Chapter 23
Màu nền
Font chữ
Font size
Chiều cao dòng
{ လွမ်းဆွတ်တမ်းတခြင်းကတစ်ဖက်သတ်ပဲမဟုတ်ခဲ့လေသောအခါ }
Seoulမြို့ရဲ့ပေတစ်ရာအဝေးပြေးလမ်းမဘေးတွင်ပြေးလွှားနေသောလူငယ်တစ်ဦး။ဦးထုပ်အနက်ရောင်ကိုခပ်ငိုက်ငိုက်ဆောင်းထားပြီးကျောပိုးအိတ်တစ်လုံးနှင့်ကိုကြည့်ရတာ တစ်နေရာရာမှထွက်ပြေးလာပုံပေါက်ပါသည်။
မွေးကတည်းကတစ်နေရာမှမရောက်ဖူးသေးသောဤမြို့ကြီး၌ဘယ်နေရာကနေအစရှာ၍လိုရာအရပ်ကိုသွားရမည်မသိသော်လည်းအနည်းငယ်လူတွေနှင့်ကင်းသည့်လမ်းမကိုတော့ရွေးချယ်မိခဲ့သည်။
သူ့ရွေးချယ်မှုကမှားလားမှန်လားတော့မသိ။လမ်းမအတိုင်းပြေးလာခဲ့ပြီးဘယ်ကိုရောက်ပါစေဆက်သွားမည်ဟူသောစိတ်ဖြင့်တစ်ဖက်လမ်းကိုကူးလိုက်မိသည်မှာညအချိန်တွင်မီးအလင်းရောင်မှိန်ပျပျနှင့်သာမောင်းလာသည့်အနက်ရောင်ကားတစ်စီးအားသတိမမူမိတော့ဖြတ်ကူးလိုက်ချိန်မှာပဲ
"ဒုန်း!!!!!!!"
ကားကိုအလျင်မှီဘရိတ်အုပ်သည့်အသံနဲ့အတူမြေပြင်ပေါ်သို့လဲကျသွားသောထိုကောင်လေး။
"တိုက်မိသွားတာလား!!!"
"ဟုတ်........တိုက်မိသွားတယ်ထင်တယ်Boss"
"မြန်မြန်ဆင်းကြည့်စမ်း....သေရင်တစ်ခါတည်းရှင်းခဲ့ရအောင်!!"
"ဟုတ်ကဲ့ပါBoss"
ကားပေါ်တွင်ပါလာသောလူနှစ်ယောက်မှာတစ်ယောက်ကdirverဖြစ်ပုံရပြီးနောက်ခန်းမှာထိုင်နေသည့်လူမှာအနက်ရောင်suitကိုဝတ်ထားပြီးစျေးကြီးသည့်မျက်မှန်တစ်လက်ကိုတပ်ထားကာဘော်ကြော့ထိုင်နေပုံအရထိုလူဟာသာမန်လူတန်းစားတော့မဖြစ်နိုင်ပေ။
လူတစ်ယောက်ကိုကားနှင့်တိုက်မိသွားတာတောင်တုန်လှုပ်ခြင်းအလျဥ်းမရှိဘဲသေရင်အတလာင်းပါတစ်ခါတည်းရှင်းခိုင်းနေသည်မှာလည်းကြောက်မက်ဖွယ်ရာပင်။
ဒါဆိုထိုလူဟာလူကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား။
Driverမှာသူ့ရဲ့သူဌေးဖြစ်သူခိုင်းသည့်အတိုင်းမြေပြင်ပေါ်တွင်လဲကျနေသည့်ကောင်လေးအားသွားစစ်ဆေးကြည့်တော့ရှင်နေသည်ကိုသိလိုက်ရသည်။နားထင်နေရာတွင်တော့သွေးများထွက်နေပေမဲ့ထိုနေရာမှလွဲ၍ကျန်သည့်နေရာတွင်တော့ကြီးကြီးမားမားထိခိုက်သွားတာမျိုးမရှိချေ။
"Boss!!! နားထင်မှာသွေးထွက်နေပေမဲ့အသက်တော့ရှင်နေသေးပါတယ်...ဘယ်လိုလုပ်လိုက်ရမလည်းBoss"
"ကောင်လေးမလား ဘယ်အရွယ်လည်း"
