်ချက်လေးကိုဆုပ်ကိုင်ပြီးတစ်ဖက်ဘေးအိမ်ကိုလှည့်ကြည့်လိုက်မိတော့မီးတွေတောင်ပိတ်လို့တစ်အိမ်လုံးတောင်အမှောင်ကျသွားပြီဖြစ်တာမလို့ကောင်လေးအိပ်သွားလောက်ပြီဟုသူတွေးမိသည်။ဆောင်းရာသီမဟုတ်ပေမဲ့နွေဦးရဲ့လေပြေအေးဟာညဖက်တွေမှာပိုတိုက်တာကြောင့်Shirtလက်တိုဝတ်ထားသည့်Juyeonအနည်းငယ်တော့အေးနေပြီဖြစ်သည်။ဒါပေမဲ့ဘာကြောင့်ရယ်မှန်းမသိ။သူမထချင်။ဒီအတိုင်းမြက်ခင်းပြင်ပေါ်လေးမှာထိုင်ပြီးဆွေးနေချင်မိသည်။
"Omma~~"
နက်မှောင်နေပြီးကြယ်ရောင်လရောင်သာရှိနေသည့်ကောင်းကင်အားသူကြည့်လိုက်ပြီးခေါ်လိုက်မိသည်။အသံမှာလည်းလွမ်းဆွတ်ခြင်းနှင့်အတူငိုသံလေးပါပါနေခဲ့ပါသည်။
"ကိုကိုရေ......ကိုကို....."
တိုးတိုးလေးသူ့ကိုခေါ်လာသည့်အသံကြားတော့Juyeonဘေးဘီဝန်းကျင်ကိုကြည့်မိလိုက်သည်။ဘယ်သူမှလည်းမတွေ့တော့သူပဲနားကြားမှာသည်ဟုမှတ်ယူလိုက်သည်။ဒါပေမဲ့
"ကိုကို....."
ထပ်ပြီးခေါ်သံကြားတော့Juyeonလွမ်းနေတာတောင်ဘယ်ရောက်သည်မသိ။သရဲများခြောက်တာလားဆိုသည့်ပေါက်တတ်ကရအတွေးနှင့်လန့်လာရပြန်သည်။သူ့ကို ကိုကိုလို့ခေါ်တာJaehyunတစ်ယောက်တည်းရှိပေမဲ့အခုဟာကဘယ်သူမှမတွေ့တော့သူလန့်ချင်စရာ။
"ကိုကို...ခေါ်နေတာမကြားဘူးလား"
ဒီတစ်ခါတော့အသံတိုးတိုးလေးလာရာဘက်ကြည့်လိုက်တော့မှသူတို့ခြံနှစ်ခုတားထားသည့်ကြားထဲတွင်အဖြူရောင်လုံးလေးကိုတွေ့တော့မှJuyeonလည်းအနီးကပ်အရဲစွန့်ပြီးသွားကြည့်လိုက်သည်။ရောက်လည်းရောက်တော့တွေ့လိုက်ပါပြီ။
"ကိုကိုJaeခေါ်နေတာမကြားဘူးလား"
ဆိုကာခြံစည်းနှစ်ခုကြားထဲမှာညှပ်နေသည့်Jaehyunလေးအားတွေ့တော့မှJuyeonသက်ပြင်းချနိုင်တော့သည်။
"Jaeရယ်....လန့်သွားတာပဲ"
"အင်း....ကိုကိုထိုင်နေတာJaeအခန်းထဲကတွေ့လိုက်လို့မေမေတို့မသိခင်ခိုးဆင်းလာတာ....ဒါမဲ့လေ....ဟိဟိ....Jaeဝတ်လာတဲ့အနွေးထည်ကြောင့်ထင်တယ်.....ဒီမှာထွက်မရဘူး...."
