အပိုင်း ၁၄

Màu nền
Font chữ
Font size
Chiều cao dòng

Unicode

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၁၄





" ဦးစီးအရာရှိကို သတင်းပို့ပါတယ်! ဒီနေ့ကစစ်တပ်-အရပ်သား ပူးတွဲ စောင့်ကြပ်တဲ့နေ့ဖြစ်ပြီး ပင်လယ်ကို သွားရမယ့်နေ့လည်း ဟုတ်ပါတယ်။ ဝန်ထမ်းရေးရာဌာန တစ်ဖွဲ့ကလည်း ကျွန်တော်တို့ ကျွန်းကိုလာပါလိမ့်မယ်! "

" ဘယ်အချိန်တုန်းက ရောက်တာလဲ "

" ဆယ့်တစ်နာရီတုန်းကပါ။ အဲ့ဒါက အမြဲတမ်း ဒီအချိန်ဘဲ " ကျန်းရှောက်ယွီက ဘာမှပြန်မပြောလာသေးပေ။

ကျိုးပိုင်ထောင် တစိမ့်စိမ့်တွေးလိုက်ကာ ပြောခဲ့သည်။  " ဝန်ထမ်းရေးရာဌာနရဲ့ တိကျတဲ့ ကမ်းကပ်တဲ့အခြေအနေကို သတင်းပို့တာတော့ မရှိ‌သေးပါဘူး။ ဦးစီးအရာရှိ ကျွန်တော့်ကိုသွားပြီး တစ်ချက်ကြည့်ပေးစေချင်လား?"

ဦးစီးအရာရှိက ရုတ်တရက် ဘာလို့ ဒါကိုမေးလဲဆိုတာ သူလည်း မသိပေမယ့်လည်း စစ်သားတစ်ယောက်ရဲ့တာဝန်က အမိန့်နာခံရမှာပင်။

" ကောင်းပြီ မင်းသွားပြီး တစ်ချက်သွားကြည့်လိုက်"

ကျိုးပိုင်ထောင်ရဲ့ " ဟုတ်ကဲ့ "က သူမထွက်ခင် သူ့လည်ချောင်းထဲမှာ ဖိနှိပ်ခံလိုက်ပြီး သူပြောလိုက်သည်။

" မေ့လိုက်တော့ ငါ့ဘာသာပဲသွားပြီး သွားကြည့်လိုက်မယ် "

'ဘာဖြစ်လို့ ဒီလိုအလျင်လိုနေရတာလဲ အကြီးအကဲဟောင်းက ဒီကိုရောက်နေလို့များလား?'

"ဦးစီးအရာရှိ၊ ဦးစီးအရာရှိ၊ခင်ဗျားရဲ့ တွဲဖက်ကဒီရောက်နေတယ်!" ဝင်းအပြင်ဘက်က ကလေးတွေက  အထဲကိုကြည့်ဖို့ သူတို့ခေါင်းတွေကို တိုးလာတော့ ကျန်းရှောက်ယွီ ဒီနတ်ဆိုးလေးတွေကို သတိထားမိသွားသည်။

မုန့်ယန် ခန့်မှန်းတာမှန်သည်။ ဒီကျွန်းပေါ်က ကလေးတွေနဲ့ ကျန်းရှောက်ယွီက ဆက်ဆံ‌ရေးကောင်းသည်။ ကလေးတွေ မဟုတ်တာပြောတာကို သူစိတ်မတိုဘဲ အပြုံးနဲ့မေးလိုက်သည်။

" ငါက ချိန်းတွေ့နေတယ်? ငါ ချိန်းတွေ့နေတာကို ငါဘာလို့မသိရတာလဲ?"

ဟူကျီ အချည်းအနှီးဖြစ်စွာနဲ့ သူ့ပါးစပ်ကိုကျယ်ကျယ် ဖွင့်လိုက်ပြီး ပြောခဲ့သည်။

" အာ၊ နတ်သမီးလေးက ခင်ဗျားရဲ့ တွဲဖက်မဟုတ်ဘူးပေါ့?"

နတ်သမီး?

ခုနကဓာတ်ပုံက ကျန်းရှောက်ယွီစိတ်ထဲ ပေါ်လာကာ အဲ့ဒါက နတ်သမီးလို့ပြောတာ ချဲ့ကားနေတာမဟုတ်ချေ။

ကျန်းရှောက်ယွီ အရှေ့တိုးလိုက်ပြီး နည်းနည်းငုံ့လိုက်ကာ မေးခဲ့သည်။ "  မင်းတို့တွေ သူ့ကိုဘယ်မှာတွေ့လာတာလဲ?"

ဟူကျီက ခပ်ကျယ်ကျယ်ဖြေလာသည်။ "ဟုန်ဟူပင်လယ်အော်မှာ! သူက ကျွန်းထဲဝင်လာပြီးတော့ ကျွန်တော့်အမေနဲ့ ဒါရိုက်တာဟွားလည်း အဲ့ဒီမှာ!"

" သူတို့တွေ အခုဘယ်မှာလဲ?"

" ကြည့်ရတာ သူတို့တွေ ဦးစီးအရာရှိရဲ့အိမ်ကိုသွားတယ်ထင်တယ်! "

" ကျေးဇူးပဲ"

ကျန်းရှောက်ယွီ ခြေလှမ်းကြီးကြီးနဲ့ အ‌ဝေးကို လျှောက်သွားတော့ ကျိုးပိုင်ထောင်က ခေါင်းလှည့်လိုက်ပြီး အခြားရဲဘော်ရဲဘက်တွေကို တစ်ခုခု ပြောလိုက်ပြီး မြောက်ကြွမြောက်ကြွ သရဲခေါင်းလေးတွေက နောက်ကနေ အမြန်လိုက်သွားလိုက်သည်။

အမျိုးသား ထွက်သွားပြီးတဲ့နောက်မှာ စစ်တပ်ယူနီဖောင်းနဲ့ လူတချို့က ဆွေးနွေးကြပြီး တိုးတီးပြောလာကြသည်။

" ဦးစီးအရာရှိက ဘယ်တုန်းက ချိန်းတွေ့လိုက်ပြီးတော့ တိတ်တိတ်လေး ထားထားတာလဲ?"

" ငါလည်းမသိဘူး...."