"ဟုတ် ကြည့်ရတာအသက် 20ဝန်းကျင်လောက်ပဲရှိပါဦးမယ် ပြီးတော့ကျွန်တော်ထင်တာ သူအိမ်ကနေထွက်ပြေးလာတဲ့ပုံပဲ "
အနည်းငယ်စိတ်ဝင်စားသွားပုံရသည့်ထိုလူမှကားပေါ်ကနေကိုယ်တိုင်ဆင်းလာပြီးမြေပြင်ပေါ်တွင်လဲကျနေသောကောင်လေးအားသွားစစ်ဆေးကြည့်လေသည်။
လွယ်ထားသည့်ကျောပိုးအိတ်ကိုဖွင့်ကြည့်လိုက်တော့အဝတ်အနည်းငယ်နဲ့အတူစာအုပ်တစ်အုပ်ကိုပါတွေ့လိုက်ရသည်။
ထိုအထိကတော့ဘာမှမဖြစ်သေးပေမဲ့စာအုပ်ရဲ့ထိပ်မှာထိုးထားသည့်နာမည်တစ်ခုကြောင့်မျက်မှန်နဲ့ထိုလူချက်ချင်းပင်ခေါင်းကိုအလုပ်လုပ်ပြီးပြန်တွေးလိုက်တော့မှသတိရသွားသည့်ဟန်ဖြင့်
"အဲ့ကောင်လေးကိုခေါ်ခဲ့ "
"ဗျာ! ဟုတ်ကဲ့!!"
Driverလည်းBossပြောသည့်အတိုင်းမြေပြင်တွင်လဲကျနေသည့်ကောင်လေးကိုသယ်လာခဲ့ပြီးကားနောက်ဖုံးထဲတွင်ထည့်ကာခေါ်လာခဲ့လိုက်တော့သည်။
Bossဖြစ်သူမှာထိုင်လိုက်လာရင်းကနေ
"Jinseo ရဲ့မယားပါသားLee Juyeonဆိုတာမင်းကို......ဟက်....တိုက်ဆိုင်ချက်"
.
.
.
.
.
.
.
.
.
.
.
.
Juyeonတစ်ယောက်မျက်လုံးများမှိတ်ထားရင်းကနေခေါင်းထဲမှစစ်ခနဲနာကျင်မှုနဲ့အတူနိုးထလာရလေသည်။နိုးနိုးချင်းမြင်လိုက်ရသည်ကမရင်းနှီးဘဲသူစိမ်းဆန်နေပါသောမျက်နှာကြက်တစ်ခုနှင့်အတူ ထူးဆန်းသည့်အမွှေးနံ့တစ်မျိုးကိုလည်းရလိုက်လေသည်။
ခေါင်းထဲမှာအတိုင်းဆမရှိထိုးကိုက်ကာနာကျင်နေသောကြောင့်နားထင်ကိုလက်ဖြင့်ဖိရင်းအားယူကာထကြည့်လိုက်မိတော့သူရောက်နေတာအခန်းတစ်ခု။
သပ်ရပ်သန့်ရှင်းနေပုံနဲ့အတူစနစ်ကျစွာစီရီထားသောပရိဘောဂနဲ့ပစ္စည်းများကြောင့်ဤအခန်းဟာပိုင်ရှင်ရှိမှန်းသိသာစေသည်။အခန်းတစ်ခုလုံးကိုကြည့်နေရင်းခေါင်းတစ်နေရာမှထပ်ပြီးနာကျင်လာတော့နားထင်ကိုလက်ဖြင့်ဖိလိုက်သည့်အခါစိုနေသည့်အရာအားစမ်းမိလေတော့သွေးတွေဖြစ်နေလေသည်။
သွေးထွက်သည့်နေရာကနာကျင်နေတာပဲ။သူကားလမ်းကိုဖြတ်ကူးလိုက်တဲ့အချိန်ကားတစ်စီးရောက်လာသည်အထိတော့မှတ်မိလေသည်။သို့ပေမဲ့သူဘယ်လိုများဒီအခန်းထဲကိုရောက်လာတာလည်း။
ဘယ်သူကခေါ်လာတာလည်း။သူပြန်ပေးအဆွဲခံရတာများလား။အဲ့လိုထင်ရအောင်လည်းသူ့ကိုထားထားသည်ကဖြစ်ကတတ်ဆန်းအခန်းထဲမှာမဟုတ်။နောက်တစ်ခုကသူ့ကိုဖမ်းထားသည်ဆိုလျှင်လက်များခြေထောက်များကိုကြိုးတုပ်ထားရမှာလေ။
အခုကဒီအတိုင်းပဲဆိုတော့ဖမ်းလာတာလည်းမဖြစ်နိုင်။ဒါဆိုသူ့ကိုဘယ်သူခေါ်လာပေးတာလည်း။