ဟုတ်လည်းဟုတ်သည်။Jaehyunဝတ်လာသည့်Hoodieအဖြူလေးကအနည်းငယ်ပွတော့အပေါက်မှာတစ်နေခြင်းဖြစ်သည်။Jaehyunလေးရဲ့အဖြစ်ကိုကြည့်ပြီးJuyeonမှာရယ်ရခက်ငိုရခက်။
အရင်ဆုံးJaehyunလေးအနွေးထည်ကိုဖြေးဖြေးချင်းချွတ်ခိုင်းလိုက်ပြီးမှအသာလေးထွက်လို့ရတော့သည်။ထွက်လို့လည်းရတော့Hoodieလေးကိုင်ကာရပ်နေသည့်Juyeonရင်ဘတ်ပေါ်မှီလာကာ
"အမလေး....ကိုကိုရယ်.....မောလိုက်တာဒီတစ်သက်ထွက်မရတော့ဘူးလို့တောင်ထင်နေတာ"
Jaehyunလေးသူ့အပေါ်မှီလာပြီးပြောသည့်စကားကြောင့်Juyeonခပ်ဖွဖွလေးရယ်မိသည်။
ပြီးတော့အူယားနေတာလည်းပါတော့ခေါင်းလုံးလုံးလေးကိုဖွလိုက်ကာ
"အဲ့တာဆိုဘာလို့အတင်းမရမကလာသေးလည်းJaeရဲ့"
ထိုသို့ပြောတော့မှီထားရာကနေသူ့မော့ကြည့်လာပြီး
"လာတွေ့တာမကြိုက်လို့လား.....ဒါဆိုလည်းJaeပြန်တော့မယ်"
ဆိုကာစိတ်ကောက်ချင်ယောင်ဆောင်ပြီးလှည့်ထွက်မလို့လုပ်နေသည့်JaehyunလေးအားJuyeonမှပြန်ဆွဲလိုက်ကာ
"အဲ့လိုပြောတာမဟုတ်ပါဘူး....ညလည်းနက်နေပြီကိုမအိပ်သေးဘဲလာလို့Jaeအ်ပ်ရေးပျက်မှာစိုးလို့ပြောတာပါ"
ဆိုကာမှပြန်ပြုံးလာပြီး
"ဟင့်အင်း.....အိပ်ရေးမပျက်ပါဘူး Jaeကတွေ့ချင်လွန်းလို့ကိုလာတာ"
"ဒါဆိုလည်း....လာထိုင်လေ"
Juyeonကသူလည်းထိုင်လိုက်ရင်းလေးနားကိုအသာလေးပုတ်ပြကာပြောတော့ဇွက်ခနဲသူ့ဘေးနားထိုင်လာသည်။
"ကိုကို့မေမေကိုလွမ်းနေပြန်ပြီလား"
ရုတ်တစ်ရက်Jaehyunလေးမေးသည့်မေးခွန်းအားJuyeonမဖြေနိုင်သေး။ခနလောက်ဆိတ်နေပြီးမှ
"အင်း.....နည်းနည်းလွမ်းတယ်"
ပြောပြီးအသံလေးတိမ်ဝင်သွားကာခေါင်းလေးအောက်ငုံ့သွားသည်မလို့Juyeonဝမ်းနည်းနေပြန်ပြီဆိုတာJaehyunကောင်းကောင်းသိပါသည်။ဒါကြောင့်ဝမ်းနည်းနေသူကိုကြည့်မရက်တာကြောင့်အနည်းငယ်လေးပဲဖြစ်ဖြစ်အာရုံလွဲစေရန်ရည်ရွယ်ကာ
"ကိုကို.....ကောင်းကင်ပေါ်ကိုကြည့်လိုက်...ကြယ်တွေအများကြီးပဲ"