" နတ်သမီး? ဘယ်မေချန်ကို နတ်သမီးလို့ ခေါ်တာလဲ?"

....

" ဦးစီးအရာရှိက အိမ်မှာမရှိဘူး။ ရဲဘော်မုန့်ယန် ဒါမှမဟုတ် ငါတို့စစ်တပ်ထဲ ခေါ်သွားပေးရမလား? ဦးစီးအရာရှိက အိမ်မှာမရှိလို့ရှိရင် စစ်တပ်ထဲမှာရှိနေမှာ"

လျှိုကုံရှင်းက သူ့ပုခုံးပေါ်က အိတ်ကိုချလိုက်ပြီး ပြောခဲ့သည်။

" ဒါဆို ပစ္စည်းတွေကို ခြံဝင်းထဲထည့်လိုက်မယ်။ မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ ကျွန်းမှာ ဘာသူခိုးမှမရှိဘူး။ ညဘက်ဆိုအိမ်တွေက ပိတ်တောင်မပိတ်ထားဘူး။ ဘယ်သူမှဦးစီးအရာရှိရဲ့အိမ်ကို လာရဲမှာမဟုတ်ဘူး!"

" ဟဟဟ-" လူတိုင်း ရယ်လိုက်ကြသည်။

ကျန်းရှောက်ယွီ အိမ်ကို အပြေးအလွှား ရောက်သွားတဲ့အချိန်မှာ အဖွဲ့က စစ်တပ်ထဲမှာ သူ့ကိုသွားရှာဖို့ စီစဉ်နေကြသည်။ လူအုပ်ပတ်ပတ်လည်ထဲက မုန့်ယန်ကို သူမြင်လိုက်တဲ့အချိန် သူ့စိတ်က တစ်ခဏလောက် ဗလာဖြစ်သွားသည်။

နေက တောက်တောက်ပပသာနေပြီး မြင်ကွင်းက ကွက်တိကျနေသည်။ လူအုပ်ဝန်းရံထားတဲ့ အဖြူရောင်ဂါဝန်နဲ့ ပြုံးနေတာ ကောင်မလေးက အဝေးတစ်နေရာက ပန်းချီကားလိုပင်။

--- မင်းကို ဓာတ်ပုံထဲမှာ အံ့ဩသွားစေတဲ့ အမျိုးသမီးက မင်းအရှေ့မှာ ရပ်နေပြီး မင်းကိုပြုံးပြလိုက်တဲ့ အဲ့ဒီအချိန်မှာ မင်းဘယ်လို ခံစားရလဲ?

အပေါက်ပေါက်သွားတဲ့ ပူဖောင်းလေးက ကောင်းကင်ကို ရုတ်တရက် ခုန်တက်သွားသလိုမျိုး ကျန်းရှောက်ယွီရဲ့ ရင်ထဲမှာလည်း ‌အလောတကြီး ပေါက်ကွဲထွက်လာပြီး တောက်ပလွန်းတဲ့ မီးရှူးမီးပန်းတွေက သူ့ခေါင်းထဲမှာ ပေါက်ထွက်သွားသလိုပင်။

သူ့ရင်ထဲမှာ တဆတ်ဆတ်တုန်နေတဲ့ ခံစားချက်ပင်။

သူ့ရင်ထဲမှာဘဲ ပေါက်ကွဲနေစေလိုက်ပြီး သူမျက်နှာမှာတော့ဘာမှမပြဘဲ သူ့ရဲ့သိမ်းငှက်လို မျက်လုံးကို မှေးလိုက်ပြီး အရှေ့ကိုလျှောက်သွားလိုက်သည်။

နေရောင်ထဲမှာ၊ သူ့ရဲ့ ကောင်းကောင်းချုပ်ထားတဲ့ အဖြူရောင် ရေတပ်ဝတ်စုံက အထူးတလည်ကို မျက်စိဖမ်းစားနေသည်။

သူကအရပ်ရှည်ပြီးတော့ သု့ရဲ့ရှည်လျားတဲ့ ခြေတံတွေက သူ့အရိုးတွေ ဘယ်လောက်တောင် သန်မာနေမလဲဆိုတာ လူတွေကို  သံသယမဖြစ်‌စေဘဲ မနေနိုင်ချေ။

အပြင်က လူက ဓာတ်ပုံထဲက ထက်ပိုပြီးတော့တောင် ကြည့်ကောင်းတယ်၊ အရမ်းယောက်ျားဆန်တာဘဲ---

မုန့်ယန်က မှင်သက်နေပေမယ့် လူတိုင်းက ကျန်းရှောက်ယွီကို နွေးနွေးထွေးထွေး နှုတ်ဆက်နေကြသည်။

" ဦးစီးအရာရှိကျန်း! ခင်‌ဗျားရဲ့ တွဲဖက်က ဒီမှာ!"

"မင်းက အရမ်းလှတာ။ ဦးစီးအရာရှိကျန်းနဲ့တကယ်ကိုလိုက်တယ်! "

သူက သက်တံ‌လေ‌ပြေ‌တွေကို တပြိုင်နက် မှုတ်ထုတ်လိုက်ပေမယ့် ဒီဟာက ဘာမှမမှားနေချေ။ မုန့်ယန်ကလည်း တကယ့်ကို လှပပြီးတော့ နှစ်ယောက်သားက ရုပ်ရည်ရော အရည်အချင်းတွေပါ လိုက်ဖက်ကြသောကြောင့်ပင်။

"ဂုဏ်ယူပါတယ်! ဂုဏ်ယူပါတယ်! ဦးစီးအရာရှိ၊ ဘယ်တော့ လက်ထပ်မယ့်ကိစ္စကို တင်ပြမှာလဲ။ ပြီးတော့ ဘယ်တော့ လက်ထပ်ပွဲကျင်းပမှာလဲ!"

