6

Màu nền
Font chữ
Font size
Chiều cao dòng

Unicode

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

အပိုင်း ၆

                     
 ငွေ သုံးလည်း မသုံးခဲ့၍ ထပ်မလိုအပ်ပါ။ ကျန်းထျန် မသေချာလှစွာ မေးလိုက်သည်။ "ဒါတွေ ဘယ်လောက်တန်လဲလို့အမေထင်လဲ? "
                      

သူမ အခုခေတ်စျေးနှုန်းတွေကို မသိသော်လည်း မူလပိုင်ရှင် မသိသည်ကတော့ မဖြစ်နိုင်။ 

                         
သူမ စျေးတွင် ဂျုံနှင့် အသား ဝယ်ခဲ့သည်။  ထို့ကြောင့် သူမ ဝက်သားက တစ်ပေါင် ၈၀ဆင့်၊ ဂျုံတစ်ပေါင်က ၂၀ဆင့်၊ ဆိုင်းဘုတ်ပေါ်တွင်ရေးထား၍ ဆန်က တစ်ပေါင် ၁၅၀ဆင့် ဖြစ်ကြောင်း သိသည်။
                          

ကော်တွန်၊ နို့မှုန့်နှင့်ကျန်သော ပစ္စည်းများ၏ စျေးနှုန်းကိုတော့ သူမ တကယ်မသိပေ။

                       
ရွှီကျင်းဖန် ကျန်းထျန် တွေးနေသည်များကို မသိပါ။ သူမ စားပွဲသို့သွား၍ ပစ္စည်းများကို ကြည့်လိုက်သည်။
                          

နို့မှုန့်ကို သံဘူးထဲမထည့်ထားဘဲ အကြည်အိတ်သေးသေးလေးတွေထဲ ထည့်ထားသည်။  တစ်ထုပ်ကို ဆန်ပြုတ်ထဲ ထည့်ပြုတ်လိုက်လျှင် အမွှာလေးတွေ တစ်နေ့စာသောက်ရန် လုံလောက်သည်။ အထုပ်သေး ၅၀ ၆၀ခန့်ရှိသည်။  တစ်ထုပ် ၅၀ဆင့်ဆိုလျှင် ပေါင်း ယွမ်၃၀ခန့်တန်မည်။ သူမ မြို့ဈေးတွင် ဒီလိုနို့မှုန့်ရောင်းသည်ကို မတွေ့ဖူးပါ။  ထို့ကြောင့် မှောင်ခိုဈေးတွင် ဝယ်ခဲ့တာ ဖြစ်နိုင်သည်။ 

                    
ရွှီကျင်းဖန် အိတ်၏ သေချာထုပ်ပိုးထားမှုကို ကြည့်၍ ဟိုက်ရှီက ရတာဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ စျေးတော့မပေါလှ။ မှောင်ခိုစျေးရှိ ကုန်သည်များကြား အဆင့်ဆင့်ရောင်းပြီးသည့်နောက် စျေးက အနည်းဆုံး ၂ဆ ၃ဆတက်သွားလောက်သည်။ နို့မှုန့်အပါအဝင်ဆို ယွမ်၁၀၀ထပ် မနည်းပါ။

                       
ရွှီကျင်းဖန် စျေးကိုတွက်ကြည့်ပြီး လန့်သွားသည်။ ယွမ်၁၀၀မှာ သာမန်အလုပ်သမားတစ်ဦး၏ တစ်နှစ်လစာ တစ်ဝက်ဖြစ်သည်!!
         
                       
သူမ တံတွေးမျိုချလိုက်ပြီး နို့မှုန့်ကိုကိုင်ထားသော သူမလက်များတုန်ယင်လာပြီး မျက်လုံးများ မူးဝေလာသည်။

                  
ယွမ်၁၀၀၊ ဒါက ယွမ်၁၀၀ဖြစ်သည်။ ၁ယွမ် ၂ယွမ်မဟုတ်။ ယွမ်၁၀၀ဖြစ်သည်။

                    
ရွှီကျင်းဖန် စားပွဲကို ထောက်လိုက်ရင်း တုန်ယင်စွာ မေးလိုက်သည်။ "ထျန်ထျန်၊ သမီး အဲ့မှာနို့မှုန့်သွားဝယ်တာ ဘယ်လောက် ပေးလိုက်ရလဲ?" မှောင်ခိုစျေးကို ဆိုလိုခြင်းဖြစ်သည်။ နို့မှုန့်က ပစ္စည်းပြတ်လွယ်သည့်အတွက် ပိုစျေးကြီးသည်။ မုယောအရော နို့မှုန့်တစ်ဘူးဆိုလျှင်ပင် တစ်ဘူး ယွမ်၂၀ဖြစ်သည်။

                         
ရွှီကျင်းဖန် ထပ်စဥ်းစားလိုက်ပြီး အရောနို့မှုန့်က ယွမ်၂၀ဆိုလျှင် နို့မှုန့်က ခုပိုသက်သာနေတာများလား?

                         
ကျန်းထျန် ရွှီကျင်းဖန်၏ အစက သဘောကျနေရာကနေ နောက် တွက်ချက်စီစစ်ပြီး ရုတ်တရက်ထိတ်လန့်သွားသောအမူအရာကို တွေ့လိုက်သည်။

                           
ကျန်းထျန် ချောင်းဟန့်လိုက်ပြီး "သိပ်မများပါဘူး။ ယွမ်၄၀ ၅၀လောက်ပါပဲ?" ဟု ရွှီကျင်းဖန်မျက်နှာကိုကြည့်ရင်း ပြောလိုက်သည်။
                           

စျေးများနေသည်လို့ထင်တဲ့ပုံပေါ်ရင် သူမ အကြောင်းပြချက်တစ်ခုပေးပြီး စျေးနှုန်းကိုလျှော့၍ ပြောင်းပြောလိုက်မည်။
        
                 
  ဒါပေမယ့်.....