Juyeonလည်းခေါင်းလေးငုံ့နေရာမှမော့ကြည့်လိုက်မိတော့ပြောသည့်အတိုင်းကြယ်လေးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။အနက်ရောင်ဖုံးလွမ်းနေပေမဲ့ဟိုတစ်စဒီတစ်စလင်းလက်တောက်ပနေသည့်ကြယ်လေးတွေရယ်...တစ်ခုလုံးတော့မပြည့်သေးပေမဲ့ထိန်လင်းစွာတည်ရှိနေသည့်လခြမ်းကွေးလေးရယ်တို့ဟာအကျည်းတန်စွာနက်မှောင်နေသည့်အမည်းထုရောင်ကောင်းကင်ကြီးကိုလှပသောကောင်းကင်ကြီးသဖွယ်ပုံဖော်ကာထားလေသည်။
အရင်ကဆိုလင်းလက်နေသည့်ကြယ်လေးတွေကိုမမြင်မိဘဲမှောင်မည်းသည့်ကောင်းကင်ကြီးကိုသာမြင်နေသည့်Juyeonတစ်ယောက်တော့Jaehyunပြောမှသာဒီလိုလှပသည့်ကြယ်လေးတွေကိုမြင်တတ်တော့သည်။
~ Twinkle Twinkle Little star ~
~How I wonder What you are ~
~ Up above the world so high ~
~ Like a diamond in the sky ~
~ Twinkle Twinkle Little star ~
~ How I wonder what you are ~
Juyeonတစ်ယောက်ကြယ်တွေကိုကြည့်နေတုန်းမှာပဲချိုသာသည့်အသံသေးသေးလေးနှင့်ကဗျာဆိုလာသည့်Jaehyunလေးအားကြည့်မိတော့ကောင်လေးကကိုယ်လေးကိုအနည်းငယ်ယိမ်းကာကောင်းကင်ကြီးကိုကြည့်ရင်းမျက်နှာမှာလည်းအပြုံးလေးတစ်ခုကိုပန်ဆင်ရင်းဆိုနေသည့်ပုံလေးမှာဟိုး.....မိုးကောင်းကင်ပေါ်မှာလင်းလက်တောင်ပနေသည့်ကြယ်လေးများကဲ့သို့ပင်လှပနေပါတော့သည်။
မည်းမှောင်နေတဲ့ကောင်းကင်ကြီးကိုကြယ်လေးများကအလင်းဆောင်ပေးသလိုသူ့လိုအမှောင်တိကျနေသည့်ဘဝထဲကိုအလင်းရောင်လေးသယ်ဆောင်လာပေးသည့်Jaehyunလေးပါပဲ။
__________________________________________
Thanks for reading🌸
Zawgyi
< နက္ေမွာင္ေနေသာေကာင္းကင္ႀကီးရယ္...ၾကယ္ေလးေတြရယ္ >
"Lee Juyeon!!"
Jaehyunေလးနဲ႕ေက်ာင္းကေနတူတူျပန္လာၿပီးအိမ္ထဲဝင္ဝင္ခ်င္းမွာေခၚလိုက္သည့္အသံေၾကာင့္Juyeonျပန္ထူးလိုက္သည္။
"ဟုတ္ကဲ့"
ဧည့္ခန္းထဲမွာထိုင္ေနသည့္ပေထြးျဖစ္သူကသူ႕အားေခၚၿပီးဘာမွမေျပာေသးဘဲေသခ်ာၾကည့္ကာ
"မင္းဟိုဘက္အိမ္ကေကာင္ေလးနဲ႕ေပါင္းေနတာလား"
"ဟုတ္......"
အမွန္တိုင္းဝန္ခံရလွ်င္Juyeonေၾကာက္ေနမိသည္။Jaehyunေလးနဲ႕သူငယ္ခ်င္းမလုပ္ခိုင္းေတာ့မွာကိုသူအရမ္းေၾကာက္ေနမိသည္။