" ဦးစီးအရာရှိက တကယ့်ကို ဖွက်ထားတာပဲ "

ကျန်းရှောက်ယွီက လူတိုင်းပြောနေတာ နားမထောင်နေဘဲ မုန့်ယန်ကိုဘဲ ဝံပုလွေတစ်ကောင်လို စိုက်ကြည့်နေကာ ပြောခဲ့သည်။ "ရဲဘော်မုန့်ယန်"

နွေးထွေးတဲ့ အလင်းရောက်က မိန်းကလေးရဲ့ မျက်နှာမှာ ရောင်ပြန်ဟပ်နေပြီး မျက်တောင်တွေက ယပ်တောင်လေးတွေလို ဖြစ်နေကာ မျက်ခွံပေါ်မှာ အရိပ်ထင်နေသည်။

" မင်္ဂလာပါ ရဲဘော်ကျန်းရှောက်ယွီ "

သူရပ်သွားပြီး သူမ မျက်လုံးထဲကို အမြန်ကြည့်လိုက်ကာ ပြန် နှုတ်ဆက်ခဲ့သည်။

အဲ့ဒါပြီးတော့ ဘာစကားမှ မရှိတော့ပေ။

လေထုက ရုတ်တရက် တင်းကြပ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောစရာစကားလည်း မရှိတော့ဘဲ လူတိုင်းကလည်း တိတ်‌ဆိတ်နေကြကာ စိုးရိမ်မှုနည်းနည်းနဲ့ မျှော်လင့်စောင့်စားနေကြသည်။

သူတို့က ကျန်းရှောက်ယွီ မုန့်ယန်ကို အနည်းနဲ့အများတော့ နှုတ်ဆက်လိမ့်မယ်လို့ ထင်နေပေမယ့် ဒီကောင်လေးက ဒီလိုပြောလာမယ်လို့ မထင်ထားခဲ့ဘူး။ " ရဲဘော်မုန့်ယန်၊ မင်း ဒီမှာဘာလုပ်‌နေတာလဲ "

ကောင်းလိုက်တဲ့လူ၊ ဒီ‌ကောင်မ‌လေးက ဦးစီးအရာရှိကျန်းရဲ့ဟာလို့ မပြောခဲ့ဘူးလား? သူမက မင်းရဲ့မရီးဖြစ်ဖို့ တစ်လမ်းလုံး မြောက်ဘက်ကနေလာခဲ့တာ။ သိသိသိကြီးနဲ့ ဒီလိုမေးတာ တစ်ယောက်ယောက်ကို မရှက်သွားစေဘူးလား?

ဦးစီးအရာရှိ ဘာဆေးမှား‌သောက်မိသွားလဲဆိုပြီး လူတိုင်းက ပဟေဠိဖြစ်သွားကြသည်။

မုန့်ယန် အံ့ဩသွားပြီး သူမတစ်ခဏလောက် စိတ်ပျက်အံ့အားသင့်သွားပေမယ့် ခဏနေတော့ ပြန်ဖုံးကွယ်လိုက်ကာ ပြောခဲ့သည်။

"ရဲဘော် ကျန်းရှောက်ယွီ၊ ကျွန်မ ဒီမှာ....တော်လှန်ရေးမှာ နင်နဲ့အတူ ရဲဘော်ရဲဘက်အဖြစ် ဖလှယ်ဖို့ ရောက်လာတာပါ!"

ဘယ်လိုဖြစ်လို့ ဒီစကားတွေကို ကောင်းကောင်း‌ပြောထွက်လာလဲဆိုတာ ကျန်းရှောက်ယွီ နည်းနည်း အံ့အားသင့်သွားသည်။

သူမကို ထပ်ကြည့်လိုက်တော့ နွေဦးလေပြေလို နွေးထွေးမှုတွေနဲ့ ရေးရေးလေး ပြုံးနေသည်။

ပထမအကြိမ်မှာ နှစ်ဖက်လုံးက တင်းမာနေပြီး သူတို့ဘယ်လိုပဲ ဖြည်းနေပါစေ တစ်ခုခုမှားနေတယ်ဆိုတာ လူတိုင်းက မြင်နေရပြီး အဆုံးမှာတော့ အဒေါ်ဟောင်က လေထုကို ပြေလျော့စေလိုက်သည်။

"ဦးစီးအရာရှိ၊ ရဲဘော်မုန့်ယန်ကို အနားယူဖို့ ခေါ်သွားလိုက်ပါဦး။ သူမက တစ်‌လျှောက်လုံး လာထားရတာ။ အဲ့ဒါကြောင့် ရေအရင် ပေးသောက်လိုက်ပါဦး "

ကျန်းရှောက်ယွီ တန့်သွားပြီး သူအမှားလုပ်မိသွားတာ သဘောပေါက်သွားသည်။

နောင်တရနေတဲ့ မိဘတွေရဲ့ တောင်းဆိုမှုကြောင့် သူမနဲ့ လက်ထပ်ရတာကို ထည့်မစဉ်းစားပါစေဦး သူမက မင်းအတွက်နဲ့ မြောက်ဘက်နေ မိုင်ပေါင်းထောင်ချီ အဝေးကနေလာခဲ့ရတာကို အရင်ဆုံး သူမ အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။

အဲ့ဒါနဲ့ သူအော်‌ခေါ်လိုက်သည်။ " ကျိုးပိုင်ထောင်!"

"ရောက်ပါပြီ ! "

" ရဲဘော် မုန့်ယန်ကို စစ်တပ်ထဲပို့ပေးလိုက်!"

" ဟုတ်ကဲ့ပါ!"

ရဲဘော်ရှောင်ကျိုးကတော့ ရင်ထဲမှာ ကျိန်ဆဲနေပေမယ့် အပြင်မှာတော့ အိမ်တံခါးဆီကို ရောက်ပြီးနေပြီ။ ဘာလို့ စစ်တပ်ထဲသွားမှာလဲ?

