8

Màu nền
Font chữ
Font size
Chiều cao dòng

Unicode

၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး

အပိုင်း ၈

                     
အမွှာအကြီးလေးတွေအစား ရွှီကျင်းဖန် လူလဲလိုက်သဖြင့် အမွှာအကြီးလေးတွေ ထမင်းစားရန် အမြန်ပြေးသွားကြသည်။

                      
လူစုံသည်နှင့် ညစာစစားလို့ရပြီဖြစ်၍ တူများအားလုံး စားပွဲအလယ်က အသားဟင်းသို့ညရောက်သွားကြသည်။

                        
ကျန်းထျန် ဝက်သားနှပ် တစ်ဖက်ယူလိုက်၍ ပါးစပ်ထဲထည့်လိုက်သည်။ အဆီ၊အသားမှာ နူးညံ့နေပြီး မအီပါ။ ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်။ ထင်းမီးဖိုတွင် အိုးကြီးနှင့်ချက်ထားသော အသားမှာ အရမ်းအရသာရှိလှသည်။

                        
ကျန်းထျန် ပန်ကိတ်ကို တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ပန်ကိတ်မှာ ရွှေရောင်သန်းပြီး ကြွပ်ရွနေသည်။ ပြောင်းအချိုအရသာနှင့် အနည်းငယ် ငံသောအရသာရောနေသည်။ သူမ ဒီလိုထူးခြားပြီး အရသာရှိလှသောပန်ကိတ်ကို မစားဖူးပါ။

                       
ကြာဆံမှာ အရသာထူးခြားပြီး အာလူးမှာ နူးအိနေကာ ပဲများမှာ အလွန်အရသာရှိသည်။ မုန်လာဥနှင့် ငရုတ်အပွမှာ အနည်းငယ်စပ်သော်လည်း အစားအစာများကို ပိုခံတွင်းမြိန်စေသည်။ ကျန်းထျန် အစားအသောက်နိဗ္ဗာန်ကမ္ဘာထဲ ရောက်သွားသလို ခံစားနေရသည်။

                       
ဟင်းခတ်အမွှေးအကြိုင်များမရှိ၍ အရသာမှာ ထူးဆန်းနေမည်ဟု ကျန်းထျန်ထင်ခဲ့သော်လည်း အစားအစာများမှာ အရမ်းအရသာရှိနေသည်။

                 
ကျန်းထျန် နှစ်ခြိုက်စွာ ဆက်တိုက်စားရင်း  ပန်ကိတ်၃ခုပင်ကုန်သွားပြီဖြစ်သည်။

                  
သူမ အများကြီး စားလိုက်မိပြီ ထင်လိုက်သော်လည်း သူမဘေးမှ ကုလျန်ရွှမ်နှင့် ကုလျန်ရုန်မှာ စားနေကြတုန်းဖြစ်သည်။

                     
သူတို့၂ယောက်မှာ ဘေးသို့ပင်မကြည့်ပဲ ဆက်တိုက်စားနေကြသည်။ ပန်ကိတ်တစ်ခုစားပြီးနောက် နောက်တစ်ခုကို ထပ်ကိုင်လိုက်သည်။ ၂ကိုက်၃ကိုက်စားပြီးကုန်သွားလျှင် နောက်တစ်ခုက ပန်းကန်ထဲတွင် အသင့်နေရာယူပြီးဖြစ်သည်။

                 
ကျန်းထျန် သူတို့ကိုကြည့်ရင်း အံ့အားသင့်သွားသည်။

                  
ကုလျန်မင်မှာ သူမထက် ပို​စားနိုင်သည်။ ပန်ကိတ်၃ချပ်ကုန်သွားပြီဖြစ်ပြီး ၅ချပ်မြောက်ကို စားနေခြင်းဖြစ်သည်။

                        
အမြွှာ၂ယောက်မှာလည်း ဖြည်းဖြည်းချင်းဝါးစားနေကာ ပန်ကိတ် ၂ချပ်မြောက်ဖြစ်သည်။

                           
ကုမိသားစုက တစ်လဝင်ငွေမနည်းပေမယ့် အရမ်းဆင်းရဲသည့်အကြောင်းမှာ မည်သို့ကြောင့်ဖြစ်သည်ကို ကျန်းထျန် နားလည်လိုက်သည်။ အပေါ်ဆုံးသားအကြီး၂ယောက်မှာ အလွန်စားနိုင်ရုံမက အငယ်၃ယောက်မှာလည်း ထွားသည့်အရွယ်ဖြစ်၍ အများကြီးစားကြသည်။ ဒီနေ့ သူတို့စားသည့်ပုံကြည့်ပြီး စားစရာဘယ်လောက်ရှိရှိ မလောက်ကြောင်း သိလိုက်သည်။

                    
ဒါတောင် ကျန်းထျန်နှင့် ရွှီကျင်းဖန်ကို ထည့်မတွက်ထားသေးပါ။ ကျန်းထျန် ခေါင်မိုးကိုကြည့်ရင်း စဥ်းစားကြည့်လိုက်သည်။ သူမမှတ်ဉာဏ်အရ ရွှီကျင်းဖန်သည်လည်း အလွန်သန်မာသည့်ပုံပေါ်၍ စားနိုင်လောက်သည်။

                     
ကျန်းထျန် - "....."သူမ တံတွေးမျိုချရင်း သူမ လောဘကြီးသည်ကိုမြင်ပြီး ကုမိသားစုတွင် ကုလျန်မင်တစ်ယောက်သာ ဘာလို့အပြစ်ပြောသည်ကို သဘောပေါက်သွားသည်။

                        
ကျန်းထျန်မှာ ပစ္စည်းကောင်းတွေကို လောဘကြီးသည်ဖြစ်ပြီး အစားအသောက်ပိုင်းတွင် လောဘကြီးသည်ကိုတော့ ကုမိသားစုကို မမီပါ။

                        
ကုလျန်မင် ပန်ကိတ်၆ချပ်စားပြီးနောက် ထပ်မစားနိုင်တော့၍ ဘေစင်တွင် ရေတစ်ခွက်ခပ်ပြီး ပါးစပ်ပလုတ်ကျင်းလိုက်သည်။ "ညီမ အမေနဲ့ လူသွားလဲလိုက်တော့မယ်  !"