                  
  ရွှီကျင်းဖန် ရင်ဘက်ကိုကိုင်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ဒါကို မြင်သောအခါ ကျန်းထျန် ခေါင်းရှုပ်သွားသည်။

                          
စျေးနှုန်းတိုးပြောရမှာလား? လျော့ပြောရမလား?

                        
"  ၄၀ ၅၀ယွမ်မှာ ဂျုံနဲ့ အဝတ်၂စလည်း ပါပါတယ်" ကျန်းထျန် ရွှီကျင်းဖန် ပိုလျော့တွေးလောက်သည် ဟု ခန့်မှန်းပြီး စျေးနှုန်းကိုပြောင်း၍ လျှော့ပြောလိုက်သည်။

                     
ရွှီကျင်းဖန်: "?!"

                        
ဂျုံက ပေါင်၄၀ ၅၀ဝန်းကျင်လောက်ရှိသည်။ မှောင်ခိုစျေးမှာ ဝယ်လျှင်တောင် ယွမ်၂၀ ၃၀မကပေ။ အဝတ်စကလည်း ၇ယွမ် ၈ယွမ်တန်သည်။ ဝက်ခြေထောက်က ၂ယွမ် ၃ယွမ်၊ စျေးကြီးပုံပေါ်သော နို့မှုန့် အားလုံးပေါင်း ယွမ် ၄၀ ၅၀လောက်ပဲ ကုန်ကျသည်လား?!

                          
ဒါက ကောင်းကင်မှ ကျလာသောအစိုင်အခဲတစ်ခုလို ရွှီကျင်းဖန်ကို မူးမေ့စေသည်။ သူမ ကျန်းထျန်ပုခုံးကို လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး "ထျန်ထျန်၊ သမီးအလိမ်ခံလိုက်ရတာတော့ မဟုတ်ဘူးမလား?"

                     
ကုလျန်မင် ; "......"သူမနားစွင့်နားထောင်နေရင်း ထိုစကားကြားလိုက်သောအခါ သူမလည်း အညာမိချင်သည်ဟု တွေးလိုက်သည်။ ဒီလောက် အများကြီးက ယွမ်၄၀ ၅၀ပဲ ကုန်ကျသည်ဆိုတော့ ကျန်းထျန် စျေးသည်ကို လှည့်စားလာခဲ့တာနေမည်။

                    
ကျန်းထျန် ခေါင်းရှုပ်သွားသည်။ စိတ်ညစ်စွာ လက်ချောင်းများကိုသာ ဆုတ်ကိုင်ရင်း စားပွဲပေါ်က ပစ္စည်းများကိုကြည့်ကာ သူမ စျေးပြောတာ များသွားသလားဟု တွေးမိရင်း မျက်နှာမထားတတ်ဖြစ်သွားသည်။

ယခုခေတ်က စျေးနှုန်းများက သူမထင်ထားသည်ထပ် ပိုနည်းနေသည်လား?
 
                        

"အရမ်းတန်တာပဲ!"ရွှီကျင်းဖန် ကျန်းထျန်ကို လှုပ်၍ ပြောလိုက်သည်။ "ထျန်ထျန်၊ သမီး​နို့မှုန့်တွေကို ဘယ်ကဝယ်ခဲ့တာလဲ? ထုပ်ပိုးထားတာက သပ်ရပ်နေပြီး အရမ်းလည်း စျေးသက်သာတယ်!"

                       
ကျန်းထျန် - "...." သူမ ခေါင်းတစ်ချက်စောင်းလိုက်ပြီး သက်ပြင်းအသာချလိုက်သည်။ ကံကောင်းစွာဖြင့် ဘာမှမ​ဖြစ်လိုက်ပါ။

                        
ကျန်းထျန် ပြုံးလိုက်ပြီး တက်ကြွစွာ ပြောလိုက်သည်။ "သမီး စျေးကိုသွားတော့ လူတစ်ယောက်နဲ့ဆုံတာ၊ မထင်မှတ်ပဲ ပစ္စည်းကောင်းရခဲ့တယ်။ နောက်တစ်ခါ သမီး ထပ်သွားပြီး ရှာကြည့်လိုက်မယ်"

                           
ရွှီကျင်းဖန် ရယ်လိုက်ပြီး ကျန်းထျန်ပြောသည်ကိုကြား၍ သဘောမတူစွာ ပြောလိုက်သည်။ "ထျန်ထျန် အဲ့နေရာက အန္တရာယ်များတယ်။ သမီး အဖမ်းခံရရင် မလွယ်ဘူး။ တစ်ယောက်တည်းမသွားနဲ့။ အမေအားမှ အမေနဲ့သွား"

                  
" အကျိုးရလာဒ်သေးသေးလေး ရလိုက်ရင် ဆုံးရှုံး​မှုအကြီးကြီးခံစားရတာမျိုး ရှိလိမ့်မယ်။ အမေ သမီးကိုတော့ မခံစားစေချင်ဘူး။ ဖြစ်ချင်းဖြစ် အမေပဲ ဖြစ်လိုက်မယ်"