ပေထြးျဖစ္သူဟာထိုင္ေနရာမွထရပ္လိုက္ၿပီးသက္ျပင္းအနည္းငယ္ခ်ကာ
"ေအး....ေပါင္းတာကေပါင္းလို႔ရတယ္.....လူေတြကိုတစ္အားအယုံမလြယ္ေစနဲ႕....မင္းအသက္ငယ္ငယ္ေလးပဲရွိေသးတယ္.....ငါေျပာတာၾကားလား"
"ဟုတ္....ဟုတ္ၾကားပါတယ္"
"အင္း...ညစာကမင္းဘာသာမင္းလုပ္စားလိုက္"
Juyeonေခါင္းကိုသာၿငိမ့္လိုက္သည္။ေတာ္ပါေသးတယ္။မေပါင္းခိုင္းတာမဟုတ္လို႔။
ညစာကိုလည္းသူ႕ဟာသူတတ္သေလာက္ၾကက္ဥေလးေၾကာ္စားကာေမေမမဆုံးခင္ကလုပ္ထားေပးခဲ့သည့္Kimchiႏွပ္ေလးနဲ႕ညစာကိုကုန္ဆုံးခဲ့သည္။ဟင္းရည္တို႔ဘာတို႔ကေတာ့သူမွမလုပ္တတ္ေသးဘဲ။ဒါေၾကာင့္Juyeonညစာေလးဟာေအးစက္မႈအတိ။
ညစာစားၿပီးစာခနၾကည့္ၿပီးသြားေတာ့Juyeonပ်င္းပ်င္းရွိတာနဲ႕ၿခံေနာက္ဘက္ထဲမွာသြားထိုင္ေနသည္။ဒီလိုညေတြဆိုသူအိပ္မရဘဲေမေမ့ကိုလြမ္းတာကအက်င့္တစ္ခုလိုကိုျဖစ္ေနခဲ့သည္။သူဒီလိုထိုင္ၿပီးေဆြးေနရင္တစ္ေယာက္ေသာသူေလးကျမင္ၿပီးသူ႕အားလာႏွစ္သိမ့္မလားဆိုသည့္ေမွ်ာ္လင့္ခ်က္ေရးေရးေလးကလည္းသူ႕စိတ္ထဲမွာခ်ည္မွ်င္စေလာက္ရွိေနသည့္အတြက္ေၾကာင့္လည္းဒီလိုလာထိုင္ေနရျခင္းျဖစ္သည္။
ခ်ည္စေလာက္ေမွ်ာ္လင့္ခ်က္ေလးကိုဆုပ္ကိုင္ၿပီးတစ္ဖက္ေဘးအိမ္ကိုလွည့္ၾကည့္လိုက္မိေတာ့မီးေတြေတာင္ပိတ္လို႔တစ္အိမ္လုံးေတာင္အေမွာင္က်သြားၿပီျဖစ္တာမလို႔ေကာင္ေလးအိပ္သြားေလာက္ၿပီဟုသူေတြးမိသည္။ေဆာင္းရာသီမဟုတ္ေပမဲ့ႏြေဦးရဲ႕ေလေျပေအးဟာညဖက္ေတြမွာပိုတိုက္တာေၾကာင့္Shirtလက္တိုဝတ္ထားသည့္Juyeonအနည္းငယ္ေတာ့ေအးေနၿပီျဖစ္သည္။ဒါေပမဲ့ဘာေၾကာင့္ရယ္မွန္းမသိ။သူမထခ်င္။ဒီအတိုင္းျမက္ခင္းျပင္ေပၚေလးမွာထိုင္ၿပီးေဆြးေနခ်င္မိသည္။
"Omma~~"
နက္ေမွာင္ေနၿပီးၾကယ္ေရာင္လေရာင္သာရွိေနသည့္ေကာင္းကင္အားသူၾကည့္လိုက္ၿပီးေခၚလိုက္မိသည္။အသံမွာလည္းလြမ္းဆြတ္ျခင္းႏွင့္အတူငိုသံေလးပါပါေနခဲ့ပါသည္။
"ကိုကိုေရ......ကိုကို....."
တိုးတိုးေလးသူ႕ကိုေခၚလာသည့္အသံၾကားေတာ့Juyeonေဘးဘီဝန္းက်င္ကိုၾကည့္မိလိုက္သည္။ဘယ္သူမွလည္းမေတြ႕ေတာ့သူပဲနားၾကားမွာသည္ဟုမွတ္ယူလိုက္သည္။ဒါေပမဲ့
"ကိုကို....."