                       
ကုလျန်ရွှမ်နှင့် ကုလျန်ရုန် မော့မကြည့်ဘဲ ခေါင်းသာညိတ်ပြီး "ကောင်းပြီ"လို့ပြောကြသည်။

                      
ကျန်းထျန်ကို ကုလျန်မင် အရှေ့အခန်း၌ ရွှီကျင်းဖန်နှင့် လူလဲသည်ကို မြင်လိုက်သည်။

                    
ရွှီကျင်းဖန် လူတိုင်းစားကောင်းကြသည်ကို မြင်၍ ပြုံးကာပြောလိုက်သည်။ "လျန်မင်ရဲ့ ဟင်းချက်လက်ရာက တော်တော်တိုးတက်လာတာပဲ။ အမေ အရှေ့အခန်းထဲကနေ အနံ့တွေရပြီး တော်တော်ဆာလာတယ်"

                         
ကျန်းထျန် ထလိုက်ပြီး ဖယ်ထားသော စားစရာများကို ဖွင့်လိုက်ရင်း ရွှီကျင်းဖန်ကို ပြောလိုက်သည်။ "အမေ၊ သမီး အမေ့အတွက် သိမ်းထားပေးတယ်"

                    
ရွှီကျင်းဖန် ပန်းကန်လုံးကြီးထဲတွင် ဝက်သားဖတ်များ စားစရာများ အပြည့်ထည့်ထားသည်ကိုမြင်ကာ ရင်ထဲ နွေးထွေးသွားသည်။

                       
သူမ ခေါင်းမဖော်တမ်း စားနေသောသားအကြီးဆုံးနှစ်ယောက်ကိုကြည့်ရင်း ထျန်ထျန်ကမှ သိတတ်ကြောင်း တွေးလိုက်သည်။

                         
သူမ အပြုံးနှင့် ကျန်းထျန်ဆီမှ ပန်ကိတ်နှင့် ဝါးတူကိုယူလိုက်သည်။ "ထျန်ထျန်၊ သမီးဘာလို့မစားတာလဲ?"

                       
ကျန်းထျန် ရွှီကျင်းဖန်အတွက် စွပ်ပြုတ်တစ်ခွက်ချပေးလိုက်သည်။ "အမေ၊ သမီး ဗိုက်ဝသွားပြီ" ရွှီကျင်းဖန်ကိုကြည့်ရင်း ထပ်ပြောလိုက်သည်။ "အမေ၊ သမီး ဗိုက်အရမ်းတင်းနေလို့ အစာကြေအောင် အနောက်ကတောင်မှာ ထင်းသွားကောက်လို့ရလား?"

"သွားလေ"ရွှီ​ကျင်း​ဖန် ခေါင်းညိတ်လိုက်သည်။

                        
အရှေ့အခန်းမှာထိုင်ရင်း သူမစဥ်းစားကြည့်မိသည်။ ထျန်ထျန် သူမလက်ထပ်ပြီး အိမ်အလုပ်မလုပ်သည်မှာ ပျင်း၍မဟုတ်ပဲ သူမနေသားမကျသေး၍ ဖြစ်မည်။

                        

ထျန်ထျန်အဖိုးမှာ မနှစ်က ဆောင်းရာသီ၌ ဆုံးပါးသွားခဲ့သည်။ သူမမိဘတွေနှင့် ကောင်းကောင်းမရင်းနှီးသဖြင့် သူမအိမ်တွင်နေရသည်မှာ သိပ်အဆင်မပြေ။ ထို့ကြောင့် ကုမိသားစုတွင် နေရသည်မှာ ပို၍အဆင်မပြေဖြစ်မည်။

                     
ကုမိသားစုအိမ်တွင် ကိစ္စတစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့၍ ထျန်ထျန် ထိတ်လန့်ပြီး အလုပ်မလုပ်ချင်တာနေမည်။

                      
ပြီးတော့ ကုမိသားစုတွင် ထျန်ထျန်က သူမကိုသာသိသည်။ ဒီကလေးတွေက ထျန်ထျန် အဘိုးအိမ်မရောက်ဖူးသဖြင့် ထျ​န်ထျန်နှင့် မဆုံဖူးပါ။ ထျန်ထျန်က လက်ထပ်ပြီးသည်နှင့် ကုမိသားစု၏ အကြီးဆုံးချွေးမဖြစ်လာသဖြင့် ထိတ်လန့်တုန်လှုပ်ပြီး လုပ်ချင်စိတ်မရှိတာနေမည်။

                    
ရွှီကျင်းဖန် ကျန်း​ထျ​န်ကို ဘယ်လိုဖြစ်ဖြစ် အကောင်းဖက်ကတွေးပေးပြီး အကြောင်းပြ​ချက် ရှာပေးသည်။ သူမအတွေးထဲတွင် သူမကိုငယ်စဥ်က သကြားလုံးပေးခဲ့သော ကလေးမမှာ ဘယ်လိုဖြစ်ဖြစ် ချစ်စရာကောင်းသည်ဖြစ်သည်။