မေးခွန်းပေါင်းများစွာကိုခေါင်းထဲကိုထုတ်နေရင်းခြေရင်းမှအခန်းတံခါးကပွင့်လာခဲ့လေသည်။သူလည်းတံခါးပွင့်လာရာဘက်ကိုကြည့်လိုက်တော့အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့လူတစ်ယောက်။မျက်နှာကတော့တည်ကြည်နေပြီးကြည့်ရတာသာမန်လူလတ်တန်းစားထဲကတော့မဖြစ်နိုင်ချေ။
"မင်းနိုးလာပြီပဲJuyeon"
သူတစ်ခုမှမမြင်ဖူးသည့်ထိုလူကသူ့အားရင်နှီးနေသော​ေလသံဖြင့်နာမည်ကိုခေါ်လာတော့အနည်းငယ်အံ့အားသင့်သွားမိပါသည်။
"မင်းငါဘယ်သူလည်းဆိုတာသိချင်နေတာမလား"
ထိုလူမှသူ့စိတ်ကိုသိနေသည့်အလားမေးလာတော့Juyeonခေါင်းငြိမ့်ပြမိသည်။
အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ထိုလူဟာJuyeonထိုင်နေသည့်ကုတင်ဘေးတွင်အနီးမှခုံတစ်လုံးကိုဆွဲယူကာထိုင်လိုက်ပြီး
"ငါ့နာမည်က Lee SungHyun မင်းပထွေးနဲ့အသိတွေ"
"ကျွန်တော့်.....ပထွေးနဲ့??"
"ဟုတ်တယ် အရမ်းကြီးခင်မင်တာမျိုးတော့မဟုတ်ပေမဲ့အလုပ်အတူတူတွဲလုပ်ဖူးတယ်"
ပထွေးဖြစ်သူနဲ့အလုပ်အတူတူတွဲလုပ်ဖူးသည်ဟုကြားတော့ဒီလူကလည်းလူကောင်းတစ်ယောက်တော့မဖြစ်နိုင်။တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်သည့်သူပဲဖြစ်ရမည်ဟုJuyeonတွေးမိသည်။
သို့ပေမဲ့ထိုLee SungHyunဆိုသည့်သူကJuyeonစိတ်ကိုဖတ်နိုင်နေသည့်အလား။
"မင်းပထွေးနဲ့အလုပ်အတူတူတွဲလုပ်ဖူးတာဆိုတော့ငါကလည်းလူကောင်းတစ်ယောက်တော့မဟုတ်ပါဘူး ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါပဲ"
Juyeonမသိမသာခေါင်းငြိမ့်ပြရင်း
"ကျွန်တော့်ကိုဘာလို့ခေါ်လာတာလည်း "
"မင်းပထွေးသတင်းငါကြားတယ်လေ ဒီအလုပ်တွေဆက်မလုပ်ချင်တော့လို့သူ့အရင်ချစ်သူတစ်ခုလပ်မိန်းကလေးတစ်ယောက်နဲ့နယ်ဘက်မှာနေနေတယ်လို့ကြားခဲ့တယ် ငါလည်းမင်းတို့ကိုအဆင်ပြေနေပြီထင်ခဲ့တာလေ ဒါပေမဲ့အဲ့နေ့ကမင်းပထွေးငါ့ဆီရောက်လာခဲ့တယ်"
"ဗျာ.....ဘယ်နေ့ကလည်း"
Sunghyunဆိုသည့်သူမှရက်ကိုအတိအကျပြောလာတော့အဲ့ရက်က သူJaeနဲ့အတူတူမိုးရွာလို့ကျောင်းကနေအိမ်ကိုပြေးလာခဲ့တဲ့နေ့မှန်းသိသွားလေသည်။ ဒါကြောင့်ထိုနေ့ညနေပိုင်းကသူ့ပထွေးအိမ်မှာမရှိရသည့်အကြောင်းရင်းကိုလည်းဆက်စပ်မိသွားသည်။
Flash back..........
