Chapter 24
{ အရွယ်ရောက်သူတို့ရဲ့ကမ္ဘာမှာဟန်ဆောင်ခြင်းဆိုတဲ့ကဏ္ဍတစ်ခုပါဝင်လာခဲ့တယ် }
7နှစ်ကြာပြီးနောက်..................
"ကဲ...ဒါဆိုရင်သားတို့နှစ်ယောက်စာအုပ်သိမ်းလို့ရပါပြီ Samဒီနေ့ပေးခဲ့တဲ့စာတွေကိုပြန်ကြည့်ဖို့မမေ့နဲ့နော်"
"ဟုတ်ကဲ့ပါ Sam"
အပြာနုရောင်ဝမ်းဆက်လေးကိုဝတ်ဆင်ထားပြီးအညိုရောင်ဖြစ်ပါသော်လည်းလိမ္မော်ဘက်သမ်းသည့်ဆံနွယ်တို့နဲ့နှာတံသွယ်လေးပေါ်မှာထင်းနေသည့်မှဲ့နက်လေး။
စာသင်ပြီးသည်ဖြစ်သောကြောင့်စားပွဲပေါ်မှစာအုပ်များအားသေချာစွာသိမ်းဆည်းနေသည့်လက်ချောင်းသွယ်သွယ်လေးနှင့်အတူလက်ကောက်ဝတ်မှာနေရာယူထားသည့်ဖန်စီလက်ကောက်လေးဟာလည်းနှစ်အတော်ကြာ၍အနည်းငယ်တော့ဟောင်းနေပေမဲ့လည်းလှပလို့နေသေးသည်။
"Jaehyun nah....ဘယ်လိုလည်းငါ့တူလေးနှစ်ယောက်ကိုစာသင်တာ"
သူငယ်ချင်းဖြစ်သူYounghoonမှအခန်းထဲကထွက်ကာမေးလာတော့
"အင်း....မဆိုးပါဘူး နှစ်ယောက်လုံးကသင်လွယ်တတ်လွယ်တယ်ပြောရမယ် Rakwonလေးကတော့Englishစာ အားကောင်းတယ် Yeonkyuလေးကတော့ Definition တွေတော်တော်မှတ်နိုင်တယ်"
"အော်.......ဒါမင်းနဲ့သင်လို့ပါကွာ တစ်ခြားဆရာတွေနဲ့သာဆိုရင်အဲ့နှစ်ယောက်ဆော့ပဲဆော့နေမှာ"
Jaehyunကခပ်ဖွဖွလေးတစ်ချက်ရယ်ရင်း..
"မင်းကလည်း ကလေးတွေကိုမပြောပါနဲ့"
သိပ်မကြာလိုက်သူတို့နှစ်ယောက်စကားပြောနေတုန်းYounghoonရဲ့အိမ်ထဲသို့ ဝတ်လေ့ရှိတဲ့အဝါရောင်blouseလေးနဲ့ဝင်လာသည့်Yuri။
"သားတို့ရေ....အန်တီလေးလာပြီ"
"အန်တီလေးYuri!!!"
Yuriဝင်လာတော့ကလေးနှစ်ယောက်ကပြေးဖက်ရင်းအလွမ်းသယ်နေကြသည်မှာမမြင်ရတာကြာပြီဖြစ်သည့်သူတွေအလား။
ဒါကိုကြည့်မရသည့်Younghoonကလည်း
"အမလေး.....တူဝရီးတွေအကဲပိုနေလိုက်ကြတာ မတွေ့တာရတာဖြင့်နှစ်ရက်ပဲရှိသေးတာကို"
"ကလေးတွေကနင့်ထက်ငါ့ကိုပိုချစ်တယ်လေ"
"အေးပါအေးပါ တစ်ကယ်မနိုင်တော့ဘူးနင့်ကိုလည်း"
ဒီမောင်နှမနှစ်ယောက်လည်းအရမ်းတွေကိုအတိုင်ဖောက်ညီနေကြသည်မှာလွန်ခဲ့တဲ့ခုနစ်နှစ်ကအတိုင်းရိုးရာမပျက်။
"အော်....Jaehyunကိုတစ်ခါတည်းဟိုနေ့ကအချိန်ပိုကြေးပေးရဦးမယ်"
"အာ...ရတယ် မလိုပါဘူး ငါမယူတော့ဘူး"
"ဟယ်....မယူလို့ဘယ်ရမလည်း တစ်ခါနှစ်ခါလည်းမဟုတ်တော့တာကို"
"အော်...ငါတို့ကသူစိမ်းတွေလည်းမဟုတ်ဘူးလေဟာ.....မင်းတို့နှစ်ယောက်လုံးငါ့ကိုကူညီပေးထားတာတွေအများကြီးပဲကို"
Jaehyunဘယ်လောက်ထိအားနာတတ်သည်လည်းဆိုတာကိုနှစ်ယောက်လုံးလည်းသိနေတာမလို့ဆက်မပြောတော့ဘဲYuriကJaehyunဘေးမှာဝင်ထိုင်လေသည်။
"ဒါနဲ့လေ......နင့်ကိုပေးစရာရှိတယ်Jaehyun nah..."