                    
"ဒီစစ်စိမ်းရောင် အဝတ်စက ကိုင်လို့ကောင်းပြီး ချည်က သေးပြီး ကျစ်တယ်" အဝတ်လုပ်ဖို့အနေတော်ဖြစ်သည်။ ကုလျ​န်ရွှမ် ခြေထောက်ကို သတိရသွား၍ ရွှီကျင်းဖန် သက်ပြင်းချလိုက်ပြီးမှ စားပွဲကိုကြည့်ရင်း တစ်ဖန် ပြန်ပြုံးလိုက်သည်။ "စစ်စိမ်းရောင်အစက ထျ​န်ထျန် ချုပ်ဝတ်လိုက်။ ကော်တွန်အဖြူစက အမွှာလေးတွေအတွက်"

                         
ကုလျန်မင် ဒီယောက္ခမနှင့် ချွေးမကို မီးဖိုဘေးမှကြည့်ရင်း စိတ်အနည်းငယ် ပျက်သွားသည်။ သူမအမေက သမီးအရင်းထပ် ကျန်းထျန်ကို ဘာလို့ပိုကောင်းနေရတာလဲ?
                             

တစ်ခြားအိမ်တွေဆို ယောက္ခမက ချွေးမကိုကြည့်မရ၊ ချွေးမက ယောက္ခမကို ကြည့်မရနှင့် ရန်မဖြစ်သည့်နေ့မရှိ။ သူမ​အိမ်မှာတော့ ရန်ဖြစ်မည့် အရိပ်အယောင်ပင်မရှိ!!

                             
ကုလျန်မင် နားမလည်နိုင်။ ကျန်းထျန်လည်း သူမကဲ့သို့ အမေရိုက်သည်ကို တွေ့​ကြုံစေချင်သည်!
                             

ကုလျန်မင် ထင်းစကိုကိုင်ပြီး သက်ပြင်းချနေစဥ် သူမမျက်လုံးရှေ့တွင် သကြားလုံးအပြည့်နင့် နူးနူးညံ့ညံ့လက်ဖြူဖြူတစ်စုံကို တွေ့လိုက်သည်။

                       
ကုလျန်မင် ထူးဆန်းသည့် အမူအရာဖြင့် ခေါင်းမော့ပြီး ပြောလိုက်သည်။ "ဘာလုပ်တာလဲ?" လက်က ဖြူဖွေးပြီး ကြည်လင်နေသည်ကို ကြည့်ခြင်းဖြင့် အလုပ်မလုပ်သည်ကိုသိနိုင်သည်။ ဤကုအိမ်တွင် ဒီလိုက ကျန်းထျန်သာဖြစ်နိုင်သည်။

                             
"ညီမ မစားချင်ဘူးလား?" ကျန်းထျန် သူမလက်ကိုမြှောက်ထားရသည်မှာ ပင်ပန်းလာ၍ သကြားလုံးကို ကုလျန်မင်အိတ်ထဲထည့်ပေးလိုက်သည်။ "အမေက ညီမလေးကို သကြားလုံး၂ခုပေးခိုင်းတာ"

                       
ဒါက ကုလျ​န်မင် ကျန်း​ထျ​န်ဆီမှ စားစရာတစ်ခု ပထမဆုံးရဖူးခြင်းဖြစ်သည်။ သူမ ကျန်း​ထျ​န်ကို မယုံနိုင်စွာကြည့်ရင်း သူမအမေပေးခိုင်းသည်ဟုကြားမှ စိတ်ချသွားသည်။ မဟုတ်လျှင် သူမ အဆိပ်ပါမည်ကြောက်၍ မစားရဲပါ။

                 
   "အစ်မ ၂ခုထပ်ထည့်လိုက်တယ်" ကျန်း​ထျ​န် ကုလျန်မင်အမူအရာကိုကြည့်ကာ အတွေး​များကို လွယ်လွယ်ကူကူသိနိုင်၍ သူမကို အလိုကျသည်ကို သေချာစွာမြင်လိုက်သည်။

                      
  နာမည်မချန်ဘဲ ကောင်းသည့်လုပ်ရပ်များ သူမ မလုပ်သလို စိတ်ကောင်းရှိသည့် လုပ်ရပ်များလုပ်ပြီး သူများ ရှုံ့ချသည်ကိုလည်း ငြိမ်ခံသည်မဟုတ်ပါ။

                     
သူမ ကုလျန်မင်ကိုကြည့်ပြီး သကြားလုံး မျိုကျပါ့မလား? ကျန်းထျန် ကုလျန်မင် သူမကို မျက်စောင်းထိုးနေသည်ကိုမြင်၍ သူမအိတ်ထဲမှ သကြားလုံးကိုထုတ်၍ အခွံကိုခွာလိုက်ကာမီးဖိုထဲ ပစ်လိုက်သည်။

                      
ကုလျ​န်မင် ကျန်းထျန် ပါးစပ်ထဲ သကြားလုံးကိုပစ်ထည့်ပြီး ပါးစပ်ကြွက်သားများလှုပ်၍ သေချာဝါးစားနေသည်ကိုကြည့်ပြီး သူမကို ရန်စနေသည်ဟု တွေး​လိုက်သည် - သူမကြည့်မှ ကျန်းထျန်အကုန်စားလိုက်သည်ဖြစ်သည်။

                
ကျန်း​ထျ​န် - "...."ကုလျန်မင်က အရှက်မရှိသောသူတွေနှင့် သိပ်မ​ဆက်ဆံဖူးဘူးဖြစ်ရမည်။

                   
အသားက အိုးထဲတွင် ကျက်သွားပြီဖြစ်သည်။ ပစ္စည်းအလုံအလောက်ရှိ၍ ကုလျန်မင် ကျန်း​ထျ​န်လုပ်ခိုင်းသလို အသားကိုကြော်၍ ရေထည့်ပြီး အာလူး ပဲ ကြာဆံများပါ ထည့်ကာ ချက်လိုက်ရသည်။