"Boss ဧည့်သည်ရောက်နေပါတယ်"
ညနေပိုင်းမိုးရွာ၍အိမ်ထဲမှာထိုင်ကာလက်ဖက်ရည်သောက်နေတုန်းတပည့်ဖြစ်သူမှလာပြောသောကြောင့်Sunghyunလည်းသောက်လက်စခွက်ကိုချကာ
"ဘယ်သူတဲ့လည်း"
"Bossနဲ့အသိ Park JinSeoလို့တော့ပြောပါတယ်"
"Jinseo??? ဒါနယ်ကိုပြောင်းသွားတဲ့တစ်ယောက်မလား အရေးကြီးလို့ထင်တယ် ဝင်ခွင့်ပေးလိုက်"
"ဟုတ်ကဲ့"
Jinseoဆိုသည့်Juyeonရဲ့ပထွေးဖြစ်သူအိမ်ထဲဝင်လာတော့Sunghyunကဧည့်ဝတ်ကျေစွာဆီးကြိုပေးလေသည်။
"Jinseo....ထိုင်လေ သွားဟိုကောင်လေး ဧည့်သည်အတွက်လက်ဖက်ရည်တစ်ခွက်ဖျော်ခဲ့လိုက်"
"ရပါတယ် ငါကဒီအတိုင်းစကားပြောပြီးပြန်ရုံပါ"
"အော်...မင်းကလည်းမတွေ့တာကြာနေပြီပဲကို ဒါနဲ့ဘာကိစ္စရှိလို့လည်း မင်းနယ်မှာမိသားစုအသစ်နဲ့နေရတာအဆင်ပြေလား"
မေးလာတော့Jinseoကမျက်စိပျက်မျက်နှာပျက်ဖြစ်သွားသည်ကိုသတိထားမိလေသည်။
"ငါ့မိန်းမကအသတ်ခံလိုက်ရတယ်"
ရုတ်ချည်းဆန်စွာပြောလာသည့်စကားကြောင့်Sunghyunတစ်ယောက်တုန်လှုပ်သွားမိလေသည်။
"ဘယ်သူသတ်လိုက်တာလည်း"
"သူ့အရင်ယောကျာ်း"
"ဘာ!!!!!"
"ကြာတောင်ကြာခဲ့ပါပြီ သားလေးJuyeonတောင်အရွယ်မရောက်သေးဘူးမူကြိုအရွယ်ပဲရှိသေးတယ် "
"ဟာ....ဒါဆိုအဲ့ကိစ္စကိုချက်ချင်းဖြေရှင်းရမှာပေါ့"
"အေး....ငါလည်းဖြေရှင်းချင်ပါတယ် ဒါပေမဲ့Juyeonရဲ့အဖေအရင်းလေ ပြီးတော့ငါအရင်လိုနေလို့လည်းမရတော့ဘူး ဟိုကောင်တွေငါ့ကိုရှာတွေ့သွားတယ် "
"မင်းသေချာခြေရာဖျောက်ပြီးနေနေတာမလား"
"အေး....ဘယ်လိုကနေရှာတွေသွားလည်းတော့မသိပေမဲ့ အနှေးအမြန်တော့ငါ့ကိုသတ်ဖို့ကြိုးစားကြမှာပဲ သားလေးJuyeonကိုပါအန္တရာယ်ရှိလာနိုင်တယ် "
"ဒါဆိုမင်းအခုလာရတဲ့အကြောင်းရင်းက"
"အကယ်လို့ငါအသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကြားရင် Juyeonကိုမင်းခေါ်ထားပေးလို့ရမလား "
"အော်.....ရပါတယ်"
"ပြီးတော့မင်းရဲ့ပျောက်နေတဲ့သားလေ ငါရှာပေးပါ့မယ် "
သူ့ရဲ့ပျောက်ဆုံးနေတဲ့သားအကြောင်းကိုသိတဲ့သူနည်းပေမဲ့အခုလိုမျိုးJinseoကပြောလာတော့
"အသက်တောင်ရှင်သေးပါ့မလားမသိဘူးကွာ"
"ရှင်နေသေးတယ် ငါအဲ့တစ်ခုတော့အာမခံနိုင်တယ်Sunghyun! ငါမသေချာသေးပေမဲ့ရအောင်ရှာပေးမယ် "
"အေး...ကျေးဇူးပါပဲကွာ"
"မင်းလေ Juyeonကိုခေါ်ထားပေးရင်သူ့ကိုပျော့ညံ့တဲ့သူတစ်ယောက်အနေနဲ့မဖြစ်အောင်လေ့ကျင့်ပေးပါလား သူ့မှာချစ်သူကောင်လေးတစ်ယောက်ရှိတယ်ကွာ သူကအဲ့တစ်ယောက်ကြောင့်နဲ့စိတ်တစ်အားပျော့တယ် "
"အေးပါ မင်းဆိုလိုချင်တာကိုငါနားလည်ပါတယ်"
"ငါမင်းကိုတစ်ကယ်ကျေးဇူးတင်တယ် Sunghyunရာ"
"မင်းကလည်းအချင်းချင်းတွေပဲကို"
Flash back end.........
