2

Màu nền
Font chữ
Font size
Chiều cao dòng

Unicode

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

အပိုင်း ၂


ဒီကြောင်တောင်တောင်နိုင်ပြီး အထိအခိုက် အကြမ်းအတမ်းများတဲ့ဇာတ်လမ်းဇာတ်ကွက်ကြီး

လင်းယောင်စဉ်းစားလိုက်တာနှင့်ပင်ခေါင်းကိုက်မိသည်။

ထားလိုက်တော့ အခုတော့ငြိမ်းချမ်းအောင်ပဲ လုပ်ရတော့မှာပေါ့။ ဒီကိုရောက်နေပြီဆိုတော့ အသက်ရှင်နေတာကိုရပ်တန့်လိုက်လို့လည်း ရတာမှမဟုတ်ပဲ။

ဘာပြောပြော ၂၁ ရာစုတွင်လည်း သူမတွင်ဆွေမျိုးသားချင်းများ ရှိသည် မဟုတ်ချေ။သူမ၏ သူငယ်ချင်းတွေမှာလည်း ကိုယ်ပိုင်မိသားစုများရှိပြီး ကုမ္ပဏီများလည်း ရှိကြသည်။ သူမ သေဆုံးသွားသောကြောင့် ခံစားရမှုက အချိန်နှင့်အမျှတိုးဖျော့ပျောက်ကွယ်သွားပေမည်။ သူမဗီလာနှင့် လေဟာပြင်စူပါမားကက်တစ်ခု ဝယ်မိခဲ့သည်ကတော့ နှမျောစရာပင်။

ဟုတ်သည်။ ကူးပြောင်းရောက်ရှိလာသောလင်းယောင်တွင်လည်း ရွှေလက်ချောင်းများရှိနေသည်။(ချမ်းသာကြွယ်ဝ)

အတိအကျ ပြောရမည်ဆိုလျှင် လင်းမိသားစု၏ မိသားစုဝင်ဖြစ်နေသရွေ့ ကိုယ်ပိုင်ရွှေလက်ချောင်းများရှိနေမည်ဖြစ်သည်။

ပြောရမည်ဆိုလျှင် ဒါကိုမိသားစုအမွေရသည်ဟူ၍ပင်ဆိုလို့ရသည်။

လင်းယောင် အဘိုးသည် အဆင့်မြင့်စွမ်းအားများနှင့်  ကမ္ဘာပျက်ခေတ်မှ ခရီးသွားလာခဲ့သူ လင်းအဘွားကို လက်ထပ်လိုက်ကတည်းက လင်းမိသားစုမှ မျိုးဆက်များသည် အသက် ၁၈ နှစ်ရောက်သည်နှင့် သူတို့၏ စွမ်းအားအမျိုးမျိုးကို နိုးထအောင်လုပ်နိုင်မည်ဖြစ်သည်။

အဖေလင်းကိုပင် ဥပမာထားကြပါစို့။ သူသည်အဆင့်မြင့်စွမ်းအားများ ပိုင်ဆိုင်ထားသူဖြစ်သည်။ ကျားများကိုကန်နိုင်ပြီး ဝက်ဝံများကို လက်သီးဖြင့် ထိုးနိုင်သည်။သူ၏ခွန်အားဗလမှာ ကြောက်ခမန်းလိလိပင်။ ထို့ပြင် သူ၏တောင်တက်နိုင်စွမ်းမှာ သာမန်လူများထက် အဆများစွာကျော်လွန်သည့် နေရာတစ်ခုမှာရှိနေသည်။

တောင်တက်ရသည်ကို နှစ်ခြိုက်သူ အဖေလင်းနှင့် အမေလင်းတို့မှာ ရက်အနည်းငယ်အကြာတိုင်း သူတို့၏ အိတ်များကိုထုတ်ပိုးကာ တောင်ထိပ်မြင့်မြင့်များကို ခြေဆန့်ရန် ခရီးထွက်ကြသည်။

သူမအဖေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် လင်းယောင်၏ စွမ်းအားများမှာ အသုံးမဝင်လှဟု ဆိုရမည်။ သူမ၌ နေရာလွတ် စူပါမားကက်တစ်ခုရှိသည်။ ၎င်းတွင် ဆန်၊ ဂျုံ၊ အစေ့အဆန်၊ ဆီ၊ဆား၊ဆော့စ်၊ ရှာလကာရည်၊ ဆေးများ၊ ဥများ၊ အသီးအနှံနှင့်အသီးအရွက်များ၊စောင်နှင့် ဂွမ်းကတ်များမှစကာ အဝတ်အစား၊အတွင်းခံ၊ ရှူးဖိနပ်နှင့် ခြေအိတ်များအထိပင်ရှိသည်။

သည်လိုပင်ပြောကြပါစို့။ သာမန် စူပါမားကက်များတွင်ရနိုင်သမျှအရာအားလုံး လင်းယောင်၏ ​နေရာလွတ် စူပါမားကက်တွင်ရှိသည်။ သာမန်စူပါမားကက်များတွင် မရနိုင်သည့်အရာများလည်း လင်းယောင်၏ နေရာလွတ်စူပါမားကက်တွင်ရရှိနိုင်သည်။

သူမသည်ကုန်ပစ္စည်းများကို စုဆောင်း သိုလှောင်ရသည်ကိုကြိုက်သော ပြိဿရာသီဖွားတစ်ယောက်ဟု မည်သူကထင်မည်နည်း?