Yuriမှပြောလာတော့Jaehyunကမျှော်လင့်နေသည့်မျက်နှာထားလေးဖြင့်ကြည့်လာလေသည်။Yuriလည်းဘေးမှာရှိနေသည့်အိတ်အားယူကာJaehyunဆီပေးလိုက်သည်။
အိတ်ထဲကိုကြည့်လိုက်တော့ဘူးလေးတစ်ဘူး။ဖိနပ်ဘူးလေးဆိုပိုမှန်မည်။Jaehyunလည်းထ်ိုဖိနပ်ဘူးလေးအားဖွင့်ကာကြည့်မိတော့စီးထားပြီးသားsneakerတစ်ရံဖြစ်နေလေသည်။အဖြူဆိုတော့အနည်းငယ်ညစ်ပေနေသည့်နေရာတွေကအထင်းသား။
"ဒါ- "
Jaehyunမှဖိနပ်လေးကိုကြည့်ပြီးအံ့အားသင့်စွာYuriဘက်ကိုလှည့်ကြည့်မိတော့Yuriကခေါင်းတစ်ချက်ငြိမ့်ပြရင်း
"ဟုတ်တယ် Jaehyun....အဲ့တာJuyeonရဲ့ဖိနပ်.....ငါ့Appaတို့အမှူကိုပိတ်သိမ်းလိုက်ကတည်းကငါပြန်ရှာနေခဲ့တာ တစ်လောကမှYounghoonနဲ့ပြန်ရှာရင်းတွေ့တာ အခုနင့်ကိုပေးတာပဲ"
Jaehyunမှာဖိနပ်အဖြူလေးကိုအမြတ်တစ်နိုးပွေ့ပိုက်လိုက်ရင်းမျက်ရည်မကျမိစေရန်လည်းထိန်းထားရသေးသည်။နှစ်အတော်ကြာကုသခဲ့ရပေမဲ့ရင်ထဲမှအနာဟာခုထိမကျက်သေးလို့လားမသိ။အသက်ရှူပင်မမှန်တော့ဘဲငိုချင်စိတ်ကိုမနည်းမျိုသိပ်ထားရလေသည်။
"Jaehyun nah....အဆင်ပြေရဲ့လားဟင်....ငါပေးတာအရမ်းရုတ်တစ်ရက်ဆန်သွားလို့လား"
"ငါ....ငါ....အဆင်ပြေပါတယ်....Yuri"
................
"သား.....Jaehyunရေ!!!! ညစာစားမယ်လေ!!!"
"အော်....ဟုတ်ကဲ့ လာပြီမေမေ!!"