ထပ္ၿပီးေခၚသံၾကားေတာ့Juyeonလြမ္းေနတာေတာင္ဘယ္ေရာက္သည္မသိ။သရဲမ်ားေျခာက္တာလားဆိုသည့္ေပါက္တတ္ကရအေတြးႏွင့္လန့္လာရျပန္သည္။သူ႕ကို ကိုကိုလို႔ေခၚတာJaehyunတစ္ေယာက္တည္းရွိေပမဲ့အခုဟာကဘယ္သူမွမေတြ႕ေတာ့သူလန့္ခ်င္စရာ။
"ကိုကို...ေခၚေနတာမၾကားဘူးလား"
ဒီတစ္ခါေတာ့အသံတိုးတိုးေလးလာရာဘက္ၾကည့္လိုက္ေတာ့မွသူတို႔ၿခံႏွစ္ခုတားထားသည့္ၾကားထဲတြင္အျဖဴေရာင္လုံးေလးကိုေတြ႕ေတာ့မွJuyeonလည္းအနီးကပ္အရဲစြန့္ၿပီးသြားၾကည့္လိုက္သည္။ေရာက္လည္းေရာက္ေတာ့ေတြ႕လိုက္ပါၿပီ။
"ကိုကိုJaeေခၚေနတာမၾကားဘူးလား"
ဆိုကာၿခံစည္းႏွစ္ခုၾကားထဲမွာညွပ္ေနသည့္Jaehyunေလးအားေတြ႕ေတာ့မွJuyeonသက္ျပင္းခ်နိဳင္ေတာ့သည္။
"Jaeရယ္....လန့္သြားတာပဲ"
"အင္း....ကိုကိုထိုင္ေနတာJaeအခန္းထဲကေတြ႕လိုက္လို႔ေမေမတို႔မသိခင္ခိုးဆင္းလာတာ....ဒါမဲ့ေလ....ဟိဟိ....Jaeဝတ္လာတဲ့အႏြေးထည္ေၾကာင့္ထင္တယ္.....ဒီမွာထြက္မရဘူး...."
ဟုတ္လည္းဟုတ္သည္။Jaehyunဝတ္လာသည့္Hoodieအျဖဴေလးကအနည္းငယ္ပြေတာ့အေပါက္မွာတစ္ေနျခင္းျဖစ္သည္။Jaehyunေလးရဲ႕အျဖစ္ကိုၾကည့္ၿပီးJuyeonမွာရယ္ရခက္ငိုရခက္။
အရင္ဆုံးJaehyunေလးအႏြေးထည္ကိုေျဖးေျဖးခ်င္းခြၽတ္ခိုင္းလိုက္ၿပီးမွအသာေလးထြက္လို႔ရေတာ့သည္။ထြက္လို႔လည္းရေတာ့Hoodieေလးကိုင္ကာရပ္ေနသည့္Juyeonရင္ဘတ္ေပၚမွီလာကာ
"အမေလး....ကိုကိုရယ္.....ေမာလိုက္တာဒီတစ္သက္ထြက္မရေတာ့ဘူးလို႔ေတာင္ထင္ေနတာ"
Jaehyunေလးသူ႕အေပၚမွီလာၿပီးေျပာသည့္စကားေၾကာင့္Juyeonခပ္ဖြဖြေလးရယ္မိသည္။
ၿပီးေတာ့အူယားေနတာလည္းပါေတာ့ေခါင္းလုံးလုံးေလးကိုဖြလိုက္ကာ
"အဲ့တာဆိုဘာလို႔အတင္းမရမကလာေသးလည္းJaeရဲ႕"
ထိုသို႔ေျပာေတာ့မွီထားရာကေနသူ႕ေမာ့ၾကည့္လာၿပီး
"လာေတြ႕တာမႀကိဳက္လို႔လား.....ဒါဆိုလည္းJaeျပန္ေတာ့မယ္"
ဆိုကာစိတ္ေကာက္ခ်င္ေယာင္ေဆာင္ၿပီးလွည့္ထြက္မလို႔လုပ္ေနသည့္JaehyunေလးအားJuyeonမွျပန္ဆြဲလိုက္ကာ
"အဲ့လိုေျပာတာမဟုတ္ပါဘူး....ညလည္းနက္ေနၿပီကိုမအိပ္ေသးဘဲလာလို႔Jaeအ္ပ္ေရးပ်က္မွာစိုးလို႔ေျပာတာပါ"
ဆိုကာမွျပန္ၿပဳံးလာၿပီး
"ဟင့္အင္း.....အိပ္ေရးမပ်က္ပါဘူး Jaeကေတြ႕ခ်င္လြန္းလို႔ကိုလာတာ"
"ဒါဆိုလည္း....လာထိုင္ေလ"