တစ်နှစ်အကြာက လင်းမိဘများသည် ဂျော်ဒန်ရှိဝါဒီရမ်လွင်ပြင်သို့သွားခဲ့ကြသည်။ ဝါဒီရမ်လွင်ပြင်သည် ကြီးမားသော ကျောက်တုံး ကျောက်စိုင်ကြီးများနှင့် အဆုံးမရှိ သဲကျောက်တုံးကြီးများက တောင်သဖွယ်ပြန့်ကျဲတည်ရှိနေသည်။

အဖေလင်းသည် ထိုအရာကို တမ်းတနေသည်မှာ ကြာညောင်းလှပြီဖြစ်ပြီး အမြဲစိန်ခေါ်ချင်ခဲ့သည်ပင်။

ရလဒ်အနေနှင့် ထိုအတွဲသည် ဘယ်သောအခါမှပြန်မလာခဲ့တော့ချေ။

ဒေသခံရဲအဖွဲ့သည် လွင်ပြင်ကို လဝက်နီးပါးရှာဖွေခဲ့ပြီး မီးမွှေးခဲ့သောမီးပုံမှ အကြွင်းအကျန်များနှင့် မှတ်စုတစ်ခုကိုသာရှာဖွေတွေ့ရှိခဲ့သည်။

မှတ်စုပေါ်မှစကားလုံးများမှာ လင်းယောင်အား ဘဝတွင်ကောင်းကောင်းမွန်မွန်နေထိုင်ကာ အနာဂတ်ကိုစောင့်မျှော်နေရန်တို့ပင်။

ထိုစကားလုံးများမှာ ဒေသခံရဲများကိုရှုပ်ထွေးသွားစေကာ ခေါင်းကုတ်မိသွားစေသည်။

သို့သော်လည်း လင်းယောင်မှာ သူမ၏မိဘများကသူမအဘိုးအဘွားများကဲ့သို့ပင် အချိန်ခရီးသွားခဲ့ခြင်းဖြစ်မည်ဖြစ်ကြောင်း နားလည်ခဲ့သည်!

လင်းယောင် စိတ်အေးလက်အေးဖြစ်သွားပြီး ကောလိပ်မှဘွဲ့ရပြီးသောအခါ သူမမိသားစု၏ စူပါမားကက်ဆိုင်ခွဲများကိုဖွင့်လှစ်နေရင်း သူမမိဘများ ချန်ထားခဲ့သောအဆောက်အဦး ၂ ခုကိုပြန်လည်ပြင်ဆင်၍ အိမ်ငှားကာအိမ်ငှားခများကောက်ယူခဲ့သည်။

သူမ၏ကလေးဘဝက အတော်ပင်သာယာခဲ့သည်ဆိုရမည်။

မမျှော်လင့်စွာပင် သူမ၏၂၅ နှစ်ပြည့်မွေးနေ့ပြီးသည်နှင့် မိသားစု၏ အဆင့်အတန်း မြင့်မားလှသောအစဉ်အလာကို သူမဆက်ခံရရှိပေမည်။

အကုန်လုံးက ကံတရားသာပင်။


လင်းယောင် သူမ၏ နေရာလွတ် စူပါမားကက်သည် ဤနေရာတွင်လည်း ရှိနေမည်လားဆိုပြီး စမ်းသပ်လိုသောကြောင့် အကျင့်ဖြစ်နေသည့်အတိုင်း သူမ၏ နဖူးကိုကိုင်လိုက်မိသည်။

သည်တစ်ကြိမ်တော့ လိမ္မာပါးနပ်စွာပင် ပတ်တီးစည်းထားသော နေရာကို မထိအောင်လုပ်လိုက်သည်။ မူရင်းပိုင်ရှင်၏ လက်ထပ်ပွဲနေ့တွင် သူမတိုင်နှင့် ခေါင်းဆောင့်ပြီးနဖူးကွဲသွားသည်။ ထိုသည်ကခပ်သေးသေးမဟုတ်ပေ။ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကိုအခွင့်ကောင်းယူကာ လင်းမိသားစု လွတ်မြောက်သွားကြသည်။

ထိုအချိန်တွင် ကုမိသားစုမှာ မူရင်းပိုင်ရှင်ကို ကျန်းမာရေးစင်တာသို့ လိုက်ပို့ရန်အလုပ်ရှုပ်နေပြီး လင်းတာ့ကော်နှင့် ငြင်းခုံနေရန်အချိန်မရှိပေ။

ကျန်းမာရေးစင်တာက လင်းယောင်၏ ခေါင်းမှဒဏ်ရာကိုပတ်တီးစီးပေးလိုက်သည်။

ကျန်းမာရေးစင်တာမှ ဆရာဝန်က ဒဏ်ရာမှာတဖြည်းဖြည်း ပျောက်သွားမည်ဖြစ်ပြီး ဆေးရုံတင်ရန် မလိုကြောင်းဆို၏။ ဆေးကို ၃ ရက်ပြည့်တိုင်း ပြောင်းရမည်။ အိမ်တွင်အစာပျော့ပျော့များကို စားပြီး အနည်းငယ် ဂရုစိုက်ပေးရမည်ဟုမှာ၏။

ထိုသည်ကိုကြားသောအခါ ကုမိသားစုမှာစိတ်သက်သာရာရသွားတော့သည်။

ညနေခင်းနေက သဖန်းပင်ကို ထိုးဖောက်နေပြီးညစာစားချိန်ရောက်လာသည်။

ပြတင်းပေါက် အပြင်ဖက်ရှိသဖန်းပင်မှ ပုရစ်အော်သံများကို ခြံဝန်းအတွင်းရှိ အိုးသံခွက်သံများက ဖုံးသွားသည်။ ရံဖန်ရံခါတွင်တော့ ပုရစ် ၂ ကောင် ၃ ကောင်လောက်၏ အော်သံကိုကြားရသည်။

"ဝှစ်"

အသံနှင့်အတူ လင်းယောင်အခန်းထဲသို့ ပျောက်ကွယ်သွားသည်။

အတွေးနှင့်အတူ သူမ၏ နေရာလွတ်ရှိ ကိုယ်ပိုင်စူပါမားကက်၌ လင်းယောင်ပေါ်လာပြီး သူမရှေ့ရှိပြည့်နေသောစင်များကိုကြည့်လိုက်သည်။

လင်းယောင် ပျော်လွန်းသဖြင့်ထပါက,ချင်သည်။

ရွှေလက်ချောင်းကြီး ဒီမှာရှိနေသရွေ့ သူမအမြောက်စာအဖြစ် သရုပ်ဆောင်ရန် ဘာမှအခက်အခဲမရှိပေ။