SunghyunမှJuyeonအားထိုနေ့အကြောင်းရာကိုပြောပြလိုက်တော့Juyeonမှာသူ့ပထွေးဖြစ်သူအတွက်စိတ်မကောင်းပါချေ။
"ကျွန်တော်....ပြန်လက်စားချေချင်တယ်!"
"ဘယ်သူ့ကိုလည်း မင်းအဖေအရင်းကိုလား"
"အင်း.....ကျွန်တော့်အမေသေရတာလည်းသူ့ကြောင့်ပဲလေ ကျွန်တော့်ကိုထားသွားတာလည်းသူပဲ "
"ငါကတော့အားမပေးဘူးနော် သူကမင်းအဖေအရင်းကွ မင်းအဲ့ကိစ္စကိုနောက်မှအေးဆေးစဥ်းစား အခုကငါ့ဂိုဏ်းသားတစ်ယောက်ဖြစ်ဖို့အတွက်မင်းကိုသေချာလေ့ကျင့်ပေးမှရမယ် ဒီနေ့ကစပြီးမင်းပျော့ညံ့နေလို့မရတော့ဘူး မင်းမှာလုပ်စရာတွေအများကြီးကျန်သေးတယ်မလား မင်းပထွေးကိုသတ်ခဲ့တဲ့သူတွေကိုလည်းရှင်းရမယ် ပြီးရင် မင်းကောင်လေးဆီလည်းပြန်သွားရမယ်လေ"
................................
ညပိုင်းကိုရောက်လာသည့်အခါမှာတော့Juyeonတစ်ယောက်ထိုLee SungHyunဆိုသည့်သူရဲ့အိမ်ရှေ့ဘက်ခြံထဲကိုသွားကာထိုင်ခုံတန်းတစ်ခုပေါ်မှာထိုင်ရင်းအတွေးကမ္ဘာထဲရောက်လို့နေသည်။
သူတွေးနေသည့်သူကတစ်ခြားသူတော့မဟုတ် သူကိုင်တိုင်ပင်ထားခဲ့လိုက်ရသောနှစ်ယောက်မရှိပါသည့်ချစ်လှစွာသောJae။
အခုချိန်လောက်ဆိုJaeတစ်ယောက် ထားခဲ့လို့ဆိုပြီးသူ့အားအကြီးကျယ်စိတ်ဆိုးနေမလား။မုန်းများမုန်းသွားလေမလား။ သူ့ကိုပဲအပူတစ်ပြင်းလိုက်ရှာကာသတိရလေမလား။
သူအတိအကျတော့မသိပေမဲ့လည်းထားခဲ့သူJuyeonကိုယ်တိုင်ကတော့လွမ်းဆွတ်နေရပါသည်။သူနဲ့အတူတူdateတုန်းကပုံလေးကိုပြန်မြင်ယောင်ရင်းပြုံးမိသည်။သို့ပေမဲ့နာကျင်သည့်အပြုံးမျိုး။
နှာတံပေါ်မှ မှဲ့နက်လေးနဲ့အတူအပြုံးချိုချိုလေးတွေပြုံးတတ်သည့်နှုတ်ခမ်းပါးလေးရယ်.....