                          
ရွှီ​ကျင်း​ဖန် ပစ္စည်များကို သေချာသိမ်းထားလိုက်ပြီး အမွှာတွေအခန်းကို သွားကြည့်လိုက်သည်။ အမွှာအကြီးလေးများမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး သကြားလုံးများကို ရေတွက်နေသည်။

                          
ရွှီကျင်းဖန် တိုးပြောလိုက်သည်။ "ဒီနေ့ည အသားနှပ် စားကြမယ်၊ မနက်ဖြန်မှ သကြားလုံးစား။ အိမ်အပြင် ယူမသွားကြနဲ့ဦး နားလည်လား?"

                     
"အမေ၊ မရီးက ကျွန်တော်တို့ကို ပြောထားလို့ ကျွန်တော်တို့ တစ်လုံးပဲစားထားတယ်!" လက်ညှိုးတစ်ချောင်းထောင်ပြရင်း "တစ်လုံးပဲ။ ရှောင်းဝူနဲ့ ကျွန်တော် စကားနားထောင်ပါတယ်!"

"သားတို့က လိမ္မာလိုက်တာ" ရွှီကျင်းဖန် အမွှာအကြီးလေးတွေရဲ့ ဆံပင်ကိုကိုင်လိုက်ပြီးနောက် ဘေးသို့သွားကာ အမွှာအငယ်လေးတွေ၏ နဖူးကို အဖျားရှိမရှိ ကိုင်ကြည့်လိုက်သည်။ ရွှီကျင်းဖန် ကုလျ​န်ရှင်းနှင့် ကုလျန်ထောင်ကိုမှာလိုက်သည်။

"ညီမလေး၂ယောက်ကို သေချာကြည့်ထားနော်။ ဟင်းချက်ပြီးရင် မေမေ သားတို့ကို လာခေါ်မယ်"    အမွှာ၂ယောက်မှာ ဆက်တိုက် ခေါင်းငြိမ့်နေကြသည်။

                      
ရွှီကျင်းဖန် လက်ဆေးပြီး မီးဖိုချောင်သို့ ကူရန် သွားလိုက်သည်။ သူမ အိုးအဖုံးကိုမ၍ ကြည့်လိုက်သည်။"အသားနှပ်ထားတာ ဘယ်လောက်ကြာပြီလဲ"

                     
ကုလျန်မင် ထင်းစဆွဲထုတ်လိုက်ပြီး "ရွာမူလတန်းကျောင်းတက်ချိန် တစ်ချိန်စာလောက်တော့ရှိပြီ။ ဆယ်မိနစ်လောက်ပဲ ထပ်နှပ်ဖို့လိုတော့တာ"

                     
"ကောင်းပြီ။ အမေကြက်ဥတစ်လုံးရယ် ဂျုံရယ်နဲ့ ပန်ကိတ်လုပ်လိုက်မယ်" ပန်ကိတ်လုပ်ရာတွင် အဓိကပစ္စည်းမှာ ပြောင်းဖူးမှုန့်ဖြစ်သည်။

                     
ရွှီကျင်းဖန် ပြောပြီးပြီးချင်း စလုပ်လိုက်သည်။ အင်္ကျီလက် ခေါက်တင်လိုက်ပြီး စည်ပိုင်းထဲမှ ပြောင်းဖူးမှုန့်တစ်ကော် ယူလိုက်၍ ကြက်ဥတစ်လုံးဖောက်ထည့်လိုက်သည်။ ဂျုံလက်ဆုပ်စာ ထပ်ထည့်လိုက်ကာ ရေနွေးနွေးနှင့် ဆုပ်နယ်လိုက်သည်။

                        
ကုလျန်မင်  ကြက်သွန်ဖြူ သခွားသီးပါးပါးလှီးထားသည်များနှင့် ရှာလကာရည်ရောကာ အရံဟင်းပြင်လိုက်သည်။

                         
  သူမ မီးဖိုတစ်ခု ထပ်မွှေးလိုက်သည်။  မုန်လာဥခြောက်မျှင်ကို ရေထဲစိမ်လိုက်ပြီး ခွာကာ ငရုတ်သီးဆားစိမ်များနှင့် ရောကြော်လိုက်သည်။ အိုးထဲမှထုတ်လိုက်ပြီး နှမ်းဆီတစ်စက်ချကာ ရောနယ်လိုက်သည်။ မွှေး၍ အရသာရှိမည့်ပုံပေါ်သည်။

                            
ညစာစားရန် အဆင့်သင့်ဖြစ်ပြီ။

                            

ကျန်းထျန် ဤသားအမိနှစ်ယောက် ဟင်းချက်နေသည်ကို ကြည့်နေမိသည်။ သူမ မီးဖိုချောင်ထဲတွင်နေပြီး ဟင်းနံ့မွှေးမွှေးများကိူ ရနေသည်။ ဟင်းခတ်အမွှေးအကြိုင်များမထည့်ဘဲနှင့် အိုးထဲကထွက်လာသောအခါ ဘာကြောင့် အရမ်းအရသာရှိမည့်ပုံပေါ်နေရသနည်း?