                   
"ရှောင်းဝူနဲ့ ရှောင်းလျိုကိုလည်း သမီးနဲ့ တူတူသွားခိုင်း။ ကလေးတွေ စားတာများပြီး ဗိုက်မကောင်းဖြစ်မှာစိုးလို့" ရွှီကျင်းဖန် ကလေး၂ယောက်ကို ပန်ကိတ်ဆက်မယူရန်တားလိုက်ပြီး မာန်လိုက်သည်။

"သားတို့ ဘယ်လောက်စားပြီးပြီလည်း? ထပ်မစားနဲ့တော့။လအမေ​သိမ်းထားလိုက်တော့မယ်။ အခု ထျန်ထျန်နဲ့ တောင်ကို အရင်လိုက်သွားလိုက်။ နောက်ဆာမှထပ်စား"

                 
ကလေးတွေမှာ မတားလျှင် ဗိုက်တင်းတင်းမတင်းတင်း ဆက်စားမည်ဖြစ်သည်။ အမွှာအကြီးလေးတွေ ပန်ကိတ်ယူရန် လှမ်းနေသော လက်များကို ရုတ်လိုက်ကာ စိတ်ဓါတ်ကျနေသောအမူအရာဖြင့်  စားချင်သလောက်စားနေသော အကိုအကြီးဆုံးနှင့် တတိယမြောက်အကိုကို အားကျစွာကြည့်လိုက်သည်။ လူကြီးတွေမှာ သူတို့​စားချင်သလောက် စားနိုင်သည်။

              
ကျန်းထျန်နှင့် အမွှာ၂ယောက် ကျောတွင် ဝါးခြင်းကိုယ်စီနှင့် ထင်းကောက်ရန် အနောက်ဘက်ကတောင်သို့ သွား​လိုက်သည်။ ဤတောင်ကို အလွန်ကျယ်ပြန့်သည်ဟု ပြောကြသည်။

အတွင်းပိုင်းထိ လျှောက်သွားလျှင်  ဝက်ဝံရိုင်းများ မြေခွေးများကို တွေ့နိုင်ပြီး လွန်ခဲ့သောနှစ်အချို့က ကျားများကိုပင် တွေ့သည်ဟု ပြောကြသည်။ ကုမိသားစုက ဤနေရာဝန်းကျင်တွင်နေသည်။ သစ်သား သို့မဟုတ် လူအရပ် တစ်ဝက်ခန့်မြင့်သော ရွှံ့နံရံများနှင့် ဆောက်ထားသော ရွာမှ တခြားအိမ်များနှင့်မတူဘဲ ကုအိမ်နံရံများမှာ တောင့်တင်းမြင့်မားသည်။

                        
ယခုအချိန်တွင် မည်သူမှ တောင်သို့မလာကြပါ။ တစ်မိသားစုလုံး အိမ်မှာစားလျှင်စား သို့မဟုတ် စားပြီးနောက် ရွာလယ်က ကြိတ်ဆုံကျောက်ကြီးတွင် ဝိုင်းဖွဲ့စကားပြောလေ့ရှိကြသည်။

                       
ကျန်းထျန် အရှေ့မှ လျှောက်ကာ တုတ်တစ်ချောင်းနှင့် လမ်းတွင်ရှိသောကျောက်ခဲများကို ဖယ်နေပြီး နောက်မှ​လိုက်လာသော အမွှာလေးများကိုပြောလိုက်သည်။ "မောင်လေးတွေ လက်ထဲထင်းတွေ အများကြီးကိုင်မထားနဲ့နော်။ များလာရင် အစ်မခြင်းထဲထည့်၊ ဟုတ်ပြီလား?"

                    
"ဟုတ်ကဲ့"

                     
"လိမ္မာလိုက်တာ"ကျန်းထျန်ချီးကျူးလိုက်သည်။ "ပြန်ရင် သကြားလုံးထပ်ပေးမယ်"

              
အမွှာလေးတွေ ပျော်ရွှင်စွာ အော်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ မရီး"

                      
ထင်းတွေစုထားသည့်နေရာရောက်သောအခါ ကျန်းထျန်ရပ်လိုက်ပြီး "ဒီမှာပဲ ထင်းတွေစုထားကြမယ်။ မောင်လေးတို့၂ယောက် အစ်မ ရှိတဲ့နေရာကနေ ဝေးဝေးမသွားနဲ့နော်"

                    
အမွှာလေးတွေ ခေါင်းညိတ်ကာ အော်ပြောလိုက်သည်။ "ဟုတ်ကဲ့"

                      
ကျန်းထျန် အမွှာလေးတွေ ခေါင်းကိုကိုင်ပြီး "သွားလို့ရပြီ" အမွှာလေးတွေ အနောက်ဘက်တွင် ခုန်ပေါက်ပြီး အဆင်ပြေသည့်ပုံပေါ်မှ ကျန်းထျန် အပင်ကြီးတစ်ပင်နောက်တွင် မြန်မြန်ပုန်းလိုက်သည်။

                    
ဘယ်သူမှမရှိတာ သေချာအောင် ၂ကြိမ်လောက် လှည့်ကြည့်ပြီးမှ သူမစွမ်းအားများကို စစ်ဆေးလိုက်သည်။

        
သူမ ကမ္ဘာပျက်ခေတ်တွင် ရသည့် စွမ်းအားမှာ ပွားနိုင်သည့် စွမ်းအားဖြစ်သည်။ အစောပိုင်းအဆင့်တွင် အားနည်းပြီး နောက်ပိုင်းတွင် ပိုဆိုးသည့် စွမ်းအားဖြစ်သည်။