ညနေပိုင်းစာသင်လို့ပြန်ရောက်ကတည်းကYuriပေးလိုက်သည့်ဖိနပ်လေးအားJaehyunတစ်ယောက်ထုတ်ကာကြည့်ရင်းအတွေးများကလွန်ခဲ့သည့်ခုနစ်နှစ်ဆီကိုရောက်လို့နေလေသည်။
ဖိနပ်အဖြူလေးကိုတစ်ယုတစ်ယထွေးပွေ့ရင်းအကျင့်ဖြစ်နေပါသောမျက်ရည်များကကျဆင်းနေလျက်။ သည်းခံပြီးနေခဲ့ရသည်မှာနှစ်အတော်ကြာပြီဖြစ်သော်လည်းကျင့်သားမရသေးသည့်ခံစားချက်တို့ဟာနှိပ်စက်လို့နေသေးသည်။
ညတွေရောက်တိုင်းဝင်ခိုလှုံချင်သည့်ရင်ခွင်လေးကိုလွမ်းတာရယ်....အတူတူထွေးပွေ့ဆုပ်ကိုင်ဖူးသည့်လက်ကလေးတွေကိုလွမ်းတာရယ်...နားထဲကိုကြားယောင်နေသည့်အသံချိုချိုလေးရယ်..ဘယ်တော့မှမေ့မရနိုင်ပါသောမျက်နှာလေးရယ်......။
Jaehyunလွမ်းနေဆဲဖြစ်သည်။သူများတွေတော့မသိပေမဲ့သူ့အတွက်တော့ခုနစ်နှစ်တိုင်ကြာပြီဖြစ်သော်လည်းခံစားချက်တို့ကအသစ်အသစ်ပြန်လည်ဖြစ်ထွန်းကာနာကျင်နေဆဲပင်ဖြစ်သည်။
အခုလိုလေး သူနဲ့ပတ်သက်တဲ့ သူ့ရဲ့အငွေ့သက်လေးတွေရတဲ့ပစ္စည်းတစ်ခုကိုရလိုက်တော့ပိုလို့ပင်လွမ်းတာပေါ့ကွယ်။
သို့ပေမဲ့ကျဆင်းထားသည့်မျက်ရည်များအားသုတ်လိုက်ပြီးဖိနပ်လေးကိုလည်းဘူးထဲသေချာပြန်ထည့်ကာအဝတ်ဗီဒိုရဲ့အောက်ဆုံးထပ်တွင်သေချာလေးစနစ်တကျသိမ်းထားလိုက်လေသည်။
ပြီးတော့မှအခန်းထဲကနေထွက်လာကာအမေဖြစ်သူရှိနေသည့်ထမင်းစားခန်းသို့အပြုံးတစ်ခုကိုတပ်ဆင်ရင်းရောက်လာခဲ့သည်။
နာကျင်မှုဆိုသည့်အရာက်ိုတော့ကျင့်သားမရပေမဲ့အရွယ်ရောက်လာသည်နှင့်အမျှဟန်ဆောင်ခြင်းဆိုသည့်ကဏ္ဍတစ်ခုဟာတော့ပါဝင်လာခဲ့သည်လေမလို့သူဟန်ဆောင်တတ်နေပါပြီ။
"ဒီနေ့ညစာဘာဟင်းလည်းမေမေ"
"ဟိုတစ်ခါသားစားချင်တယ်ပြောလို့ ဝက်သားbulgogiလေးချက်ထားပေးတယ်"
"အာ...ဒါနဲ့Appaကောဘယ်တော့ပြန်လာမယ်တဲ့လည်း"
"နောက်သုံးရက်လောက်နေရင်တော့ပြန်လာမယ်ပြောတယ် အခုမေမေတို့ကအရင်မြို့မှာမဟုတ်တော့ဘူးလေ Seoulမြို့ပေါ်ရောက်နေပြီဆိုတော့ပြန်လာရမှာမဝေးတော့ဘူး"
"အင်းပါ "
Jaehyunတို့ကလွန်ခဲ့သည့်ခုနစ်နှစ်,Jaehyunအထက်တန်းအောင်သွားပြီးသည်နှင့်Seoul မြို့ပေါ်သို့ပြောင်းလာခဲ့ကြသည်။Jaehyunကလည်းSeoul တက္ကသိုလ်မှာပဲအတူတူပြောင်းလာခဲ့ကြသည့်Younghoonရယ်Yuriတို့ရယ်နဲ့အတူစီးပွားရေးမေဂျာမှာတက်ခဲ့ကြသည်။
Younghoonကတော့Marketing Manager အဖြစ်နဲ့အလုပ်လုပ်နေပြီးYuriကတော့သံရုံးမှာပဲလုပ်ရသည်ဖြစ်သော်လည်းJaehyunတစ်ယောက်ကတော့သူ့စိတ်အခြေအနေကြောင့်တစ်ခြားအလုပ်လုပ်မလုပ်တော့ဘဲကျောင်းသားတွေကိုစာလိုက်သင်ပေးသည့်ဂိုက်ဆရာအနေနဲ့သာအလုပ်လုပ်လေသည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"စောက်ပါးစပ်ကိုပိတ်ထားစမ်း...ငါ့ကိုပြန်အာမခံနဲ့!!!!"