ညဘက်ကောင်းကင်မှာရှိတတ်သည့်ကြယ်ကလေးတွေထက်တောင်တောက်ပပါသောမျက်ဝန်းတစ်စုံရယ်....
အသာယာထိတွေ့လိုက်တိုင်းနူးညံ့အိစက်နေပါသောဆံနွယ်ညိုတို့ရယ်....
သူ့အားအချစ်ပိုစေပါသောအမူအရာလေးတွေရယ်.....
အပြုံးချိုချိုလေးတွေပြုံးပြတတ်သည့်နှုတ်ခမ်းပါးလေးမှသူ့နာမည်ကိုအဖျားဆွတ်ခေါ်လာသောအခါထွက်ပေါ်လာသည့်အသံချိုချိုလေးရယ်.......
"ကိုယ်လည်းမထားချင်ခဲ့ပါဘူးJaeရယ်....မတတ်သာတဲ့အခြေနေတစ်ခုမှာမလို့ထားခဲ့ရလိုက်တာပါ"
လွမ်းတယ်....Jaeရယ်........
ချစ်ရသူနှစ်ဦးဝေးကွာတဲ့အခါအခုလိုမျိုးနာကျင်ရသည်လား။
သူထိုင်နေတုန်းမှာဘယ်ကမှန်းမသိရောက်လာသည့်Sunghyun။
"တစ်ရက်တောင်မရှိသေးတာကိုလွမ်းနေပြီလား"
"ဗျာ.....အော်....ကျွန်တော်......"
Juyeonမှာဖြေစရာပျောက်နေတော့Sunghyunကတစ်ချက်ရယ်ရင်းJuyeonပခုံးကိုအသာပုတ်ပေးကာ
"အရမ်းချစ်ရတဲ့လူတစ်ယောက်ကိုလွမ်းရင်ဘယ်လောက်တောင်နာကျင်ရလည်းဆိုတာငါသိတယ် Juyeon....မင်းမလည်း အမေကိုဆုံးရှုံးရအဖေအရင်းကမကောင်း ပထွေးဖြစ်သူကလည်းဆုံး ဒါ့အပြင်ကိုချစ်ရတဲ့သူနဲ့ပါ ကွဲကွာလာရတော့ မင်းခံရခက်နေမှာပေါ့"
Sunghyunပြောသည်များကအမှန်တရားဖြစ်သော်လည်းJuyeonမသိစိတ်ကလက်မခံချင်နေပါလေ။
Juyeonလည်းခနတာတိတ်ဆိတ်သွားပြီးတော့မှ
"ကျွန်တော့်ကျမှဘာလို့လည်း!! ကျွန်တော့်ဘဝကျမှဘာလို့အဲ့လောက်တောင်ဆိုးနေရတာလည်း!! ငယ်ငယ်ကတည်းကအားငယ်လို့ငိုတဲ့စိတ်ကြီးကလွှမ်းမိုးနေတာ အခုလည်းအဲ့စိတ်ကြီးရောက်လာပြန်ပြီ!! ဘာလို့လည်း.....ကျွန်တော်ကျတော့ပျော်ပိုင်ခွင့်မရှိတော့ဘူးလား ဦးလေးSunghyun"
မျက်ရည်များလည်းကျရင်းတစ်လုံးချင်းစီကိုသေချာစွာရင်ထုမနာပြောလာသောJuyeonအားSunghyunလည်းသနားမိပါသည်။သို့ပေမဲ့အခုလိုစိတ်ပျော့နေလျှင်ရှေ့ဆက်မရတာမလို့
"ဒီမှာJuyeonငါပြောပြမယ်.....ဒီလူ့လောကကြီးမှာအသက်ရှင်နေသ၍လောကဓံရဲ့ဒဏ်ကိုမင်းကောင်းကောင်းကြီးခံစားရမှာပဲ တစ်ခါတစ်လေ ဘဝဆိုတာလိုချင်တာမှန်သမျှလည်းရနိုင်သလို မင်းမလိုချင်တာတွေလည်းရလာနိုင်တယ် အေးအဲ့သလိုပဲ လူ့လောကကြီးထဲကိုမဖိတ်ခေါ်ဘဲရောက်တတ်လာတဲ့သူတွေကလူဆိုးလည်းဖြစ်နိုင်သလိုလူကောင်းလည်းဖြစ်နိုင်တယ် ဘာပဲဖြစ်နေပါစေ မင်းကိုယ်တိုင်ကအရေးကြီးဆုံးပဲ မင်းကောင်လေးကိုချစ်တယ်မလား"
"အင်း......"