လင်းယောင် စူပါမားကက်တွင် ကြာကြာမနေဝံ့ပေ။

သူမအခုကုအိမ်တွင် နေထိုင်နေပြီဖြစ်သည်။ ခြံဝန်းထဲတွင်သွားလာနေကြသူများရှိသည်။ ဆီနှင့်ဆန်များပြတ်တောက်တတ်သောကြောင့် ရပ်ပြီးချေးငှားကြသည်မှာပုံမှန်ပင်ဖြစ်သည်။

သူမလူမိသွားပြီး မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရခြင်းမျိုး မဖြစ်လိုပေ။

လင်းယောင် စူပါမားကက်ထဲမှ ထွက်လာပြီး အခန်းထဲတွင်ရိုသေကျိုးနွံစွာ ထိုင်နေလိုက်သည်။

မကြာခင်မှာပင် မီးဖိုချောင်တွင် အလုပ်ရှုပ်နေသူ ကျန်းဆွေ့လန်က အဖုံးအုပ်ပြီး ပြုတ်ထားသော ခေါက်ဆွဲကို ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် ကြက်ဥကို ဖောက်ထည့်ကာယူလာသည်။

ဤအစားအသောက်က ငွေကုန်ကြေးကုန်မများကာ နောက်ပိုင်း မျိုးဆက်များတွင်ပင် အလွန်သာမန်ကျသောအစားအစာဖြစ်ပေသည်။

သို့သော်ငြား ကုန်စည်ရှားပါးသော ၁၉၅၀ ခုနှစ်များတွင်တော့ သာမန်လူများမှာ တစ်နှစ်ပတ်လုံး ခေါက်ဆွဲမစားနိုင်ရှာပေ။

ထို့ပြင်ခေါက်ဆွဲထဲတွင် ကြက်ဥများပါဖောက်ထည့်ထားသည်က ကုမိသားစုသည် မူရင်းပိုင်ရှင်အပေါ် အမှန်တကယ်စစ်မှန်သည်ကို ပြသနေသည်။

"ယောင် ဗိုက်ဆာနေပြီလား? ခေါက်ဆွဲက ခုလေးတင်ပြုတ်လာတာမွှေးနေတာပဲ။ မြန်မြန်စားလိုက်နော်"

"ကျေးဇူးပါ ဒေါ်ဒေါ်"

လင်းယောင် တစ်နေ့ခင်းလုံး လှဲနေသည်ကြောင့် အမှန်ပင်ဗိုက်ဆာနေသည်။ ကျန်းဆွေ့လန်ကို ကျေးဇူးတင်မိသည်။

"ဘာတွေ ကျေးဇူးတင်နေတာလဲ ကလေးရဲ့? အဒေါ်ကမင်းကြီးပြင်းလာတာကို ကြည့်ရှုလာခဲ့ရတာ။ အဒေါ့်ရဲ့သမီးအရင်းလိုပဲ"

ကျန်းဆွေ့လန်က လင်းယောင်အတွက် ပန်းကန်တွေ တူတွေပြင်ပေးသည်။ မျက်နှာပေါ်တွင် ချစ်ကြင်နာမှုကိုမြင်နေရပြီး သူမကို အပူမလောင်စေဖို့လည်းပြောသည်။

လင်းယောင် ခေါင်းငြိမ့်ပြီး တူကိုကိုင်ကာ လတ်ဆတ်သောခေါက်ဆွဲများကို ပါးစပ်ထဲ ထည့်လိုက်သည်။ ခေါက်ဆွဲက ဝက်ဆီများကို ပျော်ဝင်စုပ်ယူထားပြီး အသားအရသာအပြည့်ဖြစ်သည်။ ဖြူဖြူဝါဝါခေါက်ဆွဲသားများက နူးညံ့ပြီးဝါးလို့ကောင်းကာ အလွန်ပင်အရသာရှိလှသည်။

လင်းယောင် စားနေသည်ကိုတွေ့သောအခါ ကျန်းဆွေ့လန်မျက်လုံးများ ကျဉ်းမြောင်းသွားကာ အလွန်လည်းပျော်ရွှင်သွားသည်။

"ဖြည်းဖြည်းစား အိုးထဲမှာကျန်သေးတယ်။ မင်းရဲ့အမေကလည်း အဒေါ်ပြုတ်တဲ့ခေါက်ဆွဲကိုအရမ်းကြိုက်တာ။ အရင်တုန်းကဆို..."

ကျန်းဆွေ့လန်က မတ်တပ်ရပ်လိုက်ပြီး လောကကြီးမှစောစောထွက်ခွာသွားသော သူမ၏ညီအစ်မကဲ့သို့သော သူကိုသတိရကာ မျက်လုံးများနီလာသည်။ ထို့နောက်တစ်ဖက်လှည့်သွားကာ အေပရွန်ဖြင့် သူမမျက်ရည်များကိုသုတ်လိုက်သည်။

အမေလင်းနှင့် ကျန်းဆွေ့လန်မှာ ငယ်ရွယ်စဉ်တုန်းက ညီအစ်မများကဲ့သို့ပင် ရင်းနှီးသူများဖြစ်ကြသည်။ နောက်ပိုင်းတွင်တစ်ယောက်မှာ လင်းမိသားစုထဲသို့ လက်ထပ်ပြီး နောက်တစ်ယောက်မှာ ကုမိသားစုထဲသို့ လက်ထပ်လိုက်ကာ အဆက်အသွယ် ဆက်ပြီး ရှိနေကြသည်။

ကျန်းဆွေ့လန် လက်ထပ်ပြီးနောက် သူမ၏ယောက်က္ခမထံမှကလေးများ၏ လက်ထပ်ပွဲကို စီစဉ်မည့်အကြောင်း ကြားသိလိုက်ရသည်။ သူမက ထိုသည်ကို မျှော်လင့်နေကာ လင်းအမေတစ်ယောက် မြန်နိုင်သမျှမြန်မြန် သမီးလေးတစ်ယောက် မွေးဖို့မျှော်လင့်နေမိသည်။ သည်လိုနှင့် သူမ၏အချစ်ဆုံးသူငယ်ချင်းနှင့် ဆွေမျိုးများဖြစ်လာပေမည်။

သို့သော်ငြား လင်းတာ့ကော်၏ ဇနီးဖြစ်သူ လီအိုက်ဖုန်းမှာအရင်ကိုယ်ဝန်ရှိခဲ့သည်။ ပထမကလေးမှာ ယောက်ျားလေးဖြစ်ပြီး ဒုတိယကလေးမှာ လင်းဟုန်နဖြစ်သည်။

နောက်နှစ်တွင် လင်းအမေက လင်းယောင်ကို မွေးဖွားခဲ့သည်။

သဘောတူညီမှုက သတ်မှတ်ပြီးပြီဖြစ်ကာ ကျန်းဆွေ့လန်မှာသက်ပြင်းချပြီး လက်ခံရုံသာရှိတော့သည်။

ငါ့သားလေးက ယောင်ယောင်နဲ့ဖူးစာမပါတော့ဘူး!