                        
ကုလျ​န်မင် ကျန်း​ထျ​န် အနံ့ခံနေသည်ကိုမြင်၍ သူမမေးကိုမော့ကာ ပန်းကန်နှင့်ကျန်းထျန်ရှေ့ ဖြတ်လျှောက်စဥ် [  ကြည့်၊ ဒါ သူမကြော်ထားတာ]ဟူသော မျက်နှာပေးနှင့် ကျန်းထျန်ကို ကြည့်လိုက်သည်။

                           
ကျန်းထျန် - " ......." သူမ စိတ်တိုသွားသော်လည်း သူမ ကုလျန်မင်၏ အရံဟင်းများကို စားရဦးမည်ဖြစ်၍ ကုလျန်မင်အား ရန်မစချင်သဖြင့် ပြောချင်သည်များကို မျိုသိပ်ထားလိုက်သည်။
   
                            
ဒီနေ့ည၏ အဓိကဟင်းမှာ အာလူး ပဲ ကြာဆံပါသော ဝက်သားနှပ်ဖြစ်သည်။ တစ်အိုးလုံးအပြည့်ဖြစ်ပြီး အနှစ်က အိုးတစ်ဝက်ဖြစ်သည်။ ခုချိန် ထမင်းတစ်အိုးသာရှိလျှင် သူမ အနည်းဆုံး ထမင်း၃ပန်းကန်လောက် စားနိုင်မည်ဟု ကျန်းထျန်ထင်သည်။

                            
ခေါက်ဆွဲပန်ကိတ်က အိုးနံရံတွင်ရှိပြီး အသားနှင့် အသီးအရွက်များ၏အရသာကို စုပ်ယူနေသည်။ ထိုအ​ချိန်တွင်ပင် ရွှီကျင်းဖန် ပန်ကိတ်များကို တူနှင့်ထုတ်လိုက်ပြီး ခြင်းထဲထည့်လိုက်သည်။

                   
သူမပန်ကိတ်အများကြီးကို နောက်ထပ်၂ရက်စာလောက်လုပ်ထားပေမယ့် ဟင်း​အနံ့များကြောင့် ပန်ကိတ်များမှာ မနက်ဖြန်ထိပင် မခံမည်ဖြစ်ကြောင်း ရွှီကျင်းဖန် ခံစားမိလိုက်သည်။ အနံ့အရမ်းမွှေးလှသဖြင့် သူမ အဆာပြေ ပန်ကိတ်တစ်ခုကို စားရန် မစောင့်နိုင်တော့ပါ။

                     
မိသားစုက အသားမစားရသည်မှာ တစ်လကျော်ပြီဖြစ်သည်။ လူကြီးများက သည်းခံနိုင်ပေမယ့် ရှောင်းဝူနှင့် ရှောင်လျိုမှာ သည်းမခံနိုင်ပါ။ ထို့ကြောင့် ဒီည အမွှာ၂ယောက် အရမ်းမစားမိရန် သတိထားရမည်။ မဟုတ်လျှင် ကလေးတွေ ညရောက်လျှင် ဗိုက်နာမည်ဖြစ်သည်။

                            
ဒီနေ့ သူမ ဝက်ဗိုက်သား ၂ပေါင်သုံးလိုက်သည်တောင် ဝက်သား၁ပေါင်နှင့် ဝက်ခြေထောက်၂ခု ကျန်သေးသည်ကို တွေ့​လိုက်သည်။ နောက်ရက်အနည်းငယ်ကြာ လယ်အလုပ်များသည့်ရက်တွင် မိသားစုဝင်အားလုံးအတွက် ထပ်ချက်ပေးရမည်။

                                 
သူမနှင့် လျန်ရုန်သာ မိသားစုတွင် အလုပ်လုပ်သော်လည်း အရမ်းအလုပ်များလျှင် အလုပ်အဖွဲ့က လူတိုးလုပ်ရန် ဖိအားပေးသဖြင့် လျန်မင်နှင့် အမွှာ၂ယောက်ပါ အလုပ်လုပ်ရသည်။

                           
အစားအစာများကို အိုးမှထုတ်၍ စားပွဲပေါ်တင်သောအခါ အနံ့က ခြံထဲတွင်ပြန့်သွားပြီး ကုမိသားစုကလူတိုင်း၏ နှာခေါင်းထိပ်ထိ ပြန့်နေပြီဖြစ်သည်။

                           
ကုလျန်ရွှမ် မီးဖိုချောင်တံခါးသို့ လှည့်ကြည့်လိုက်သည်။ ရိုးရိုးသားသား ဝန်ခံရလျှင် သူသည်လည်း လောဘကြီးသည်ဖြစ်သည်။ အသားနှပ်ဖြစ်၍ အရသာအလွန်ရှိမှာသေချာသည်။

                            
ကုလျန်ရှင်းနှင့် ကုလျ​န်ထောင်ကတော့ အိန္ဒြေမဆည်နိုင်ပါ။ သူတို့ခုံချထိုင်ကာ ခဏခဏ အနံ့ခံရင်း သဘောကျနေကြသည်။

ကျန်း​ထျ​န် ဟင်းပွဲပြင်ရင်း အလုပ်ရှုပ်နေသည်။ နောက်ဆုံး စားပွဲပေါ်တွင်အကုန်ပြင်ပြီးသောအခါ ကျန်းထျန် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "အမေ သမီးတို့ ကျန်တဲ့အသားနဲ့ ပေါက်စီလုပ်လိုက်ကြမလား"

                           
မိသားစုဝင်အများကြီးရှိသည်ဖြစ်၍ အသီးအရွက်ပါးပါးကြော်ထားသည်များနှင့်ပင် မတင်းတိမ်နိုင်ပါ။  ထို့ကြောင့် ပေါက်စီများထပ်လုပ်လိုက်သည်က ပိုအဆင်ပြေသည်။