                  
ဘာလို့ဒီလိုပြောရသည်လဲဆို သူမ ဒီခေတ်ကို မကူးပြောင်းခင် ကမ္ဘာပျက်ခေတ်တွင် စုစုပေါင်း စွမ်းအားအဆင့်၉ဆင့်ရှိသည်။ ပထမဆုံးအဆင့်မှ တတိယမြောက်အဆင့်ထိမှာ စတင်သူများဖြစ်ပြီး စတုတ္ထမြောက်အဆင့်မှ ဆဌမမြောက်အဆင့်မှာ အလယ်အလတ်အဆင့်ဖြစ်ကာ သတ္တမမြောက်အဆင့်မှ နဝမမြောက်အဆင့်ထိမှာ ကျွမ်းကျင်သူများအဆင့်ဖြစ်သည်။

                
အခြေခံပွားသည့်စွမ်းအားမှာ သက်မဲ့များကိုသာ ပွားနိုင်ပြီး အရွယ်အစားနှင့် ပမာဏမှာလည်း အလွန်ကန့်သတ်သည်။ သူမ ရေနှင့်အစားအစာ စသောပစ္စည်းများကိုသာ ပွားဖို့ အသုံးပြုသည်။

ပထမအဆင့်ဖြင့် တစ်နေ့တာ လူတစ်ယောက်၏ အစားအစာနှင့် ရေကိုသာ ထောက်ပံ့ပေးနိုင်သည်။ ဒုတိယမြောက်အဆင့်တွင် သူမ အရမ်းထပ်မပွားနိုင်။ တတိယမြောက် အဆင့်ရောက်သောအခါ သူမကို အဖွဲ့က အလေးအနက်မထားတော့ချေ။

                    
အလယ်အလတ်အဆင့် ရောက်သောအခါ ကျန်းထျန်စွမ်းအားမှာ အရည်အသွေး ပြောင်းလဲသွားသည်။ သူမ တစ်ခြားလူများ၏ စွမ်းအားကို ပွားနိုင်သွားသည်။ အလွန်စွမ်းအားကြီးသကဲ့သို့၊ တစ်ဆယ်မီလီယမ်လောက် ရသလို အံအားသင့်ဖွယ်ကောင်းသည့်ပုံပေါ်သော်လည်း ကျန်းထျန်မှာ ကံမကောင်းပါ။ ဘုရားသခင်က သူမကို မျက်နှာသာပေးချင်ပုံမရပေ။

                     
သူမ စမ်းသပ်ကြည့်ပြီးနောက် အဖွဲ့သားများဆီမှကူးယူထားသောစွမ်းအားမှာ မူလ​စွမ်းအားပိုင်ရှင်ထက် အဆင့်၂ဆင့် နိမ့်ကြောင်း သိလိုက်သည်။ ထို့အပြင် တစ်ကြိမ်တွင် စွမ်းအားတစ်ခုသာ ကူးယူနိုင်ပြီး အဆင့်ထပ်မြှင့်၍မရပေ။

                         
တိုက်ဆိုင်စွာ ထိုအချိန်က သူမပွားယူခဲ့သည်မှာ အဖွဲ့က ပဉ္စမအဆင့် နေရာလွတ် စွမ်းအားအသုံးပြုသူ၏ စွမ်းအားဖြစ်၍ သူမဆီမှာဆိုလျှင် တတိယအဆင့်နေရာလွတ် စွမ်းအားဖြစ်သည်။ တတိယအဆင့်နေရာလွတ် စွမ်းအားမှာ ၁၀၀စတုရန်းမီတာထက် သေးပြီး အမြင့်မှ ၅မီတာအောက်ဖြစ်၍ သူမ အော်ငိုချင်သွားသည်။

ပဉ္စမ အဆင့် နေရာလွတ် စွမ်းအားမှာဆိုလျှင် ဧရိယာ ၁၀၀၀ စတုရန်းမီတာထက် ပိုကြီးပြီး  ၂၉မီတာမြင့်သဖြင့် သူမ​အတွက်ဆိုလျှင် ဆုံးရှုံးမှုကြီးဖြစ်သည်!!

                       
ပိုဆိုးသည်မှာ သူမ စွမ်းအားတစ်ခုစီကို တစ်ကြိမ်သာကူးနိုင်၍ သူမ ပဉ္စမအဆင့်ရောက်၍ ကူးယူရန်ထပ်ကြိုးစားသောအခါ မအောင်မြင်ခဲ့ပေ။

                       
သူမရှိလေဟာနယ်မှာ အမြဲတမ်း ၅၀၀ကုဗမီတာ ဆန့်၍ စုဆောင်းသူဖြစ်သည့် သူမအတွက် လေဟာနယ်တွင် ပစ္စည်းတစ်မျိုးစီကို တစ်ခါသာကူး၍ သိမ်းထားရပြီး သူမအသုံးလိုမှ ပွားရသည်။



•••••••••

Zawgyi

၁၉၇၀ ခုႏွစ္က အလိုလိုက္ခံထားရေသာနီးေလး

အပိုင္း ၈

                     
အမႊာအႀကီးေလးေတြအစား ႐ႊီက်င္းဖန္ လူလဲလိုက္သျဖင့္ အမႊာအႀကီးေလးေတြ ထမင္းစားရန္ အျမန္ေျပးသြားၾကသည္။

                      
လူစုံသည္ႏွင့္ ညစာစစားလို႔ရၿပီျဖစ္၍ တူမ်ားအားလုံး စားပြဲအလယ္က အသားဟင္းသို႔ညေရာက္သြားၾကသည္။

                        
က်န္းထ်န္ ဝက္သားႏွပ္ တစ္ဖက္ယူလိုက္၍ ပါးစပ္ထဲထည့္လိုက္သည္။ အဆီ၊အသားမွာ ႏူးညံ့ေနၿပီး မအီပါ။ ပါးစပ္ထဲတြင္ ေပ်ာ္ဝင္သြားသည္။ ထင္းမီးဖိုတြင္ အိုးႀကီးႏွင့္ခ်က္ထားေသာ အသားမွာ အရမ္းအရသာ႐ွိလွသည္။