သို့ပေမယ့်လည်း ဦးစီးအရာရှိရဲ့ စကားတွေကို မဆန့်ကျင်ရဲတော့ လိမ်လိမ်မာမာနဲ့ပဲ လူတွေကို အဝေးပို့လိုက်သည်။

ကျွန်းပေါ်မှာ အဓိက စီးစရာယာဉ်တွေက ခြေထောက်တွေဘဲဖြစ်သည်။ စစ်သားတွေမှာက စစ်တပ်ယာဉ်ရှိပေမယ့် အဲ့ဒါကို သုံးဖို့ အထက်ကို လျှောက်ရသေးသည်။

ကျန်းရှောက်ယွီရဲ့အိမ်ကနေ စစ်တပ်ကို ရောက်ဖို့ ဆယ်မိနစ်ပဲကြာသည်။ အဲ့ဒါက သိပ်မဝေးပေမယ့် ဒါက ကျေးလက်ဒေသက နေရာဖြစ်သည်။ မြို့မှာလိုမျိုး ကွန်ကရစ်လမ်းတွေမရှိဘဲ ညစ်ပတ်တဲ့လမ်းမှာလျှောက်ရတာ ခက်ခဲပင်ပန်းသည်။

ကျန်းရှောက်ယွီပြောတဲ့ ရေသောက်တာက တကယ်ရေသောက်တာဖြစ်သည်။ ရုံးကလူတွေရဲ့ မျက်လုံးတွေနဲ့ ဝင်း ဝင်ပေါက် နံရံက သိချင်စိတ်နဲ့ခေါင်းတွေ အောက်မှာ မုန့်ယန်က ရေကို လောင်းထည့်လိုက်ပြီး တစ်ခွက်ပြီး တစ်ခွက်သောက်တော့သည်။

ဒီအချိန်မှာ သူမကိုယ်သူမ တိရိစ္ဆာန်ဥယျာဉ်က မျောက်လို့ ခံစားလိုက်ရသည်။ မဟုတ်သေးဘူး သူမက သေချာပေါက် မျောက်ထက်တောင် ထူးဆန်းနေတဲ့ ပန်ဒါပဲ!

" အကြီးအကဲကျန်း ရှင့်ဆီကို စာပို့လိုက်တယ်။ ရှင်ရလိုက်လား?" လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း မုန့်ယန်မဝံ့မရဲနဲ့ မေးလိုက်သည်။

အမျိုးသားက သူမကို တစ်ချက်ကြည့်လာပြီး အေးစက်စက်အသံနဲ့ ပြောခဲ့သည်။ " ရတယ် "

ပြီးတော့ ဘာပြောစရာစကားမှမရှိတော့ပေ။

မုန့်ယန်က ၂၁ရာစုက လာတယ်ဆိုပေမယ့်လည်း သူမမှာ အချစ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံက အရမ်းနည်းသည်။

အားလုံးပေါင်းမှ အချစ်ကိစ္စက နှစ်ခါပဲရှိခဲ့ဖူးသည်။ပထမတစ်ခါက သုံးရက်ဘဲ ကြာခဲ့တဲ့ ကောလိပ်အချစ်‌ဖြစ်သည်။

ကောင်လေးက သူမကို မနက်တိုင်း မနက်စာယူလာပေးမယ်ခို့ကတိပေးထားခဲ့ပြီး သုံးရက်လောက် ဆက်တိုက်လုပ်ပြီးတဲ့နောက်မှာ သူ အိပ်ရာကနေ မထနိုင်‌တော့တဲ့အတွက် မုန့်ယန်က ပြတ်ပြတ်သားသားနဲ့ လမ်းခွဲဖို့ တောင်း‌ဆိုလိုက်တော့တယ်။

ဒုတိယအခေါက်ကျတော့ အဆက်အသွယ်လုပ်တာ တစ်နှစ်လောက်တော့ ရှိခဲ့သည်။ သုတေသနလုပ်တဲ့အဖွဲ့အစည်းက အလုပ်အရမ်းများလွန်းတဲ့အတွက် နှစ်ယောက်သားက အဝေးရောက်ချစ်သူတွေနဲ့ ဘာမှမကွာခဲ့ပေ။ အမျိုးသားက အထီးကျန်တာကို မသည်းခံနိုင်တော့ဘဲ သူ့ခြေထောက်တွေနဲ့သူ ထွက်သွားတဲ့အတွက် မုန့်ယန်က ပြတ်ပြတ်သားသား လမ်းခွဲလိုက်သည်။

ငါတို့ အဲ့ဒီအကြောင်းကို ဘယ်တော့မှ မပြောကြရအောင်။

အဲ့ဒါကြောင့် မုန့်ယန်က ရိုးရိုးရှင်းရှင်းပဲ ဆက်ဆံရေးတွေမှာ ကမောက်ကမဖြစ်ပြီး သူမရဲ့အတွေ့အကြုံကလည်း သူမရှေ့က လူပျိုအိုကြီး ကျန်းရှောက်ယွီထက် မပိုပေ။

.............

khat - ဒါလေးကို အစ်က အပိုင်း ၁၀၀ ဝန်းကျင် မှန်းထားတာပေါ့နော်။ ခုက ၁၃၀ လောက်သွားမှာဆိုတော့ paid gp ဈေးလေး ပြန်ပြင်ပါမယ်ရှင့်။ စဆုံး ၃၅၀၀ ပါ။ gp 100 ကျော်ပါပြီရှင့်။

ဒီနေ့ လာဝင်မယ်သူလေးတွေကို ၃၀၀၀ နဲ့ပဲထားပေးမယ်နော်

•••••••••••

Zawgyi

၇၀ ခုႏွစ္ ကြၽန္းေပၚ႐ွိ စုံတြဲ

ပိုင္း ၁၄





" ဦးစီးအရာ႐ွိကို သတင္းပို႔ပါတယ္! ဒီေန႔ကစစ္တပ္-အရပ္သား ပူးတြဲ ေစာင့္ၾကပ္တဲ့ေန႔ျဖစ္ၿပီး ပင္လယ္ကို သြားရမယ့္ေန႔လည္း ဟုတ္ပါတယ္။ ဝန္ထမ္းေရးရာဌာန တစ္ဖြဲ႕ကလည္း ကြၽန္ေတာ္တို႔ ကြၽန္းကိုလာပါလိမ့္မယ္! "

" ဘယ္အခ်ိန္တုန္းက ေရာက္တာလဲ "

" ဆယ့္တစ္နာရီတုန္းကပါ။ အဲ့ဒါက အၿမဲတမ္း ဒီအခ်ိန္ဘဲ " က်န္းေ႐ွာက္ယြီက ဘာမွျပန္မေျပာလာေသးေပ။

က်ိဳးပိုင္ေထာင္ တစိမ့္စိမ့္ေတြးလိုက္ကာ ေျပာခဲ့သည္။  " ဝန္ထမ္းေရးရာဌာနရဲ႕ တိက်တဲ့ ကမ္းကပ္တဲ့အေျခအေနကို သတင္းပို႔တာေတာ့ မ႐ွိ‌ေသးပါဘူး။ ဦးစီးအရာ႐ွိ ကြၽန္ေတာ့္ကိုသြားၿပီး တစ္ခ်က္ၾကည့္ေပးေစခ်င္လား?"