"ဒါဆိုမင်းကောင်လေးကိုအစွမ်းကုန်မကာကွယ်ပေးချင်ဘူးလား သူ့အတွက်အားကိုးလို့ရလောက်မဲ့သူမဖြစ်ချင်ဘူးလား"
"အင်း.....ဖြစ်ချင်တယ်"
"အေး.....ဒါဆိုဖြစ်နိုင်အောင်လုပ် မင်းကိုပံ့ပိုးပေးမဲ့ငါတစ်ယောက်လုံးရှိတာမလို့မင်းကသာအကောင်းဆုံးကြိုးစားရင်ရပြီ အခုကစပြီးမင်းကပျော့ညံ့တဲ့Lee Juyeonမဟုတ်တော့ဘူး အားနေငိုနေတဲ့Lee Juyeonလည်းမဟုတ်တော့ဘူး အဲ့တာကြောင့်အဲ့မျက်ရည်တွေကိုသုတ်လိုက်!!"
လေသံမာနဲ့ပြောလာတော့Juyeonချက်ချင်းပင်သူ့မျည်ရည်များကိုလက်ခုံဖြင့်ပွတ်သုတ်လိုက်လေသည်။
"နောက်တစ်ခါဘယ်တော့မှမျက်ရည်မကျနဲ့ ဘယ်လောက်ပဲနာကျင်နေပါစေ ကြံ့ကြံ့ခိုင်နိုင်အောင်လုပ်!! ငါပြောတာနားလည်လား!!"
"ဟုတ်ကဲ့ နားလည်ပါတယ်"
"အေး....ဒါဆိုသွားအိပ်တော့သွား မနက်ဖြန်ကစပြီးသေနတ်ကိုင်တာသင်ပေးမယ်"
"ဟုတ်ကဲ့!!"
ချစ်ရသူကိုလွမ်းတာမှန်ပေမဲ့လည်းထွက်လာရသည့်အကြောင်းရင်းကိုတော့မေ့လို့မှမရဘဲ။
__________________________________________
Thanks for reading🌸
Zawgyi
"ဒုန်း!!!!!!!"
"တိုက်မိသွားတာလား!!!"
"ဟုတ်ကဲ့ပါBoss"
ကားပေါ်တွင်ပါလာသောလူနှစ်ယောက်မှာတစ်ယောက်ကdirverဖြစ်ပုံရပြီးနောက်ခန်းမှာထိုင်နေသည့်လူမှာအနက်ရောင်suitကိုဝတ်ထားပြီးဈေးကြီးသည့်မျက်မှန်တစ်လက်ကိုတပ်ထားကာဘော်ကြော့ထိုင်နေပုံအရထိုလူဟာသာမန်လူတန်းစားတော့မဖြစ်နိုင်ပေ။
"ဗျာ! ဟုတ်ကဲ့!!"
.
.
.
.
.
.
.
.
.
.
.
.
သူတစ်ခုမှမမြင်ဖူးသည့်ထိုလူကသူ့အားရင်နှီးနေသော​လေသံဖြင့်နာမည်ကိုခေါ်လာတော့အနည်းငယ်အံ့အားသင့်သွားမိပါသည်။
"ကျွန်တော့်.....ပထွေးနဲ့??"
"ဗျာ.....ဘယ်နေ့ကလည်း"
Flash back..........
"ဘယ်သူတဲ့လည်း"
"ဟုတ်ကဲ့"
"ဘယ်သူသတ်လိုက်တာလည်း"
"သူ့အရင်ယောကျာ်း"
"ဘာ!!!!!"
"အော်.....ရပါတယ်"
"အေး...ကျေးဇူးပါပဲကွာ"
Flash back end.........
................................
Bạn đang đọc truyện trên: Truyen2U.Net