ထို့ပြင်သူမ လင်းတာ့ကော်နှင့် သူဇနီးကို ရင်ထဲအသည်းထဲမှ စက်ဆုပ်ရွံရှာမိသည်။

လင်းတာ့ကော်သည် လင်းမိသားစု၏ သားကြီးဖြစ်သည်။ အဘိုးလင်းက ဒဏ်ရာရပြီး စစ်တပ်မှ အိမ်ပြန်လာခဲ့သည်။ အစိုးရက မိသားစုကိုကြည့်ရှုပေးကာ အဘိုးလင်းအတွက် ပရိဘောဂစက်ရုံတွင် လွယ်ကူသောအလုပ်ကိုစီစဉ်ပေးခဲ့သည်။

ထိုအချိန်တွင် ယွင်ရွှေမြို့တော်မှာ လွတ်လပ်ရေးရသောနယ်မြေဖြစ်သည်။ လွတ်မြောက်ပြီးနောက် အလုပ်သမား ဖြစ်လာခြင်းက တစ်သက်တာအလုပ်ကိုပေးပေမည်။

အဘိုးလင်းက ကျန်းမာရေး မကောင်းသောကြောင့် စောစောအနားယူကာ ပရိဘောဂစက်ရုံရှိသူ့အလုပ်ကို  လင်းတာ့ကော်ကို ပေးခဲ့သည်။

လင်းတာ့ကော်သာ သူ့အလုပ်သူသေချာလုပ်လျှင် သူ့တစ်သက်တာလုံး တိုင်းပြည်မှကျွေးသောအစာဖြင့် ဘာမှပူစရာရှိမည်မဟုတ်ပေ။

လင်းတာ့ကော်က ရွှံ့လိုမမြဲမြံသော နံရံတစ်ခုမှန်း မည်သူကသိမည်နည်း။ ပရိဘောဂစက်ရုံတွင်လုပ်ပြီးရက်အနည်းငယ်အတွင်းမှာပင် ဂန်းစတားလိုလုပ်နေပြီး စက်ရုံရှိ အမျိုးသမီး အလုပ်သမားများကို ကာအိန္ဒြေပျက်ပြားအောင်လုပ်သောကြောင့် အလုပ်ထုတ်ခံလိုက်ရသည်။

လင်းတာ့ကော်မှာ သားသမီး ၂ ယောက်၏ အဖေဖြစ်နေသည်မှာတောင် လူရမ်းကားလို ပြုမူဆဲဖြစ်သည်!

အဘိုးလင်းမှာ ဒေါသထွက်လွန်းသောကြောင့် တစ်ဝက်လောက်ပင်အသက်တိုသွားသည်။

ကျန်းဆွေ့လန်မှာ အန်ပင်အန်ချင်သည်။ သူမ ဒီလိုအကျင့်သိက္ခာပျက်ပြားသော မိသားစုနှင့် သူမသားကိုလက်ထပ်မပေးလိုပေ။ သည်လိုက သူမသား၏ ဘဝကိုမနှောင့်နှေးစေပေဘူးလား?

ထိုအချိန်တွင် သူမမှာ အိမ်ကိစ္စများကို စီမံခန့်ခွဲလို့မရဘဲ ခေါင်းမာသော အဘိုးကု၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ထို့အပြင် လီအိုက်ဖုန်းသည်လည်း ပျင်းရိလောဘကြီးကာ ခြေလက်များ မသန့်ရှင်းပေ။ လွန်ခဲ့သောနှစ်များက မြို့တော်သို့လာကာ အဘိုးကိုကြည့်ရှုစောင့်ရှောက်ဖို့ဟူသော အကြောင်းပြချက်ဖြင့် ကုအိမ်သို့လာကာ ဆောင်းဦးလေပြေများ ခံစားတော့သည်။

ကျန်းဆွေ့လန်မှာ သူမ၏ ပိုင်ဆိုင်မှုများကို ယူသွားခံရသည့်အတွက် သူမကိုယ်သူမ ကံမကောင်းသူဟု ယူဆခဲ့သည်။

လီအိုက်ဖုန်းမှာ အနီးနားအိမ်များသို့ပင် ခြေဆန့်ကာ အိမ်နီးချင်းအိမ်မှဂေါ်ဖီထုပ် သို့မဟုတ် အိပ်ယာခင်းကိုခိုးယူချေသည်...

သူမကိုလူမိသော အကြိမ်များစွာရှိခဲ့သည်။ သို့သော်သူမက ယုတ္တိတန်တန်ပြောကာ ဝန်ခံရန်ငြင်းဆိုခဲ့သည်ပင်။

အဘိုးကုမှာ သူ့မျက်နှာကိုချကာ လီအိုက်ဖုန်း၏ အရှုပ်များကို လိုက်ရှင်းပေးရသည်။

သည်လိုမိဘများမှ ဆင်းသက်လာသူ လီဟုန်နမှာ ဘယ်လောက်များပို၍ ကောင်းမည်နည်း?