ဦးစီးအရာ႐ွိက ႐ုတ္တရက္ ဘာလို႔ ဒါကိုေမးလဲဆိုတာ သူလည္း မသိေပမယ့္လည္း စစ္သားတစ္ေယာက္ရဲ႕တာဝန္က အမိန္႔နာခံရမွာပင္။

" ေကာင္းၿပီ မင္းသြားၿပီး တစ္ခ်က္သြားၾကည့္လိုက္"

က်ိဳးပိုင္ေထာင္ရဲ႕ " ဟုတ္ကဲ့ "က သူမထြက္ခင္ သူ႕လည္ေခ်ာင္းထဲမွာ ဖိႏွိပ္ခံလိုက္ၿပီး သူေျပာလိုက္သည္။

" ေမ့လိုက္ေတာ့ ငါ့ဘာသာပဲသြားၿပီး သြားၾကည့္လိုက္မယ္ "

'ဘာျဖစ္လို႔ ဒီလိုအလ်င္လိုေနရတာလဲ အႀကီးအကဲေဟာင္းက ဒီကိုေရာက္ေနလို႔မ်ားလား?'

"ဦးစီးအရာ႐ွိ၊ ဦးစီးအရာ႐ွိ၊ခင္ဗ်ားရဲ႕ တြဲဖက္ကဒီေရာက္ေနတယ္!" ဝင္းအျပင္ဘက္က ကေလးေတြက  အထဲကိုၾကည့္ဖို႔ သူတို႔ေခါင္းေတြကို တိုးလာေတာ့ က်န္းေ႐ွာက္ယြီ ဒီနတ္ဆိုးေလးေတြကို သတိထားမိသြားသည္။

မုန္႔ယန္ ခန္႔မွန္းတာမွန္သည္။ ဒီကြၽန္းေပၚက ကေလးေတြနဲ႔ က်န္းေ႐ွာက္ယြီက ဆက္ဆံ‌ေရးေကာင္းသည္။ ကေလးေတြ မဟုတ္တာေျပာတာကို သူစိတ္မတိုဘဲ အျပဳံးနဲ႔ေမးလိုက္သည္။

" ငါက ခ်ိန္းေတြ႕ေနတယ္? ငါ ခ်ိန္းေတြ႕ေနတာကို ငါဘာလို႔မသိရတာလဲ?"

ဟူက်ီ အခ်ည္းအႏွီးျဖစ္စြာနဲ႔ သူ႕ပါးစပ္ကိုက်ယ္က်ယ္ ဖြင့္လိုက္ၿပီး ေျပာခဲ့သည္။

" အာ၊ နတ္သမီးေလးက ခင္ဗ်ားရဲ႕ တြဲဖက္မဟုတ္ဘူးေပါ့?"

နတ္သမီး?

ခုနကဓာတ္ပုံက က်န္းေ႐ွာက္ယြီစိတ္ထဲ ေပၚလာကာ အဲ့ဒါက နတ္သမီးလို႔ေျပာတာ ခ်ဲ႕ကားေနတာမဟုတ္ေခ်။

က်န္းေ႐ွာက္ယြီ အေ႐ွ႕တိုးလိုက္ၿပီး နည္းနည္းငုံ႔လိုက္ကာ ေမးခဲ့သည္။ "  မင္းတို႔ေတြ သူ႕ကိုဘယ္မွာေတြ႕လာတာလဲ?"

ဟူက်ီက ခပ္က်ယ္က်ယ္ေျဖလာသည္။ "ဟုန္ဟူပင္လယ္ေအာ္မွာ! သူက ကြၽန္းထဲဝင္လာၿပီးေတာ့ ကြၽန္ေတာ့္အေမနဲ႔ ဒါ႐ိုက္တာဟြားလည္း အဲ့ဒီမွာ!"

" သူတို႔ေတြ အခုဘယ္မွာလဲ?"

" ၾကည့္ရတာ သူတို႔ေတြ ဦးစီးအရာ႐ွိရဲ႕အိမ္ကိုသြားတယ္ထင္တယ္! "

" ေက်းဇူးပဲ"

က်န္းေ႐ွာက္ယြီ ေျခလွမ္းႀကီးႀကီးနဲ႔ အ‌ေဝးကို ေလွ်ာက္သြားေတာ့ က်ိဳးပိုင္ေထာင္က ေခါင္းလွည့္လိုက္ၿပီး အျခားရဲေဘာ္ရဲဘက္ေတြကို တစ္ခုခု ေျပာလိုက္ၿပီး ေျမာက္ႂကြေျမာက္ႂကြ သရဲေခါင္းေလးေတြက ေနာက္ကေန အျမန္လိုက္သြားလိုက္သည္။

အမ်ိဳးသား ထြက္သြားၿပီးတဲ့ေနာက္မွာ စစ္တပ္ယူနီေဖာင္းနဲ႔ လူတခ်ိဳ႕က ေဆြးေႏြးၾကၿပီး တိုးတီးေျပာလာၾကသည္။

" ဦးစီးအရာ႐ွိက ဘယ္တုန္းက ခ်ိန္းေတြ႕လိုက္ၿပီးေတာ့ တိတ္တိတ္ေလး ထားထားတာလဲ?"

" ငါလည္းမသိဘူး...."

" နတ္သမီး? ဘယ္ေမခ်န္ကို နတ္သမီးလို႔ ေခၚတာလဲ?"

....