                         
ရွှီ​ကျင်း​ဖန် ခဏ စဥ်းစားလိုက်ပြီး သူမခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "ဟုတ်တယ်! ထျ​န်ထျန်ပြောသလို ပေါက်စီလုပ်ကြမယ်။ အိမ်မှာ မုန်လာဥခြောက်နဲ့ မျှစ်ချဥ်တွေရှိတယ်။ မုန်လာဥခြောက်အစာနဲ့ တစ်မျိုး၊ မျှစ်ချဥ်အစာနဲ့တစ်မျိုး ပေါက်စီနှစ်မျိုးလုပ်လိုက်ရအောင်"
                      

ကုလျန်ရုန် တံခါးကို တွန်း၍ အိမ်ထဲဝင်လာသောအခါ သူ့အမေ ရက်ရက်ရောရောနှင့် အသားစားရမည့်အကြောင်းပြောနေသံကို ကြားလိုက်ရသည်။

      
ကုလျန်ရုန် - ငါ့အမေက တကယ် အကောင်းဆုံးပဲ!


°°°°°°°°°°°

Zawgyi

၁၉၇၀ ခုႏွစ္က အလိုလိုက္ခံထားရေသာနီးေလး

အပိုင္း ၆

                     
 ေငြ သုံးလည္း မသုံးခဲ့၍ ထပ္မလိုအပ္ပါ။ က်န္းထ်န္ မေသခ်ာလွစြာ ေမးလိုက္သည္။ "ဒါေတြ ဘယ္ေလာက္တန္လဲလို႔အေမထင္လဲ? "
                      

သူမ အခုေခတ္ေစ်းႏႈန္းေတြကို မသိေသာ္လည္း မူလပိုင္႐ွင္ မသိသည္ကေတာ့ မျဖစ္ႏိုင္။ 

                         
သူမ ေစ်းတြင္ ဂ်ံဳႏွင့္ အသား ဝယ္ခဲ့သည္။  ထို႔ေၾကာင့္ သူမ ဝက္သားက တစ္ေပါင္ ၈၀ဆင့္၊ ဂ်ံဳတစ္ေပါင္က ၂၀ဆင့္၊ ဆိုင္းဘုတ္ေပၚတြင္ေရးထား၍ ဆန္က တစ္ေပါင္ ၁၅၀ဆင့္ ျဖစ္ေၾကာင္း သိသည္။
                          

ေကာ္တြန္၊ ႏို႔မႈန္႔ႏွင့္က်န္ေသာ ပစၥည္းမ်ား၏ ေစ်းႏႈန္းကိုေတာ့ သူမ တကယ္မသိေပ။

                       
႐ႊီက်င္းဖန္ က်န္းထ်န္ ေတြးေနသည္မ်ားကို မသိပါ။ သူမ စားပြဲသို႔သြား၍ ပစၥည္းမ်ားကို ၾကည့္လိုက္သည္။
                          

ႏို႔မႈန္႔ကို သံဘူးထဲမထည့္ထားဘဲ အၾကည္အိတ္ေသးေသးေလးေတြထဲ ထည့္ထားသည္။  တစ္ထုပ္ကို ဆန္ျပဳတ္ထဲ ထည့္ျပဳတ္လိုက္လွ်င္ အမႊာေလးေတြ တစ္ေန႔စာေသာက္ရန္ လုံေလာက္သည္။ အထုပ္ေသး ၅၀ ၆၀ခန္႔႐ွိသည္။  တစ္ထုပ္ ၅၀ဆင့္ဆိုလွ်င္ ေပါင္း ယြမ္၃၀ခန္႔တန္မည္။ သူမ ၿမိဳ႕ေဈးတြင္ ဒီလိုႏို႔မႈန္႔ေရာင္းသည္ကို မေတြ႕ဖူးပါ။  ထို႔ေၾကာင့္ ေမွာင္ခိုေဈးတြင္ ဝယ္ခဲ့တာ ျဖစ္ႏိုင္သည္။ 

                    
႐ႊီက်င္းဖန္ အိတ္၏ ေသခ်ာထုပ္ပိုးထားမႈကို ၾကည့္၍ ဟိုက္႐ွီက ရတာျဖစ္ႏိုင္သည္ဟု ေတြးလိုက္သည္။ ေစ်းေတာ့မေပါလွ။ ေမွာင္ခိုေစ်း႐ွိ ကုန္သည္မ်ားၾကား အဆင့္ဆင့္ေရာင္းၿပီးသည့္ေနာက္ ေစ်းက အနည္းဆုံး ၂ဆ ၃ဆတက္သြားေလာက္သည္။ ႏို႔မႈန္႔အပါအဝင္ဆို ယြမ္၁၀၀ထပ္ မနည္းပါ။

                       
႐ႊီက်င္းဖန္ ေစ်းကိုတြက္ၾကည့္ၿပီး လန္႔သြားသည္။ ယြမ္၁၀၀မွာ သာမန္အလုပ္သမားတစ္ဦး၏ တစ္ႏွစ္လစာ တစ္ဝက္ျဖစ္သည္!!
         