အသက်၂၀အရွယ် ကောင်မလေးမှာ မြို့တော်သို့မကြာခဏလာကာ မျက်နှာကိုလာပြတော့သည်။ သူမအိမ်သို့ရောက်လျှင် တခစ်ခစ်လုပ်ကာ သူမ၏အကြီးဆုံးသားကို ပွတ်သီးပွတ်သပ်လုပ်တော့သည်။ ကံမကောင်းစွာပင် သူမသားမှာ အေးစက်စက်ဖြစ်ကာ သူမကိုဘယ်တော့မှ စကားမပြောခဲ့ပေ။

လိမ္မာယဉ်ကျေးသော လင်းယောင်နဲ့ ယှဉ်လိုက်လျှင် မိုးနှင့်မြေလိုပင်။

ကျန်းဆွေ့လန် သူမ၏ နေ့ရက်တိုင်းကို ဘုရားဆုတောင်းကာ သူမကိုချွေးမကောင်းကောင်းလေးပေးရန်တောင်းဆိုခဲ့သည်။

နောက်ဆုံးတော့ သူမ၏ နေ့တိုင်းဆုတောင်းမှုကြောင့် ဘုရားကသူမဆန္ဒကို ဖြည့်ပေးလိုက်ပြီဖြစ်သည်။

လင်းဟုန်နက ဤခြံဝန်းကျယ်မိသားစုထဲသို့ လက်ထပ်ရမှာကိုမပျော်ရွှင်ပဲ လူစားပင်ထိုးခဲ့သည်။

အမှန်တော့ မင်္ဂလာဆောင်သည့်မနက်တွင် ကျန်းဆွေ့လန်မှာတစ်ခုခုကို မှားနေမှန်း ပြောနိုင်သည်ပင်။ လင်းတာ့ကော်နှင့် သူ့ဇနီး၏ မျက်နှာအမူအယာများမှာ ပုံမှန်မဟုတ်ပေ။ သူတို့၏ သမီးလက်ထပ်သည်ကို ပျော်ရွှင်နေခြင်း မရှိသည့်အပြင် အပြစ်ရှိသလိုပါ ဖြစ်နေကြသေးသည်။

သတို့သမီး ပေါ်လာလျှင်ပေါ်လာချင်း ကျန်းဆွေ့လန်မှာ ပို၍ပင် သံသယဖြစ်သွားသည်။ ယွင်ရွှေမြို့တော်တွင် မင်္ဂလာပွဲ၌သတို့သမီးမှာ မျက်နှာလွှားပုဝါလွှမ်းခြုံရသည်။

သတို့သမီး၏ ခေါင်းမှာပုဝါဖြင့် လွှမ်းခြုံထားရသောကြောင့် သူမ၏သွင်ပြင်ကို မြင်ရန်ခက်သော်လည်း ကိုယ်လုံး ကိုယ်ပေါက်ကိုတော့ မြင်နိုင်သည်သာဖြစ်သည်။

လီဟုန်နမှာ လီအိုက်ဖုန်းလိုပင် အရပ်ပုကာ ၁.၅ မီတာလောက်ရှိသည်။ အသားလည်းမဖြူပဲ တင်ကအတော်ကြီးသည်။

လက်ထပ်သော သတို့သမီးမှာ ကျက်သရေရှိသောကိုယ်လုံးကိုယ်ပေါက်ရှိကာ အသားဖြူပြီးနူးညံ့အိစက်နေသည်။

ဒါကလင်းဟုန်နနဲ့ မတူဘဲ ယောင်ယောင်နဲ့ တူနေသလိုပဲ?

သတို့သမီး အဝတ်အစားဝတ်ဆင်ရန် ကျန်းဆွေ့လန်မှာအဝတ်လဲခန်းထဲတွင် စောင့်ကာ အလုပ်ရှုပ်နေသည်။ ဘေးမှာဘယ်သူမှမရှိတော့ သတို့သမီး၏ ခေါင်းပေါ်ရှိပုဝါကိုသူမ မ,ကြည့်လိုကိသည်။

ပုဝါအောက်တွင် မြင်လိုက်ရသည်မှာ မျက်ရည်များနှင့်ငိုနေသော ယောင်ယောင်ပင်ဖြစ်သည်။

အခုတော့ အဖြစ်မှန်ပေါ်လာပေပြီ။

ကျန်းဆွေ့လန်မှာ ပျော်ရွှင်ပြီး ဒေါသလည်းထွက်သည်။ လင်းတာ့ကော်မှာ အရှက်မဲ့ကာ ယောင်ယောင်အပေါ် အပြစ်ပုံချကာ ယောင်ယောင်မှာ အရှက်ကင်းမဲ့ပြီး ထိုသူကိုလက်ထပ်လိုကာ သူတို့မှာတားလို့ မရကြောင်း။ ထို့ကြောင့် ဤကဲ့သို့ စီစဉ်လိုက်ရသည်ဟူ၍။

ထိုသည်က ကျန်းဆွေ့လန်ကို ဒေါသထွက်သွားစေသည်။ သူမဒေါသမထွက်မီမှာပင် ယောင်ယောင်မှာ ခံနိုင်ရည်မရှိတော့ကာ သူမခေါင်းကိုတိုင်နှင့် ဆောင့်တော့သည်။

ယောင်ယောင်မှာ ထိုအချိန်တွင် ခေါင်းတွင်ဒဏ်ရာကြီးနှင့်သတိလစ်သွားတော့သည်။ သွေးတွေမှာ ချက်ချင်းပင်ကြမ်းခင်းကြွေပြားများကို နီသွားအောင် စွန်းပေသွားတော့သည်။

ကုရှီအန်းက လက်ထပ်ရမည်ကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူကသတိလစ်နေသော လင်းယောင်ကို ကောက်ပွေ့ကာ ကျန်းမာရေးစင်တာသို့ သွားတော့သည်။

ကုမိသားစုလည်း ဒေါသထွက်ပြီး အပြင်သို့ပြေးသွားတော့သည်။

လင်းတာ့ကော်၏ မိသားစုက ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကိုအခွင့်ကောင်းယူကာ ထွက်ပြေးသွားတော့သည်။

ဘုန်းကြီးက ဘုန်းကြီးကျောင်းမှ ထွက်မပြေးနိုင်ဆိုသည့်အတိုင်း ကျန်းဆွေ့လန်မှာ သူမအမေ၏ မိသားစုမှမောင်များကိုခေါ်ကာ နောက်နေ့တွင် လင်းကျားကျွမ်ကိုသွားပြီး လူယုတ်မာကို ဆွဲကာရိုက်နှက်တော့သည်။ ထို့ပြင် လင်းယောင်ရရှိရမည့် တင်တောင်းငွေကိုလည်း တောင်းတော့သည်။