                        
က်န္းထ်န္ ပန္ကိတ္ကို တစ္ကိုက္ကိုက္ၾကည့္လိုက္သည္။ ပန္ကိတ္မွာ ေ႐ႊေရာင္သန္းၿပီး ႂကြပ္႐ြေနသည္။ ေျပာင္းအခ်ိဳအရသာႏွင့္ အနည္းငယ္ ငံေသာအရသာေရာေနသည္။ သူမ ဒီလိုထူးျခားၿပီး အရသာ႐ွိလွေသာပန္ကိတ္ကို မစားဖူးပါ။

                       
ၾကာဆံမွာ အရသာထူးျခားၿပီး အာလူးမွာ ႏူးအိေနကာ ပဲမ်ားမွာ အလြန္အရသာ႐ွိသည္။ မုန္လာဥႏွင့္ င႐ုတ္အပြမွာ အနည္းငယ္စပ္ေသာ္လည္း အစားအစာမ်ားကို ပိုခံတြင္းၿမိန္ေစသည္။ က်န္းထ်န္ အစားအေသာက္နိဗၺာန္ကမ႓ာထဲ ေရာက္သြားသလို ခံစားေနရသည္။

                       
ဟင္းခတ္အေမႊးအႀကိဳင္မ်ားမ႐ွိ၍ အရသာမွာ ထူးဆန္းေနမည္ဟု က်န္းထ်န္ထင္ခဲ့ေသာ္လည္း အစားအစာမ်ားမွာ အရမ္းအရသာ႐ွိေနသည္။

                 
က်န္းထ်န္ ႏွစ္ၿခိဳက္စြာ ဆက္တိုက္စားရင္း  ပန္ကိတ္၃ခုပင္ကုန္သြားၿပီျဖစ္သည္။

                  
သူမ အမ်ားႀကီး စားလိုက္မိၿပီ ထင္လိုက္ေသာ္လည္း သူမေဘးမွ ကုလ်န္႐ႊမ္ႏွင့္ ကုလ်န္႐ုန္မွာ စားေနၾကတုန္းျဖစ္သည္။

                     
သူတို႔၂ေယာက္မွာ ေဘးသို႔ပင္မၾကည့္ပဲ ဆက္တိုက္စားေနၾကသည္။ ပန္ကိတ္တစ္ခုစားၿပီးေနာက္ ေနာက္တစ္ခုကို ထပ္ကိုင္လိုက္သည္။ ၂ကိုက္၃ကိုက္စားၿပီးကုန္သြားလွ်င္ ေနာက္တစ္ခုက ပန္းကန္ထဲတြင္ အသင့္ေနရာယူၿပီးျဖစ္သည္။

                 
က်န္းထ်န္ သူတို႔ကိုၾကည့္ရင္း အံ့အားသင့္သြားသည္။

                  
ကုလ်န္မင္မွာ သူမထက္ ပို​စားႏိုင္သည္။ ပန္ကိတ္၃ခ်ပ္ကုန္သြားၿပီျဖစ္ၿပီး ၅ခ်ပ္ေျမာက္ကို စားေနျခင္းျဖစ္သည္။

                        
အႁမႊာ၂ေယာက္မွာလည္း ျဖည္းျဖည္းခ်င္းဝါးစားေနကာ ပန္ကိတ္ ၂ခ်ပ္ေျမာက္ျဖစ္သည္။

                           
ကုမိသားစုက တစ္လဝင္ေငြမနည္းေပမယ့္ အရမ္းဆင္းရဲသည့္အေၾကာင္းမွာ မည္သို႔ေၾကာင့္ျဖစ္သည္ကို က်န္းထ်န္ နားလည္လိုက္သည္။ အေပၚဆုံးသားအႀကီး၂ေယာက္မွာ အလြန္စားႏိုင္႐ုံမက အငယ္၃ေယာက္မွာလည္း ထြားသည့္အ႐ြယ္ျဖစ္၍ အမ်ားႀကီးစားၾကသည္။ ဒီေန႔ သူတို႔စားသည့္ပုံၾကည့္ၿပီး စားစရာဘယ္ေလာက္႐ွိ႐ွိ မေလာက္ေၾကာင္း သိလိုက္သည္။

                    
ဒါေတာင္ က်န္းထ်န္ႏွင့္ ႐ႊီက်င္းဖန္ကို ထည့္မတြက္ထားေသးပါ။ က်န္းထ်န္ ေခါင္မိုးကိုၾကည့္ရင္း စဥ္းစားၾကည့္လိုက္သည္။ သူမမွတ္ဉာဏ္အရ ႐ႊီက်င္းဖန္သည္လည္း အလြန္သန္မာသည့္ပုံေပၚ၍ စားႏိုင္ေလာက္သည္။

                     
က်န္းထ်န္ - "....."သူမ တံေတြးမ်ိဳခ်ရင္း သူမ ေလာဘႀကီးသည္ကိုျမင္ၿပီး ကုမိသားစုတြင္ ကုလ်န္မင္တစ္ေယာက္သာ ဘာလို႔အျပစ္ေျပာသည္ကို သေဘာေပါက္သြားသည္။

                        
က်န္းထ်န္မွာ ပစၥည္းေကာင္းေတြကို ေလာဘႀကီးသည္ျဖစ္ၿပီး အစားအေသာက္ပိုင္းတြင္ ေလာဘႀကီးသည္ကိုေတာ့ ကုမိသားစုကို မမီပါ။

                        
ကုလ်န္မင္ ပန္ကိတ္၆ခ်ပ္စားၿပီးေနာက္ ထပ္မစားႏိုင္ေတာ့၍ ေဘစင္တြင္ ေရတစ္ခြက္ခပ္ၿပီး ပါးစပ္ပလုတ္က်င္းလိုက္သည္။ "ညီမ အေမနဲ႔ လူသြားလဲလိုက္ေတာ့မယ္  !"