" ဦးစီးအရာ႐ွိက အိမ္မွာမ႐ွိဘူး။ ရဲေဘာ္မုန္႔ယန္ ဒါမွမဟုတ္ ငါတို႔စစ္တပ္ထဲ ေခၚသြားေပးရမလား? ဦးစီးအရာ႐ွိက အိမ္မွာမ႐ွိလို႔႐ွိရင္ စစ္တပ္ထဲမွာ႐ွိေနမွာ"

လွ်ိဳကုံ႐ွင္းက သူ႕ပုခုံးေပၚက အိတ္ကိုခ်လိုက္ၿပီး ေျပာခဲ့သည္။

" ဒါဆို ပစၥည္းေတြကို ျခံဝင္းထဲထည့္လိုက္မယ္။ မစိုးရိမ္ပါနဲ႔၊ ကြၽန္ေတာ္တို႔ ကြၽန္းမွာ ဘာသူခိုးမွမ႐ွိဘူး။ ညဘက္ဆိုအိမ္ေတြက ပိတ္ေတာင္မပိတ္ထားဘူး။ ဘယ္သူမွဦးစီးအရာ႐ွိရဲ႕အိမ္ကို လာရဲမွာမဟုတ္ဘူး!"

" ဟဟဟ-" လူတိုင္း ရယ္လိုက္ၾကသည္။

က်န္းေ႐ွာက္ယြီ အိမ္ကို အေျပးအလႊား ေရာက္သြားတဲ့အခ်ိန္မွာ အဖြဲ႕က စစ္တပ္ထဲမွာ သူ႕ကိုသြား႐ွာဖို႔ စီစဥ္ေနၾကသည္။ လူအုပ္ပတ္ပတ္လည္ထဲက မုန္႔ယန္ကို သူျမင္လိုက္တဲ့အခ်ိန္ သူ႕စိတ္က တစ္ခဏေလာက္ ဗလာျဖစ္သြားသည္။

ေနက ေတာက္ေတာက္ပပသာေနၿပီး ျမင္ကြင္းက ကြက္တိက်ေနသည္။ လူအုပ္ဝန္းရံထားတဲ့ အျဖဴေရာင္ဂါဝန္နဲ႔ ျပဳံးေနတာ ေကာင္မေလးက အေဝးတစ္ေနရာက ပန္းခ်ီကားလိုပင္။

--- မင္းကို ဓာတ္ပုံထဲမွာ အံ့ဩသြားေစတဲ့ အမ်ိဳးသမီးက မင္းအေ႐ွ႕မွာ ရပ္ေနၿပီး မင္းကိုျပဳံးျပလိုက္တဲ့ အဲ့ဒီအခ်ိန္မွာ မင္းဘယ္လို ခံစားရလဲ?

အေပါက္ေပါက္သြားတဲ့ ပူေဖာင္းေလးက ေကာင္းကင္ကို ႐ုတ္တရက္ ခုန္တက္သြားသလိုမ်ိဳး က်န္းေ႐ွာက္ယြီရဲ႕ ရင္ထဲမွာလည္း ‌အေလာတႀကီး ေပါက္ကြဲထြက္လာၿပီး ေတာက္ပလြန္းတဲ့ မီး႐ွဴးမီးပန္းေတြက သူ႕ေခါင္းထဲမွာ ေပါက္ထြက္သြားသလိုပင္။

သူ႕ရင္ထဲမွာ တဆတ္ဆတ္တုန္ေနတဲ့ ခံစားခ်က္ပင္။

သူ႕ရင္ထဲမွာဘဲ ေပါက္ကြဲေနေစလိုက္ၿပီး သူမ်က္ႏွာမွာေတာ့ဘာမွမျပဘဲ သူ႕ရဲ႕သိမ္းငွက္လို မ်က္လုံးကို ေမွးလိုက္ၿပီး အေ႐ွ႕ကိုေလွ်ာက္သြားလိုက္သည္။

ေနေရာင္ထဲမွာ၊ သူ႕ရဲ႕ ေကာင္းေကာင္းခ်ဳပ္ထားတဲ့ အျဖဴေရာင္ ေရတပ္ဝတ္စုံက အထူးတလည္ကို မ်က္စိဖမ္းစားေနသည္။

သူကအရပ္႐ွည္ၿပီးေတာ့ သု႔ရဲ႕႐ွည္လ်ားတဲ့ ေျခတံေတြက သူ႕အ႐ိုးေတြ ဘယ္ေလာက္ေတာင္ သန္မာေနမလဲဆိုတာ လူေတြကို  သံသယမျဖစ္‌ေစဘဲ မေနႏိုင္ေခ်။

အျပင္က လူက ဓာတ္ပုံထဲက ထက္ပိုၿပီးေတာ့ေတာင္ ၾကည့္ေကာင္းတယ္၊ အရမ္းေယာက်္ားဆန္တာဘဲ---

မုန္႔ယန္က မွင္သက္ေနေပမယ့္ လူတိုင္းက က်န္းေ႐ွာက္ယြီကို ေႏြးေႏြးေထြးေထြး ႏႈတ္ဆက္ေနၾကသည္။

" ဦးစီးအရာ႐ွိက်န္း! ခင္‌ဗ်ားရဲ႕ တြဲဖက္က ဒီမွာ!"

"မင္းက အရမ္းလွတာ။ ဦးစီးအရာ႐ွိက်န္းနဲ႔တကယ္ကိုလိုက္တယ္! "

သူက သက္တံ‌ေလ‌ေျပ‌ေတြကို တၿပိဳင္နက္ မႈတ္ထုတ္လိုက္ေပမယ့္ ဒီဟာက ဘာမွမမွားေနေခ်။ မုန္႔ယန္ကလည္း တကယ့္ကို လွပၿပီးေတာ့ ႏွစ္ေယာက္သားက ႐ုပ္ရည္ေရာ အရည္အခ်င္းေတြပါ လိုက္ဖက္ၾကေသာေၾကာင့္ပင္။

"ဂုဏ္ယူပါတယ္! ဂုဏ္ယူပါတယ္! ဦးစီးအရာ႐ွိ၊ ဘယ္ေတာ့ လက္ထပ္မယ့္ကိစၥကို တင္ျပမွာလဲ။ ၿပီးေတာ့ ဘယ္ေတာ့ လက္ထပ္ပြဲက်င္းပမွာလဲ!"