                       
သူမ တံေတြးမ်ိဳခ်လိုက္ၿပီး ႏို႔မႈန္႔ကိုကိုင္ထားေသာ သူမလက္မ်ားတုန္ယင္လာၿပီး မ်က္လုံးမ်ား မူးေဝလာသည္။

                  
ယြမ္၁၀၀၊ ဒါက ယြမ္၁၀၀ျဖစ္သည္။ ၁ယြမ္ ၂ယြမ္မဟုတ္။ ယြမ္၁၀၀ျဖစ္သည္။

                    
႐ႊီက်င္းဖန္ စားပြဲကို ေထာက္လိုက္ရင္း တုန္ယင္စြာ ေမးလိုက္သည္။ "ထ်န္ထ်န္၊ သမီး အဲ့မွာႏို႔မႈန္႔သြားဝယ္တာ ဘယ္ေလာက္ ေပးလိုက္ရလဲ?" ေမွာင္ခိုေစ်းကို ဆိုလိုျခင္းျဖစ္သည္။ ႏို႔မႈန္႔က ပစၥည္းျပတ္လြယ္သည့္အတြက္ ပိုေစ်းႀကီးသည္။ မုေယာအေရာ ႏို႔မႈန္႔တစ္ဘူးဆိုလွ်င္ပင္ တစ္ဘူး ယြမ္၂၀ျဖစ္သည္။

                         
႐ႊီက်င္းဖန္ ထပ္စဥ္းစားလိုက္ၿပီး အေရာႏို႔မႈန္႔က ယြမ္၂၀ဆိုလွ်င္ ႏို႔မႈန္႔က ခုပိုသက္သာေနတာမ်ားလား?

                         
က်န္းထ်န္ ႐ႊီက်င္းဖန္၏ အစက သေဘာက်ေနရာကေန ေနာက္ တြက္ခ်က္စီစစ္ၿပီး ႐ုတ္တရက္ထိတ္လန္႔သြားေသာအမူအရာကို ေတြ႕လိုက္သည္။

                           
က်န္းထ်န္ ေခ်ာင္းဟန္႔လိုက္ၿပီး "သိပ္မမ်ားပါဘူး။ ယြမ္၄၀ ၅၀ေလာက္ပါပဲ?" ဟု ႐ႊီက်င္းဖန္မ်က္ႏွာကိုၾကည့္ရင္း ေျပာလိုက္သည္။
                           

ေစ်းမ်ားေနသည္လို႔ထင္တဲ့ပုံေပၚရင္ သူမ အေၾကာင္းျပခ်က္တစ္ခုေပးၿပီး ေစ်းႏႈန္းကိုေလွ်ာ့၍ ေျပာင္းေျပာလိုက္မည္။
        
                 
  ဒါေပမယ့္.....

                  
  ႐ႊီက်င္းဖန္ ရင္ဘက္ကိုကိုင္ထားၿပီး အသက္ျပင္းျပင္း႐ွဴလိုက္သည္။ ဒါကို ျမင္ေသာအခါ က်န္းထ်န္ ေခါင္း႐ႈပ္သြားသည္။

                          
ေစ်းႏႈန္းတိုးေျပာရမွာလား? ေလ်ာ့ေျပာရမလား?

                        
"  ၄၀ ၅၀ယြမ္မွာ ဂ်ံဳနဲ႔ အဝတ္၂စလည္း ပါပါတယ္" က်န္းထ်န္ ႐ႊီက်င္းဖန္ ပိုေလ်ာ့ေတြးေလာက္သည္ ဟု ခန္႔မွန္းၿပီး ေစ်းႏႈန္းကိုေျပာင္း၍ ေလွ်ာ့ေျပာလိုက္သည္။

                     
႐ႊီက်င္းဖန္: "?!"

                        
ဂ်ံဳက ေပါင္၄၀ ၅၀ဝန္းက်င္ေလာက္႐ွိသည္။ ေမွာင္ခိုေစ်းမွာ ဝယ္လွ်င္ေတာင္ ယြမ္၂၀ ၃၀မကေပ။ အဝတ္စကလည္း ၇ယြမ္ ၈ယြမ္တန္သည္။ ဝက္ေျခေထာက္က ၂ယြမ္ ၃ယြမ္၊ ေစ်းႀကီးပုံေပၚေသာ ႏို႔မႈန္႔ အားလုံးေပါင္း ယြမ္ ၄၀ ၅၀ေလာက္ပဲ ကုန္က်သည္လား?!

                          
ဒါက ေကာင္းကင္မွ က်လာေသာအစိုင္အခဲတစ္ခုလို ႐ႊီက်င္းဖန္ကို မူးေမ့ေစသည္။ သူမ က်န္းထ်န္ပုခုံးကို လက္ႏွစ္ဖက္ႏွင့္ ကိုင္လိုက္ၿပီး "ထ်န္ထ်န္၊ သမီးအလိမ္ခံလိုက္ရတာေတာ့ မဟုတ္ဘူးမလား?"

                     
ကုလ်န္မင္ ; "......"သူမနားစြင့္နားေထာင္ေနရင္း ထိုစကားၾကားလိုက္ေသာအခါ သူမလည္း အညာမိခ်င္သည္ဟု ေတြးလိုက္သည္။ ဒီေလာက္ အမ်ားႀကီးက ယြမ္၄၀ ၅၀ပဲ ကုန္က်သည္ဆိုေတာ့ က်န္းထ်န္ ေစ်းသည္ကို လွည့္စားလာခဲ့တာေနမည္။

                    
က်န္းထ်န္ ေခါင္း႐ႈပ္သြားသည္။ စိတ္ညစ္စြာ လက္ေခ်ာင္းမ်ားကိုသာ ဆုတ္ကိုင္ရင္း စားပြဲေပၚက ပစၥည္းမ်ားကိုၾကည့္ကာ သူမ ေစ်းေျပာတာ မ်ားသြားသလားဟု ေတြးမိရင္း မ်က္ႏွာမထားတတ္ျဖစ္သြားသည္။

ယခုေခတ္က ေစ်းႏႈန္းမ်ားက သူမထင္ထားသည္ထပ္ ပိုနည္းေနသည္လား?
 