လင်းယောင်၏ မိဘများမှာ မနှစ်က မုန်တိုင်းထဲတွင်ဆုံးပါးသွားကြပြီး မိသားစု၏ ပိုင်ဆိုင်မှုများ၊ အစားအစာများစသည်တို့မှာ လင်းတာ့ကော် ခိုးယူသည်ကိုခံလိုက်ရသည်။

လင်းအာ့ကော်နှင့် သူ၏ဇနီးဖြစ်သူမှာ အလုပ်ကြိုးစားပြီး နှစ်များကြာလာတော့ အတော်လေးကို စုဆောင်းမိခဲ့သည်။

ကျန်းဆွေ့လန်ယွမ် ၃၀၀ နှင့် ဘေလ်အထပ်လိုက်ကိုလင်းတာ့ကော်၏ လက်ထဲမှယူလိုက်သည်။ ယောင်ယောင်က ဒီပိုက်ဆံတွေ လက်မှတ်တွေအားလုံးနဲ့ ထိုက်တန်သည်ပင်!

ကျန်းဆွေ့လန်မှာ လင်းယောင် ခေါက်ဆွဲစားပြီးသည်ကိုစောင့်ကာ သူမကိုပိုက်ဆံနှင့် လက်မှတ်များ အားလုံးပေးလိုက်သည်။

လင်းတာ့ကော်က ပေးသောသတို့သမီးကြေးဟု ပြောရပေမည်။

လင်းယောင်မှာ သူမကိုပေးလာသော လက်မှတ်များကိုကြည့်လိုက်သည်။ အများစုမှာ အစားအစာတံဆိပ်ခေါင်းများ၊ သကြားလုံးလက်မှတ်များ၊ အသားလက်မှတ်များ၊ မုန့်လက်မှတ်များ စသည်တို့ဖြစ်ကြသည်။ ထို့ပြင်စက်မှုလုပ်ငန်းနှင့်ဆိုင်သော လက်မှတ်များလည်း အများအပြားရှိသည်။

သည်လိုခေတ်တွင် သူမမှာ အတော်ချမ်းသာသောအမျိုးသမီးတစ်ယောက်ဟု ဆိုနိုင်ပေမည်။

သို့သော်ငြား ၎င်းတို့ကိုမူရင်းပိုင်ရှင်နှင့် အစ်ကိုဖြစ်သူတို့က ပိုင်ဆိုင်ပေသည်။ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကိုလင်းယောင်က ပိုင်ဆိုင်လိုက်သည့်အတွက် မူရင်းပိုင်ရှင်၏ အကြီးအကဲများကို သူမလေးစားရပေမည်။

ကုမန်ဆန်နှင့် ကုချွင်မေတို့ အလုပ်ဆင်းပြီးအိမ်ပြန်ရောက်သောအခါ လင်းယောင် သုန်ဇီကိုခေါ်ကာ မုန့်များသွားဝယ်ခိုင်းလိုက်သည်။

သူမ၏ နေရာလွတ် စူပါမားကက်မှ ကီလိုဂရမ်အနည်းငယ်လောက်သော အသားများကို ထုတ်ယူရန်လည်း သင့်တော်သောအချိန်ကို စီမံနေလိုက်သည်။



•••••••••

Zawgyi

၅၀ ခုႏွစ္က ဇနီးအလိမၼာေလး

အပိုင္း ၂


ဒီေၾကာင္ေတာင္ေတာင္ႏိုင္ၿပီး အထိအခိုက္ အၾကမ္းအတမ္းမ်ားတဲ့ဇာတ္လမ္းဇာတ္ကြက္ႀကီး

လင္းေယာင္စဥ္းစားလိုက္တာႏွင့္ပင္ေခါင္းကိုက္မိသည္။

ထားလိုက္ေတာ့ အခုေတာ့ၿငိမ္းခ်မ္းေအာင္ပဲ လုပ္ရေတာ့မွာေပါ့။ ဒီကိုေရာက္ေနၿပီဆိုေတာ့ အသက္႐ွင္ေနတာကိုရပ္တန္႔လိုက္လို႔လည္း ရတာမွမဟုတ္ပဲ။

ဘာေျပာေျပာ ၂၁ ရာစုတြင္လည္း သူမတြင္ေဆြမ်ိဳးသားခ်င္းမ်ား ႐ွိသည္ မဟုတ္ေခ်။သူမ၏ သူငယ္ခ်င္းေတြမွာလည္း ကိုယ္ပိုင္မိသားစုမ်ား႐ွိၿပီး ကုမၸဏီမ်ားလည္း ႐ွိၾကသည္။ သူမ ေသဆုံးသြားေသာေၾကာင့္ ခံစားရမႈက အခ်ိန္ႏွင့္အမွ်တိုးေဖ်ာ့ေပ်ာက္ကြယ္သြားေပမည္။ သူမဗီလာႏွင့္ ေလဟာျပင္စူပါမားကက္တစ္ခု ဝယ္မိခဲ့သည္ကေတာ့ ႏွေမ်ာစရာပင္။

ဟုတ္သည္။ ကူးေျပာင္းေရာက္႐ွိလာေသာလင္းေယာင္တြင္လည္း ေ႐ႊလက္ေခ်ာင္းမ်ား႐ွိေနသည္။(ခ်မ္းသာႂကြယ္ဝ)

အတိအက် ေျပာရမည္ဆိုလွ်င္ လင္းမိသားစု၏ မိသားစုဝင္ျဖစ္ေနသေ႐ြ႕ ကိုယ္ပိုင္ေ႐ႊလက္ေခ်ာင္းမ်ား႐ွိေနမည္ျဖစ္သည္။

ေျပာရမည္ဆိုလွ်င္ ဒါကိုမိသားစုအေမြရသည္ဟူ၍ပင္ဆိုလို႔ရသည္။

လင္းေယာင္ အဘိုးသည္ အဆင့္ျမင့္စြမ္းအားမ်ားႏွင့္  ကမ႓ာပ်က္ေခတ္မွ ခရီးသြားလာခဲ့သူ လင္းအဘြားကို လက္ထပ္လိုက္ကတည္းက လင္းမိသားစုမွ မ်ိဳးဆက္မ်ားသည္ အသက္ ၁၈ ႏွစ္ေရာက္သည္ႏွင့္ သူတို႔၏ စြမ္းအားအမ်ိဳးမ်ိဳးကို ႏိုးထေအာင္လုပ္ႏိုင္မည္ျဖစ္သည္။