" ဦးစီးအရာ႐ွိက တကယ့္ကို ဖြက္ထားတာပဲ "

က်န္းေ႐ွာက္ယြီက လူတိုင္းေျပာေနတာ နားမေထာင္ေနဘဲ မုန္႔ယန္ကိုဘဲ ဝံပုေလြတစ္ေကာင္လို စိုက္ၾကည့္ေနကာ ေျပာခဲ့သည္။ "ရဲေဘာ္မုန္႔ယန္"

ေႏြးေထြးတဲ့ အလင္းေရာက္က မိန္းကေလးရဲ႕ မ်က္ႏွာမွာ ေရာင္ျပန္ဟပ္ေနၿပီး မ်က္ေတာင္ေတြက ယပ္ေတာင္ေလးေတြလို ျဖစ္ေနကာ မ်က္ခြံေပၚမွာ အရိပ္ထင္ေနသည္။

" မဂၤလာပါ ရဲေဘာ္က်န္းေ႐ွာက္ယြီ "

သူရပ္သြားၿပီး သူမ မ်က္လုံးထဲကို အျမန္ၾကည့္လိုက္ကာ ျပန္ ႏႈတ္ဆက္ခဲ့သည္။

အဲ့ဒါၿပီးေတာ့ ဘာစကားမွ မ႐ွိေတာ့ေပ။

ေလထုက ႐ုတ္တရက္ တင္းၾကပ္လာၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ေျပာစရာစကားလည္း မ႐ွိေတာ့ဘဲ လူတိုင္းကလည္း တိတ္‌ဆိတ္ေနၾကကာ စိုးရိမ္မႈနည္းနည္းနဲ႔ ေမွ်ာ္လင့္ေစာင့္စားေနၾကသည္။

သူတို႔က က်န္းေ႐ွာက္ယြီ မုန္႔ယန္ကို အနည္းနဲ႔အမ်ားေတာ့ ႏႈတ္ဆက္လိမ့္မယ္လို႔ ထင္ေနေပမယ့္ ဒီေကာင္ေလးက ဒီလိုေျပာလာမယ္လို႔ မထင္ထားခဲ့ဘူး။ " ရဲေဘာ္မုန္႔ယန္၊ မင္း ဒီမွာဘာလုပ္‌ေနတာလဲ "

ေကာင္းလိုက္တဲ့လူ၊ ဒီ‌ေကာင္မ‌ေလးက ဦးစီးအရာ႐ွိက်န္းရဲ႕ဟာလို႔ မေျပာခဲ့ဘူးလား? သူမက မင္းရဲ႕မရီးျဖစ္ဖို႔ တစ္လမ္းလုံး ေျမာက္ဘက္ကေနလာခဲ့တာ။ သိသိသိႀကီးနဲ႔ ဒီလိုေမးတာ တစ္ေယာက္ေယာက္ကို မ႐ွက္သြားေစဘူးလား?

ဦးစီးအရာ႐ွိ ဘာေဆးမွား‌ေသာက္မိသြားလဲဆိုၿပီး လူတိုင္းက ပေဟဠိျဖစ္သြားၾကသည္။

မုန္႔ယန္ အံ့ဩသြားၿပီး သူမတစ္ခဏေလာက္ စိတ္ပ်က္အံ့အားသင့္သြားေပမယ့္ ခဏေနေတာ့ ျပန္ဖုံးကြယ္လိုက္ကာ ေျပာခဲ့သည္။

"ရဲေဘာ္ က်န္းေ႐ွာက္ယြီ၊ ကြၽန္မ ဒီမွာ....ေတာ္လွန္ေရးမွာ နင္နဲ႔အတူ ရဲေဘာ္ရဲဘက္အျဖစ္ ဖလွယ္ဖို႔ ေရာက္လာတာပါ!"

ဘယ္လိုျဖစ္လို႔ ဒီစကားေတြကို ေကာင္းေကာင္း‌ေျပာထြက္လာလဲဆိုတာ က်န္းေ႐ွာက္ယြီ နည္းနည္း အံ့အားသင့္သြားသည္။

သူမကို ထပ္ၾကည့္လိုက္ေတာ့ ေႏြဦးေလေျပလို ေႏြးေထြးမႈေတြနဲ႔ ေရးေရးေလး ျပဳံးေနသည္။

ပထမအႀကိမ္မွာ ႏွစ္ဖက္လုံးက တင္းမာေနၿပီး သူတို႔ဘယ္လိုပဲ ျဖည္းေနပါေစ တစ္ခုခုမွားေနတယ္ဆိုတာ လူတိုင္းက ျမင္ေနရၿပီး အဆုံးမွာေတာ့ အေဒၚေဟာင္က ေလထုကို ေျပေလ်ာ့ေစလိုက္သည္။

"ဦးစီးအရာ႐ွိ၊ ရဲေဘာ္မုန္႔ယန္ကို အနားယူဖို႔ ေခၚသြားလိုက္ပါဦး။ သူမက တစ္‌ေလွ်ာက္လုံး လာထားရတာ။ အဲ့ဒါေၾကာင့္ ေရအရင္ ေပးေသာက္လိုက္ပါဦး "

က်န္းေ႐ွာက္ယြီ တန္႔သြားၿပီး သူအမွားလုပ္မိသြားတာ သေဘာေပါက္သြားသည္။

ေနာင္တရေနတဲ့ မိဘေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ သူမနဲ႔ လက္ထပ္ရတာကို ထည့္မစဥ္းစားပါေစဦး သူမက မင္းအတြက္နဲ႔ ေျမာက္ဘက္ေန မိုင္ေပါင္းေထာင္ခ်ီ အေဝးကေနလာခဲ့ရတာကို အရင္ဆုံး သူမ အေကာင္းဆုံးလုပ္ခဲ့ၿပီးၿပီ။

အဲ့ဒါနဲ႔ သူေအာ္‌ေခၚလိုက္သည္။ " က်ိဳးပိုင္ေထာင္!"

"ေရာက္ပါၿပီ ! "

" ရဲေဘာ္ မုန္႔ယန္ကို စစ္တပ္ထဲပို႔ေပးလိုက္!"

" ဟုတ္ကဲ့ပါ!"

ရဲေဘာ္ေ႐ွာင္က်ိဳးကေတာ့ ရင္ထဲမွာ က်ိန္ဆဲေနေပမယ့္ အျပင္မွာေတာ့ အိမ္တံခါးဆီကို ေရာက္ၿပီးေနၿပီ။ ဘာလို႔ စစ္တပ္ထဲသြားမွာလဲ?