                       
ကုလ်န္႐ႊမ္ႏွင့္ ကုလ်န္႐ုန္ ေမာ့မၾကည့္ဘဲ ေခါင္းသာညိတ္ၿပီး "ေကာင္းၿပီ"လို႔ေျပာၾကသည္။

                      
က်န္းထ်န္ကို ကုလ်န္မင္ အေ႐ွ႕အခန္း၌ ႐ႊီက်င္းဖန္ႏွင့္ လူလဲသည္ကို ျမင္လိုက္သည္။

                    
႐ႊီက်င္းဖန္ လူတိုင္းစားေကာင္းၾကသည္ကို ျမင္၍ ျပဳံးကာေျပာလိုက္သည္။ "လ်န္မင္ရဲ႕ ဟင္းခ်က္လက္ရာက ေတာ္ေတာ္တိုးတက္လာတာပဲ။ အေမ အေ႐ွ႕အခန္းထဲကေန အနံ႔ေတြရၿပီး ေတာ္ေတာ္ဆာလာတယ္"

                         
က်န္းထ်န္ ထလိုက္ၿပီး ဖယ္ထားေသာ စားစရာမ်ားကို ဖြင့္လိုက္ရင္း ႐ႊီက်င္းဖန္ကို ေျပာလိုက္သည္။ "အေမ၊ သမီး အေမ့အတြက္ သိမ္းထားေပးတယ္"

                    
႐ႊီက်င္းဖန္ ပန္းကန္လုံးႀကီးထဲတြင္ ဝက္သားဖတ္မ်ား စားစရာမ်ား အျပည့္ထည့္ထားသည္ကိုျမင္ကာ ရင္ထဲ ေႏြးေထြးသြားသည္။

                       
သူမ ေခါင္းမေဖာ္တမ္း စားေနေသာသားအႀကီးဆုံးႏွစ္ေယာက္ကိုၾကည့္ရင္း ထ်န္ထ်န္ကမွ သိတတ္ေၾကာင္း ေတြးလိုက္သည္။

                         
သူမ အျပဳံးႏွင့္ က်န္းထ်န္ဆီမွ ပန္ကိတ္ႏွင့္ ဝါးတူကိုယူလိုက္သည္။ "ထ်န္ထ်န္၊ သမီးဘာလို႔မစားတာလဲ?"

                       

က်န္းထ်န္ ႐ႊီက်င္းဖန္အတြက္ စြပ္ျပဳတ္တစ္ခြက္ခ်ေပးလိုက္သည္။ "အေမ၊ သမီး ဗိုက္ဝသြားၿပီ" ႐ႊီက်င္းဖန္ကိုၾကည့္ရင္း ထပ္ေျပာလိုက္သည္။ "အေမ၊ သမီး ဗိုက္အရမ္းတင္းေနလို႔ အစာေၾကေအာင္ အေနာက္ကေတာင္မွာ ထင္းသြားေကာက္လို႔ရလား?"

"သြားေလ"႐ႊီ​က်င္း​ဖန္ ေခါင္းညိတ္လိုက္သည္။

                        
အေ႐ွ႕အခန္းမွာထိုင္ရင္း သူမစဥ္းစားၾကည့္မိသည္။ ထ်န္ထ်န္ သူမလက္ထပ္ၿပီး အိမ္အလုပ္မလုပ္သည္မွာ ပ်င္း၍မဟုတ္ပဲ သူမေနသားမက်ေသး၍ ျဖစ္မည္။

                        
ထ်န္ထ်န္အဖိုးမွာ မႏွစ္က ေဆာင္းရာသီ၌ ဆုံးပါးသြားခဲ့သည္။ သူမမိဘေတြႏွင့္ ေကာင္းေကာင္းမရင္းႏွီးသျဖင့္ သူမအိမ္တြင္ေနရသည္မွာ သိပ္အဆင္မေျပ။ ထို႔ေၾကာင့္ ကုမိသားစုတြင္ ေနရသည္မွာ ပို၍အဆင္မေျပျဖစ္မည္။

                     
ကုမိသားစုအိမ္တြင္ ကိစၥတစ္ခုၿပီးတစ္ခု ျဖစ္ပ်က္ခဲ့၍ ထ်န္ထ်န္ ထိတ္လန္႔ၿပီး အလုပ္မလုပ္ခ်င္တာေနမည္။

                      
ၿပီးေတာ့ ကုမိသားစုတြင္ ထ်န္ထ်န္က သူမကိုသာသိသည္။ ဒီကေလးေတြက ထ်န္ထ်န္ အဘိုးအိမ္မေရာက္ဖူးသျဖင့္ ထ်​န္ထ်န္ႏွင့္ မဆုံဖူးပါ။ ထ်န္ထ်န္က လက္ထပ္ၿပီးသည္ႏွင့္ ကုမိသားစု၏ အႀကီးဆုံးေခြၽးမျဖစ္လာသျဖင့္ ထိတ္လန္႔တုန္လႈပ္ၿပီး လုပ္ခ်င္စိတ္မ႐ွိတာေနမည္။

                    
႐ႊီက်င္းဖန္ က်န္း​ထ်​န္ကို ဘယ္လိုျဖစ္ျဖစ္ အေကာင္းဖက္ကေတြးေပးၿပီး အေၾကာင္းျပ​ခ်က္ ႐ွာေပးသည္။ သူမအေတြးထဲတြင္ သူမကိုငယ္စဥ္က သၾကားလုံးေပးခဲ့ေသာ ကေလးမမွာ ဘယ္လိုျဖစ္ျဖစ္ ခ်စ္စရာေကာင္းသည္ျဖစ္သည္။