Juyeonကသူလည္းထိုင္လိုက္ရင္းေလးနားကိုအသာေလးပုတ္ျပကာေျပာေတာ့ဇြက္ခနဲသူ႕ေဘးနားထိုင္လာသည္။
"ကိုကို႔ေမေမကိုလြမ္းေနျပန္ၿပီလား"
႐ုတ္တစ္ရက္Jaehyunေလးေမးသည့္ေမးခြန္းအားJuyeonမေျဖနိုင္ေသး။ခနေလာက္ဆိတ္ေနၿပီးမွ
"အင္း.....နည္းနည္းလြမ္းတယ္"
ေျပာၿပီးအသံေလးတိမ္ဝင္သြားကာေခါင္းေလးေအာက္ငုံ႕သြားသည္မလို႔Juyeonဝမ္းနည္းေနျပန္ၿပီဆိုတာJaehyunေကာင္းေကာင္းသိပါသည္။ဒါေၾကာင့္ဝမ္းနည္းေနသူကိုၾကည့္မရက္တာေၾကာင့္အနည္းငယ္ေလးပဲျဖစ္ျဖစ္အာ႐ုံလြဲေစရန္ရည္႐ြယ္ကာ
"ကိုကို.....ေကာင္းကင္ေပၚကိုၾကည့္လိုက္...ၾကယ္ေတြအမ်ားႀကီးပဲ"
Juyeonလည္းေခါင္းေလးငုံ႕ေနရာမွေမာ့ၾကည့္လိုက္မိေတာ့ေျပာသည့္အတိုင္းၾကယ္ေလးေတြမွိတ္တုတ္မွိတ္တုတ္ျဖစ္ေနသည္။အနက္ေရာင္ဖုံးလြမ္းေနေပမဲ့ဟိုတစ္စဒီတစ္စလင္းလက္ေတာက္ပေနသည့္ၾကယ္ေလးေတြရယ္...တစ္ခုလုံးေတာ့မျပည့္ေသးေပမဲ့ထိန္လင္းစြာတည္ရွိေနသည့္လျခမ္းေကြးေလးရယ္တို႔ဟာအက်ည္းတန္စြာနက္ေမွာင္ေနသည့္အမည္းထုေရာင္ေကာင္းကင္ႀကီးကိုလွပေသာေကာင္းကင္ႀကီးသဖြယ္ပုံေဖာ္ကာထားေလသည္။
အရင္ကဆိုလင္းလက္ေနသည့္ၾကယ္ေလးေတြကိုမျမင္မိဘဲေမွာင္မည္းသည့္ေကာင္းကင္ႀကီးကိုသာျမင္ေနသည့္Juyeonတစ္ေယာက္ေတာ့Jaehyunေျပာမွသာဒီလိုလွပသည့္ၾကယ္ေလးေတြကိုျမင္တတ္ေတာ့သည္။
~ Twinkle Twinkle Little star ~
~How I wonder What you are ~
~ Up above the world so high ~
~ Like a diamond in the sky ~
~ Twinkle Twinkle Little star ~
~ How I wonder what you are ~
Juyeonတစ္ေယာက္ၾကယ္ေတြကိုၾကည့္ေနတုန္းမွာပဲခ်ိဳသာသည့္အသံေသးေသးေလးႏွင့္ကဗ်ာဆိုလာသည့္Jaehyunေလးအားၾကည့္မိေတာ့ေကာင္ေလးကကိုယ္ေလးကိုအနည္းငယ္ယိမ္းကာေကာင္းကင္ႀကီးကိုၾကည့္ရင္းမ်က္ႏွာမွာလည္းအၿပဳံးေလးတစ္ခုကိုပန္ဆင္ရင္းဆိုေနသည့္ပုံေလးမွာဟိုး.....မိုးေကာင္းကင္ေပၚမွာလင္းလက္ေတာင္ပေနသည့္ၾကယ္ေလးမ်ားကဲ့သို႔ပင္လွပေနပါေတာ့သည္။
မည္းေမွာင္ေနတဲ့ေကာင္းကင္ႀကီးကိုၾကယ္ေလးမ်ားကအလင္းေဆာင္ေပးသလိုသူ႕လိုအေမွာင္တိက်ေနသည့္ဘဝထဲကိုအလင္းေရာင္ေလးသယ္ေဆာင္လာေပးသည့္Jaehyunေလးပါပဲ။
__________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: Truyen2U.Net