သို႔ေပမယ့္လည္း ဦးစီးအရာ႐ွိရဲ႕ စကားေတြကို မဆန္႔က်င္ရဲေတာ့ လိမ္လိမ္မာမာနဲ႔ပဲ လူေတြကို အေဝးပို႔လိုက္သည္။

ကြၽန္းေပၚမွာ အဓိက စီးစရာယာဥ္ေတြက ေျခေထာက္ေတြဘဲျဖစ္သည္။ စစ္သားေတြမွာက စစ္တပ္ယာဥ္႐ွိေပမယ့္ အဲ့ဒါကို သုံးဖို႔ အထက္ကို ေလွ်ာက္ရေသးသည္။

က်န္းေ႐ွာက္ယြီရဲ႕အိမ္ကေန စစ္တပ္ကို ေရာက္ဖို႔ ဆယ္မိနစ္ပဲၾကာသည္။ အဲ့ဒါက သိပ္မေဝးေပမယ့္ ဒါက ေက်းလက္ေဒသက ေနရာျဖစ္သည္။ ၿမိဳ႕မွာလိုမ်ိဳး ကြန္ကရစ္လမ္းေတြမ႐ွိဘဲ ညစ္ပတ္တဲ့လမ္းမွာေလွ်ာက္ရတာ ခက္ခဲပင္ပန္းသည္။

က်န္းေ႐ွာက္ယြီေျပာတဲ့ ေရေသာက္တာက တကယ္ေရေသာက္တာျဖစ္သည္။ ႐ုံးကလူေတြရဲ႕ မ်က္လုံးေတြနဲ႔ ဝင္း ဝင္ေပါက္ နံရံက သိခ်င္စိတ္နဲ႔ေခါင္းေတြ ေအာက္မွာ မုန္႔ယန္က ေရကို ေလာင္းထည့္လိုက္ၿပီး တစ္ခြက္ၿပီး တစ္ခြက္ေသာက္ေတာ့သည္။

ဒီအခ်ိန္မွာ သူမကိုယ္သူမ တိရိစၧာန္ဥယ်ာဥ္က ေမ်ာက္လို႔ ခံစားလိုက္ရသည္။ မဟုတ္ေသးဘူး သူမက ေသခ်ာေပါက္ ေမ်ာက္ထက္ေတာင္ ထူးဆန္းေနတဲ့ ပန္ဒါပဲ!

" အႀကီးအကဲက်န္း ႐ွင့္ဆီကို စာပို႔လိုက္တယ္။ ႐ွင္ရလိုက္လား?" လက္ဖက္ရည္ခြက္ကို ကိုင္ထားရင္း မုန္႔ယန္မဝံ့မရဲနဲ႔ ေမးလိုက္သည္။

အမ်ိဳးသားက သူမကို တစ္ခ်က္ၾကည့္လာၿပီး ေအးစက္စက္အသံနဲ႔ ေျပာခဲ့သည္။ " ရတယ္ "

ၿပီးေတာ့ ဘာေျပာစရာစကားမွမ႐ွိေတာ့ေပ။

မုန္႔ယန္က ၂၁ရာစုက လာတယ္ဆိုေပမယ့္လည္း သူမမွာ အခ်စ္နဲ႔ပတ္သတ္တဲ့ အေတြ႕အၾကဳံက အရမ္းနည္းသည္။

အားလုံးေပါင္းမွ အခ်စ္ကိစၥက ႏွစ္ခါပဲ႐ွိခဲ့ဖူးသည္။ပထမတစ္ခါက သုံးရက္ဘဲ ၾကာခဲ့တဲ့ ေကာလိပ္အခ်စ္‌ျဖစ္သည္။

ေကာင္ေလးက သူမကို မနက္တိုင္း မနက္စာယူလာေပးမယ္ခို႔ကတိေပးထားခဲ့ၿပီး သုံးရက္ေလာက္ ဆက္တိုက္လုပ္ၿပီးတဲ့ေနာက္မွာ သူ အိပ္ရာကေန မထႏိုင္‌ေတာ့တဲ့အတြက္ မုန္႔ယန္က ျပတ္ျပတ္သားသားနဲ႔ လမ္းခြဲဖို႔ ေတာင္း‌ဆိုလိုက္ေတာ့တယ္။

ဒုတိယအေခါက္က်ေတာ့ အဆက္အသြယ္လုပ္တာ တစ္ႏွစ္ေလာက္ေတာ့ ႐ွိခဲ့သည္။ သုေတသနလုပ္တဲ့အဖြဲ႕အစည္းက အလုပ္အရမ္းမ်ားလြန္းတဲ့အတြက္ ႏွစ္ေယာက္သားက အေဝးေရာက္ခ်စ္သူေတြနဲ႔ ဘာမွမကြာခဲ့ေပ။ အမ်ိဳးသားက အထီးက်န္တာကို မသည္းခံႏိုင္ေတာ့ဘဲ သူ႕ေျခေထာက္ေတြနဲ႔သူ ထြက္သြားတဲ့အတြက္ မုန္႔ယန္က ျပတ္ျပတ္သားသား လမ္းခြဲလိုက္သည္။

ငါတို႔ အဲ့ဒီအေၾကာင္းကို ဘယ္ေတာ့မွ မေျပာၾကရေအာင္။

အဲ့ဒါေၾကာင့္ မုန္႔ယန္က ႐ိုး႐ိုး႐ွင္း႐ွင္းပဲ ဆက္ဆံေရးေတြမွာ ကေမာက္ကမျဖစ္ၿပီး သူမရဲ႕အေတြ႕အၾကဳံကလည္း သူမေ႐ွ႕က လူပ်ိဳအိုႀကီး က်န္းေ႐ွာက္ယြီထက္ မပိုေပ။

.............

khat - ဒါလေးကို အစ်က အပိုင်း ၁၀၀ ဝန်းကျင် မှန်းထားတာပေါ့နော်။ ခုက ၁၃၀ လောက်သွားမှာဆိုတော့ paid gp ဈေးလေး ပြန်ပြင်ပါမယ်ရှင့်။ စဆုံး ၃၅၀၀ ပါ။ gp 100 ကျော်ပါပြီရှင့်။
ဒီနေ့ လာဝင်မယ်သူလေးတွေကို ၃၀၀၀ နဲ့ပဲထားပေးမယ်နော်


#16.12.2023


Bạn đang đọc truyện trên: Truyen2U.Net