                        
"အရမ္းတန္တာပဲ!"႐ႊီက်င္းဖန္ က်န္းထ်န္ကို လႈပ္၍ ေျပာလိုက္သည္။ "ထ်န္ထ်န္၊ သမီး​ႏို႔မႈန္႔ေတြကို ဘယ္ကဝယ္ခဲ့တာလဲ? ထုပ္ပိုးထားတာက သပ္ရပ္ေနၿပီး အရမ္းလည္း ေစ်းသက္သာတယ္!"

                       
က်န္းထ်န္ - "...." သူမ ေခါင္းတစ္ခ်က္ေစာင္းလိုက္ၿပီး သက္ျပင္းအသာခ်လိုက္သည္။ ကံေကာင္းစြာျဖင့္ ဘာမွမ​ျဖစ္လိုက္ပါ။

                        
က်န္းထ်န္ ျပဳံးလိုက္ၿပီး တက္ႂကြစြာ ေျပာလိုက္သည္။ "သမီး ေစ်းကိုသြားေတာ့ လူတစ္ေယာက္နဲ႔ဆုံတာ၊ မထင္မွတ္ပဲ ပစၥည္းေကာင္းရခဲ့တယ္။ ေနာက္တစ္ခါ သမီး ထပ္သြားၿပီး ႐ွာၾကည့္လိုက္မယ္"

                           
႐ႊီက်င္းဖန္ ရယ္လိုက္ၿပီး က်န္းထ်န္ေျပာသည္ကိုၾကား၍ သေဘာမတူစြာ ေျပာလိုက္သည္။ "ထ်န္ထ်န္ အဲ့ေနရာက အႏၲရာယ္မ်ားတယ္။ သမီး အဖမ္းခံရရင္ မလြယ္ဘူး။ တစ္ေယာက္တည္းမသြားနဲ႔။ အေမအားမွ အေမနဲ႔သြား"

                  
" အက်ိဳးရလာဒ္ေသးေသးေလး ရလိုက္ရင္ ဆုံး႐ႈံး​မႈအႀကီးႀကီးခံစားရတာမ်ိဳး ႐ွိလိမ့္မယ္။ အေမ သမီးကိုေတာ့ မခံစားေစခ်င္ဘူး။ ျဖစ္ခ်င္းျဖစ္ အေမပဲ ျဖစ္လိုက္မယ္"

                    
"ဒီစစ္စိမ္းေရာင္ အဝတ္စက ကိုင္လို႔ေကာင္းၿပီး ခ်ည္က ေသးၿပီး က်စ္တယ္" အဝတ္လုပ္ဖို႔အေနေတာ္ျဖစ္သည္။ ကုလ်​န္႐ႊမ္ ေျခေထာက္ကို သတိရသြား၍ ႐ႊီက်င္းဖန္ သက္ျပင္းခ်လိုက္ၿပီးမွ စားပြဲကိုၾကည့္ရင္း တစ္ဖန္ ျပန္ျပဳံးလိုက္သည္။ "စစ္စိမ္းေရာင္အစက ထ်​န္ထ်န္ ခ်ဳပ္ဝတ္လိုက္။ ေကာ္တြန္အျဖဴစက အမႊာေလးေတြအတြက္"

                         
ကုလ်န္မင္ ဒီေယာကၡမႏွင့္ ေခြၽးမကို မီးဖိုေဘးမွၾကည့္ရင္း စိတ္အနည္းငယ္ ပ်က္သြားသည္။ သူမအေမက သမီးအရင္းထပ္ က်န္းထ်န္ကို ဘာလို႔ပိုေကာင္းေနရတာလဲ?
                             

တစ္ျခားအိမ္ေတြဆို ေယာကၡမက ေခြၽးမကိုၾကည့္မရ၊ ေခြၽးမက ေယာကၡမကို ၾကည့္မရႏွင့္ ရန္မျဖစ္သည့္ေန႔မ႐ွိ။ သူမ​အိမ္မွာေတာ့ ရန္ျဖစ္မည့္ အရိပ္အေယာင္ပင္မ႐ွိ!!

                             
ကုလ်န္မင္ နားမလည္ႏိုင္။ က်န္းထ်န္လည္း သူမကဲ့သို႔ အေမ႐ိုက္သည္ကို ေတြ႕​ၾကဳံေစခ်င္သည္!
                             

ကုလ်န္မင္ ထင္းစကိုကိုင္ၿပီး သက္ျပင္းခ်ေနစဥ္ သူမမ်က္လုံးေ႐ွ႕တြင္ သၾကားလုံးအျပည့္နင့္ ႏူးႏူးညံ့ညံ့လက္ျဖဴျဖဴတစ္စုံကို ေတြ႕လိုက္သည္။

                       
ကုလ်န္မင္ ထူးဆန္းသည့္ အမူအရာျဖင့္ ေခါင္းေမာ့ၿပီး ေျပာလိုက္သည္။ "ဘာလုပ္တာလဲ?" လက္က ျဖဴေဖြးၿပီး ၾကည္လင္ေနသည္ကို ၾကည့္ျခင္းျဖင့္ အလုပ္မလုပ္သည္ကိုသိႏိုင္သည္။ ဤကုအိမ္တြင္ ဒီလိုက က်န္းထ်န္သာျဖစ္ႏိုင္သည္။

                             
"ညီမ မစားခ်င္ဘူးလား?"

Bạn đang đọc truyện trên: Truyen2U.Net