                   
"ေ႐ွာင္းဝူနဲ႔ ေ႐ွာင္းလ်ိဳကိုလည္း သမီးနဲ႔ တူတူသြားခိုင္း။ ကေလးေတြ စားတာမ်ားၿပီး ဗိုက္မေကာင္းျဖစ္မွာစိုးလို႔" ႐ႊီက်င္းဖန္ ကေလး၂ေယာက္ကို ပန္ကိတ္ဆက္မယူရန္တားလိုက္ၿပီး မာန္လိုက္သည္။

"သားတို႔ ဘယ္ေလာက္စားၿပီးၿပီလည္း? ထပ္မစားနဲ႔ေတာ့။လအေမ​သိမ္းထားလိုက္ေတာ့မယ္။ အခု ထ်န္ထ်န္နဲ႔ ေတာင္ကို အရင္လိုက္သြားလိုက္။ ေနာက္ဆာမွထပ္စား"

                 
ကေလးေတြမွာ မတားလွ်င္ ဗိုက္တင္းတင္းမတင္းတင္း ဆက္စားမည္ျဖစ္သည္။ အမႊာအႀကီးေလးေတြ ပန္ကိတ္ယူရန္ လွမ္းေနေသာ လက္မ်ားကို ႐ုတ္လိုက္ကာ စိတ္ဓါတ္က်ေနေသာအမူအရာျဖင့္  စားခ်င္သေလာက္စားေနေသာ အကိုအႀကီးဆုံးႏွင့္ တတိယေျမာက္အကိုကို အားက်စြာၾကည့္လိုက္သည္။ လူႀကီးေတြမွာ သူတို႔​စားခ်င္သေလာက္ စားႏိုင္သည္။

              
က်န္းထ်န္ႏွင့္ အမႊာ၂ေယာက္ ေက်ာတြင္ ဝါးျခင္းကိုယ္စီႏွင့္ ထင္းေကာက္ရန္ အေနာက္ဘက္ကေတာင္သို႔ သြား​လိုက္သည္။ ဤေတာင္ကို အလြန္က်ယ္ျပန္႔သည္ဟု ေျပာၾကသည္။

အတြင္းပိုင္းထိ ေလွ်ာက္သြားလွ်င္  ဝက္ဝံ႐ိုင္းမ်ား ေျမေခြးမ်ားကို ေတြ႕ႏိုင္ၿပီး လြန္ခဲ့ေသာႏွစ္အခ်ိဳ႕က က်ားမ်ားကိုပင္ ေတြ႕သည္ဟု ေျပာၾကသည္။ ကုမိသားစုက ဤေနရာဝန္းက်င္တြင္ေနသည္။ သစ္သား သို႔မဟုတ္ လူအရပ္ တစ္ဝက္ခန္႔ျမင့္ေသာ ႐ႊံ႕နံရံမ်ားႏွင့္ ေဆာက္ထားေသာ ႐ြာမွ တျခားအိမ္မ်ားႏွင့္မတူဘဲ ကုအိမ္နံရံမ်ားမွာ ေတာင့္တင္းျမင့္မားသည္။

                        
ယခုအခ်ိန္တြင္ မည္သူမွ ေတာင္သို႔မလာၾကပါ။ တစ္မိသားစုလုံး အိမ္မွာစားလွ်င္စား သို႔မဟုတ္ စားၿပီးေနာက္ ႐ြာလယ္က ႀကိတ္ဆုံေက်ာက္ႀကီးတြင္ ဝိုင္းဖြဲ႕စကားေျပာေလ့႐ွိၾကသည္။

                       
က်န္းထ်န္ အေ႐ွ႕မွ ေလွ်ာက္ကာ တုတ္တစ္ေခ်ာင္းႏွင့္ လမ္းတြင္႐ွိေသာေက်ာက္ခဲမ်ားကို ဖယ္ေနၿပီး ေနာက္မွ​လိုက္လာေသာ အမႊာေလးမ်ားကိုေျပာလိုက္သည္။ "ေမာင္ေလးေတြ လက္ထဲထင္းေတြ အမ်ားႀကီးကိုင္မထားနဲ႔ေနာ္။ မ်ားလာရင္ အစ္မျခင္းထဲထည့္၊ ဟုတ္ၿပီလား?"

                    
"ဟုတ္ကဲ့"

                     
"လိမၼာလိုက္တာ"က်န္းထ်န္ခ်ီးက်ဴးလိုက္သည္။ "ျပန္ရင္ သၾကားလုံးထပ္ေပးမယ္"

              
အမႊာေလးေတြ ေပ်ာ္႐ႊင္စြာ ေအာ္ေျပာလိုက္သည္။ "ေက်းဇူးတင္ပါတယ္။ မရီး"

                      
ထင္းေတြစုထားသည့္ေနရာေရာက္ေသာအခါ က်န္းထ်န္ရပ္လိုက္ၿပီး "ဒီမွာပဲ ထင္းေတြစုထားၾကမယ္။ ေမာင္ေလးတို႔၂ေယာက္ အစ္မ ႐ွိတဲ့ေနရာကေန ေဝးေဝးမသြားနဲ႔ေနာ္"

                    
အမႊာေလးေတြ ေခါင္းညိတ္ကာ ေအာ္ေျပာလိုက္သည္။ "ဟုတ္ကဲ့"

                      
က်န္းထ်န္ အမႊာေလးေတြ ေခါင္းကိုကိုင္ၿပီး "သြားလို႔ရၿပီ" အမႊာေလးေတြ အေနာက္ဘက္တြင္ ခုန္ေပါက္ၿပီး အဆင္ေျပသည့္ပုံေပၚမွ က်န္းထ်န္ အပင္ႀကီးတစ္ပင္ေနာက္တြင္ ျမန္ျမန္ပုန္းလိုက္သည္။