အေဖလင္းကိုပင္ ဥပမာထားၾကပါစို႔။ သူသည္အဆင့္ျမင့္စြမ္းအားမ်ား ပိုင္ဆိုင္ထားသူျဖစ္သည္။ က်ားမ်ားကိုကန္ႏိုင္ၿပီး ဝက္ဝံမ်ားကို လက္သီးျဖင့္ ထိုးႏိုင္သည္။သူ၏ခြန္အားဗလမွာ ေၾကာက္ခမန္းလိလိပင္။ ထို႔ျပင္ သူ၏ေတာင္တက္ႏိုင္စြမ္းမွာ သာမန္လူမ်ားထက္ အဆမ်ားစြာေက်ာ္လြန္သည့္ ေနရာတစ္ခုမွာ႐ွိေနသည္။

ေတာင္တက္ရသည္ကို ႏွစ္ၿခိဳက္သူ အေဖလင္းႏွင့္ အေမလင္းတို႔မွာ ရက္အနည္းငယ္အၾကာတိုင္း သူတို႔၏ အိတ္မ်ားကိုထုတ္ပိုးကာ ေတာင္ထိပ္ျမင့္ျမင့္မ်ားကို ေျခဆန္႔ရန္ ခရီးထြက္ၾကသည္။

သူမအေဖႏွင့္ ႏိႈင္းယွဥ္မည္ဆိုလွ်င္ လင္းေယာင္၏ စြမ္းအားမ်ားမွာ အသုံးမဝင္လွဟု ဆိုရမည္။ သူမ၌ ေနရာလြတ္ စူပါမားကက္တစ္ခု႐ွိသည္။ ၎တြင္ ဆန္၊ ဂ်ံဳ၊ အေစ့အဆန္၊ ဆီ၊ဆား၊ေဆာ့စ္၊ ႐ွာလကာရည္၊ ေဆးမ်ား၊ ဥမ်ား၊ အသီးအႏွံႏွင့္အသီးအ႐ြက္မ်ား၊ေစာင္ႏွင့္ ဂြမ္းကတ္မ်ားမွစကာ အဝတ္အစား၊အတြင္းခံ၊ ႐ွဴးဖိနပ္ႏွင့္ ေျခအိတ္မ်ားအထိပင္႐ွိသည္။

သည္လိုပင္ေျပာၾကပါစို႔။ သာမန္ စူပါမားကက္မ်ားတြင္ရႏိုင္သမွ်အရာအားလုံး လင္းေယာင္၏ ​ေနရာလြတ္ စူပါမားကက္တြင္႐ွိသည္။ သာမန္စူပါမားကက္မ်ားတြင္ မရႏိုင္သည့္အရာမ်ားလည္း လင္းေယာင္၏ ေနရာလြတ္စူပါမားကက္တြင္ရ႐ွိႏိုင္သည္။

သူမသည္ကုန္ပစၥည္းမ်ားကို စုေဆာင္း သိုေလွာင္ရသည္ကိုႀကိဳက္ေသာ ၿပိႆရာသီဖြားတစ္ေယာက္ဟု မည္သူကထင္မည္နည္း?

တစ္ႏွစ္အၾကာက လင္းမိဘမ်ားသည္ ေဂ်ာ္ဒန္႐ွိဝါဒီရမ္လြင္ျပင္သို႔သြားခဲ့ၾကသည္။ ဝါဒီရမ္လြင္ျပင္သည္ ႀကီးမားေသာ ေက်ာက္တုံး ေက်ာက္စိုင္ႀကီးမ်ားႏွင့္ အဆုံးမ႐ွိ သဲေက်ာက္တုံးႀကီးမ်ားက ေတာင္သဖြယ္ျပန္႔က်ဲတည္႐ွိေနသည္။

အေဖလင္းသည္ ထိုအရာကို တမ္းတေနသည္မွာ ၾကာေညာင္းလွၿပီျဖစ္ၿပီး အၿမဲစိန္ေခၚခ်င္ခဲ့သည္ပင္။

ရလဒ္အေနႏွင့္ ထိုအတြဲသည္ ဘယ္ေသာအခါမွျပန္မလာခဲ့ေတာ့ေခ်။

ေဒသခံရဲအဖြဲ႕သည္ လြင္ျပင္ကို လဝက္နီးပါး႐ွာေဖြခဲ့ၿပီး မီးေမႊးခဲ့ေသာမီးပုံမွ အႂကြင္းအက်န္မ်ားႏွင့္ မွတ္စုတစ္ခုကိုသာ႐ွာေဖြေတြ႕႐ွိခဲ့သည္။

မွတ္စုေပၚမွစကားလုံးမ်ားမွာ လင္းေယာင္အား ဘဝတြင္ေကာင္းေကာင္းမြန္မြန္ေနထိုင္ကာ အနာဂတ္ကိုေစာင့္ေမွ်ာ္ေနရန္တို႔ပင္။

ထိုစကားလုံးမ်ားမွာ ေဒသခံရဲမ်ားကို႐ႈပ္ေထြးသြားေစကာ ေခါင္းကုတ္မိသြားေစသည္။

သို႔ေသာ္လည္း လင္းေယာင္မွာ သူမ၏မိဘမ်ားကသူမအဘိုးအဘြားမ်ားကဲ့သို႔ပင္ အခ်ိန္ခရီးသြားခဲ့ျခင္းျဖစ္မည္ျဖစ္ေၾကာင္း နားလည္ခဲ့သည္!