                    
ဘယ္သူမွမ႐ွိတာ ေသခ်ာေအာင္ ၂ႀကိမ္ေလာက္ လွည့္ၾကည့္ၿပီးမွ သူမစြမ္းအားမ်ားကို စစ္ေဆးလိုက္သည္။

        
သူမ ကမ႓ာပ်က္ေခတ္တြင္ ရသည့္ စြမ္းအားမွာ ပြားႏိုင္သည့္ စြမ္းအားျဖစ္သည္။ အေစာပိုင္းအဆင့္တြင္ အားနည္းၿပီး ေနာက္ပိုင္းတြင္ ပိုဆိုးသည့္ စြမ္းအားျဖစ္သည္။

                  
ဘာလို႔ဒီလိုေျပာရသည္လဲဆို သူမ ဒီေခတ္ကို မကူးေျပာင္းခင္ ကမ႓ာပ်က္ေခတ္တြင္ စုစုေပါင္း စြမ္းအားအဆင့္၉ဆင့္႐ွိသည္။ ပထမဆုံးအဆင့္မွ တတိယေျမာက္အဆင့္ထိမွာ စတင္သူမ်ားျဖစ္ၿပီး စတုတၳေျမာက္အဆင့္မွ ဆဌမေျမာက္အဆင့္မွာ အလယ္အလတ္အဆင့္ျဖစ္ကာ သတၱမေျမာက္အဆင့္မွ နဝမေျမာက္အဆင့္ထိမွာ ကြၽမ္းက်င္သူမ်ားအဆင့္ျဖစ္သည္။

                
အေျခခံပြားသည့္စြမ္းအားမွာ သက္မဲ့မ်ားကိုသာ ပြားႏိုင္ၿပီး အ႐ြယ္အစားႏွင့္ ပမာဏမွာလည္း အလြန္ကန္႔သတ္သည္။ သူမ ေရႏွင့္အစားအစာ စေသာပစၥည္းမ်ားကိုသာ ပြားဖို႔ အသုံးျပဳသည္။

ပထမအဆင့္ျဖင့္ တစ္ေန႔တာ လူတစ္ေယာက္၏ အစားအစာႏွင့္ ေရကိုသာ ေထာက္ပံ့ေပးႏိုင္သည္။ ဒုတိယေျမာက္အဆင့္တြင္ သူမ အရမ္းထပ္မပြားႏိုင္။ တတိယေျမာက္ အဆင့္ေရာက္ေသာအခါ သူမကို အဖြဲ႕က အေလးအနက္မထားေတာ့ေခ်။

                    
အလယ္အလတ္အဆင့္ ေရာက္ေသာအခါ က်န္းထ်န္စြမ္းအားမွာ အရည္အေသြး ေျပာင္းလဲသြားသည္။ သူမ တစ္ျခားလူမ်ား၏ စြမ္းအားကို ပြားႏိုင္သြားသည္။ အလြန္စြမ္းအားႀကီးသကဲ့သို႔၊ တစ္ဆယ္မီလီယမ္ေလာက္ ရသလို အံအားသင့္ဖြယ္ေကာင္းသည့္ပုံေပၚေသာ္လည္း က်န္းထ်န္မွာ ကံမေကာင္းပါ။ ဘုရားသခင္က သူမကို မ်က္ႏွာသာေပးခ်င္ပုံမရေပ။

                     
သူမ စမ္းသပ္ၾကည့္ၿပီးေနာက္ အဖြဲ႕သားမ်ားဆီမွကူးယူထားေသာစြမ္းအားမွာ မူလ​စြမ္းအားပိုင္႐ွင္ထက္ အဆင့္၂ဆင့္ နိမ့္ေၾကာင္း သိလိုက္သည္။ ထို႔အျပင္ တစ္ႀကိမ္တြင္ စြမ္းအားတစ္ခုသာ ကူးယူႏိုင္ၿပီး အဆင့္ထပ္ျမႇင့္၍မရေပ။

                         
တိုက္ဆိုင္စြာ ထိုအခ်ိန္က သူမပြားယူခဲ့သည္မွာ အဖြဲ႕က ပၪၥမအဆင့္ ေနရာလြတ္ စြမ္းအားအသုံးျပဳသူ၏ စြမ္းအားျဖစ္၍ သူမဆီမွာဆိုလွ်င္ တတိယအဆင့္ေနရာလြတ္ စြမ္းအားျဖစ္သည္။ တတိယအဆင့္ေနရာလြတ္ စြမ္းအားမွာ ၁၀၀စတုရန္းမီတာထက္ ေသးၿပီး အျမင့္မွ ၅မီတာေအာက္ျဖစ္၍ သူမ ေအာ္ငိုခ်င္သြားသည္။

ပၪၥမ အဆင့္ ေနရာလြတ္ စြမ္းအားမွာဆိုလွ်င္ ဧရိယာ ၁၀၀၀ စတုရန္းမီတာထက္ ပိုႀကီးၿပီး  ၂၉မီတာျမင့္သျဖင့္ သူမ​အတြက္ဆိုလွ်င္ ဆုံး႐ႈံးမႈႀကီးျဖစ္သည္!!

                       
ပိုဆိုးသည္မွာ သူမ စြမ္းအားတစ္ခုစီကို တစ္ႀကိမ္သာကူးႏိုင္၍ သူမ ပၪၥမအဆင့္ေရာက္၍ ကူးယူရန္ထပ္ႀကိဳးစားေသာအခါ မေအာင္ျမင္ခဲ့ေပ။

                       

Bạn đang đọc truyện trên: Truyen2U.Net