လင္းေယာင္ စိတ္ေအးလက္ေအးျဖစ္သြားၿပီး ေကာလိပ္မွဘြဲ႕ရၿပီးေသာအခါ သူမမိသားစု၏ စူပါမားကက္ဆိုင္ခြဲမ်ားကိုဖြင့္လွစ္ေနရင္း သူမမိဘမ်ား ခ်န္ထားခဲ့ေသာအေဆာက္အဦး ၂ ခုကိုျပန္လည္ျပင္ဆင္၍ အိမ္ငွားကာအိမ္ငွားခမ်ားေကာက္ယူခဲ့သည္။

သူမ၏ကေလးဘဝက အေတာ္ပင္သာယာခဲ့သည္ဆိုရမည္။

မေမွ်ာ္လင့္စြာပင္ သူမ၏၂၅ ႏွစ္ျပည့္ေမြးေန႔ၿပီးသည္ႏွင့္ မိသားစု၏ အဆင့္အတန္း ျမင့္မားလွေသာအစဥ္အလာကို သူမဆက္ခံရ႐ွိေပမည္။

အကုန္လုံးက ကံတရားသာပင္။


လင္းေယာင္ သူမ၏ ေနရာလြတ္ စူပါမားကက္သည္ ဤေနရာတြင္လည္း ႐ွိေနမည္လားဆိုၿပီး စမ္းသပ္လိုေသာေၾကာင့္ အက်င့္ျဖစ္ေနသည့္အတိုင္း သူမ၏ နဖူးကိုကိုင္လိုက္မိသည္။

သည္တစ္ႀကိမ္ေတာ့ လိမၼာပါးနပ္စြာပင္ ပတ္တီးစည္းထားေသာ ေနရာကို မထိေအာင္လုပ္လိုက္သည္။ မူရင္းပိုင္႐ွင္၏ လက္ထပ္ပြဲေန႔တြင္ သူမတိုင္ႏွင့္ ေခါင္းေဆာင့္ၿပီးနဖူးကြဲသြားသည္။ ထိုသည္ကခပ္ေသးေသးမဟုတ္ေပ။ ႐ုတ္႐ုတ္သဲသဲျဖစ္ေနသည္ကိုအခြင့္ေကာင္းယူကာ လင္းမိသားစု လြတ္ေျမာက္သြားၾကသည္။

ထိုအခ်ိန္တြင္ ကုမိသားစုမွာ မူရင္းပိုင္႐ွင္ကို က်န္းမာေရးစင္တာသို႔ လိုက္ပို႔ရန္အလုပ္႐ႈပ္ေနၿပီး လင္းတာ့ေကာ္ႏွင့္ ျငင္းခုံေနရန္အခ်ိန္မ႐ွိေပ။

က်န္းမာေရးစင္တာက လင္းေယာင္၏ ေခါင္းမွဒဏ္ရာကိုပတ္တီးစီးေပးလိုက္သည္။

က်န္းမာေရးစင္တာမွ ဆရာဝန္က ဒဏ္ရာမွာတျဖည္းျဖည္း ေပ်ာက္သြားမည္ျဖစ္ၿပီး ေဆး႐ုံတင္ရန္ မလိုေၾကာင္းဆို၏။ ေဆးကို ၃ ရက္ျပည့္တိုင္း ေျပာင္းရမည္။ အိမ္တြင္အစာေပ်ာ့ေပ်ာ့မ်ားကို စားၿပီး အနည္းငယ္ ဂ႐ုစိုက္ေပးရမည္ဟုမွာ၏။

ထိုသည္ကိုၾကားေသာအခါ ကုမိသားစုမွာစိတ္သက္သာရာရသြားေတာ့သည္။

ညေနခင္းေနက သဖန္းပင္ကို ထိုးေဖာက္ေနၿပီးညစာစားခ်ိန္ေရာက္လာသည္။

ျပတင္းေပါက္ အျပင္ဖက္႐ွိသဖန္းပင္မွ ပုရစ္ေအာ္သံမ်ားကို ျခံဝန္းအတြင္း႐ွိ အိုးသံခြက္သံမ်ားက ဖုံးသြားသည္။ ရံဖန္ရံခါတြင္ေတာ့ ပုရစ္ ၂ ေကာင္ ၃ ေကာင္ေလာက္၏ ေအာ္သံကိုၾကားရသည္။

"ဝွစ္"

အသံႏွင့္အတူ လင္းေယာင္အခန္းထဲသို႔ ေပ်ာက္ကြယ္သြားသည္။

အေတြးႏွင့္အတူ သူမ၏ ေနရာလြတ္႐ွိ ကိုယ္ပိုင္စူပါမားကက္၌ လင္းေယာင္ေပၚလာၿပီး သူမေ႐ွ႕႐ွိျပည့္ေနေသာစင္မ်ားကိုၾကည့္လိုက္သည္။

လင္းေယာင္ ေပ်ာ္လြန္းသျဖင့္ထပါက,ခ်င္သည္။

ေ႐ႊလက္ေခ်ာင္းႀကီး ဒီမွာ႐ွိေနသေ႐ြ႕ သူမအေျမာက္စာအျဖစ္ သ႐ုပ္ေဆာင္ရန္ ဘာမွအခက္အခဲမ႐ွိေပ။

လင္းေယာင္ စူပါမားကက္တြင္ ၾကာၾကာမေနဝံ့ေပ။

သူမအခုကုအိမ္တြင္ ေနထိုင္ေနၿပီျဖစ္သည္။ ျခံဝန္းထဲတြင္သြားလာေနၾကသူမ်ား႐ွိသည္။ ဆီႏွင့္ဆန္မ်ားျပတ္ေတာက္တတ္ေသာေၾကာင့္ ရပ္ၿပီးေခ်းငွားၾကသည္မွာပုံမွန္ပင္ျဖစ္သည္။

သူမလူမိသြားၿပီး မေကာင္းဆိုးဝါးတစ္ေကာင္လို ဆက္ဆံခံရျခင္းမ်ိဳး မျဖစ္လိုေပ။

လင္းေယာင္ စူပါမားကက္ထဲမွ ထြက္လာၿပီး အခန္းထဲတြင္႐ိုေသက်ိဳးႏြံစြာ ထိုင္ေနလိုက္သည္။

မၾကာခင္မွာပင္ မီးဖိုေခ်ာင္တြင္ အလုပ္႐ႈပ္ေနသူ

Bạn đang đọc truyện trên: Truyen2U.Net