ဆောင့်အော်ကာပြောလိုက်သည့်လူတစ်ယောက်ရဲ့အသံကြောင့်အိမ်ထဲရှိလူအများအားလုံးကြောက်၍တုန်သွားကြလေသည်။
"ဟို.......ကျွန်တော်....ပြန်အာခံရတာမဟုတ်ပါဘူး....အကိုလေး.......ဟို.....ကျွန်တော်......."
"တော်တော့!!!!!"
ထပ်မံအော်ပြောလိုက်တော့ထိုလူမှပါးစပ်ပိတ်ကာခေါင်းလည်းမော်မကြည့်ရဲတော့ဘဲအောက်ငုံ့သွားလေသည်။
"သားJuyeon....ဘာဖြစ်ပြန်ပြီလည်း"
အိမ်ပေါ်ထပ်လှေကားမှထွက်ပေါ်လာသည့်လူတစ်ယောက်ရဲ့အသံကြားတော့Juyeonကတစ်ဖက်ကိုလှည့်ကာ
"ဒီကောင်တွေလေ....သေချာစောင့်ကြည့်ခိုင်းထားတာကိုလွတ်သွားတယ်တဲ့!!!"
လှေကားပေါ်မှဆင်းလာသည့်Lee SunghyunမှJuyeonနားလည်းရောက်တော့
"စိတ်ထိန်းပါငါ့သား.....အဲ့ကောင်တွေကလွတ်လည်းမင်းအစွမ်းစနဲ့မြေလှန်ရှာစရယတောင်မလိုပါဘူးကွာ သွားသွား....မင်းတို့ကလည်း နောက်တစ်ခါအလုပ်ကိုပေါ့ပျက်ပျက်မလုပ်နဲ့ပေါ့ မင်းတို့အကိုလေးအကြောင်းလည်းသိနေတာကို"
ထိုသို့ပြောလိုက်မှသာစောနကလူတစ်စုကမြန်မြန်ဦးညွှတ်ပြီးထွက်သွားကြလေသည်။
အခုချိန်ထိဒေါသထွက်နေပုံရသည့်JuyeonကိုLee Sunghyunမှပခုံးပုတ်ကာ
"မင်းငါနဲ့ခနလောက်လိုက်ခဲ့ ပြောစရာရှိတယ်"
"ဟုတ်ကဲ့"
"စောနကကိစ္စကိုခနအသာထားလိုက်ဦး ငါအရေးတစ်ကြီးပြောစရာရှိတယ်"
ပြောလိုက်သည့်စကားသံတွင်လေးနက်မှုများပါဝင်နေသည်ကိုJuyeonသတိထားမိတော့ဂရုတစ်စိုက်လိုက်နားထောင်မိသည်။
"ငါမင်းကိုလွန်ခဲ့တဲ့ခုနစ်နှစ်ကတည်းက အခုချိန်ထိသေချာပျိုးထောင်ပေးခဲ့တာဘကြောင့်လို့ထင်လည်း"
မေးလာသည့်မေးခွန်းကြောင့်Juyeonခနတာစဥ်းစားမိသည်။
"ဘာကြောင့်များလည်း........အခြားသူတွေကိုပေးသိလို့မရတဲ့ကိစ္စတစ်ခုကျွန်တော့်ကိုလုပ်ပေးစေချင်လို့လား"
Juyeonမှပြောလာတော့Sunghyunကသဘောကျစွာရယ်မောလေသည်။
"မင်းကတစ်ကယ် ငါ့မွေးစားသားလို့ကိုမပြောရဘူး ချက်ဆိုမီးခွက်တောက်ပြီးသားပဲ ဟုတ်တယ်......မင်းပြောတာမှန်တယ် ငါတစ်ခြားသူတွေကိုပေးသိလို့မရတဲ့ကိစ္စတစ်ခုကိုမင်းကိုခိုင်းမှာ အဲ့အတွက်လည်းမင်းကိုလေ့ကျင့်ပေးခဲ့တာပါတယ်။"
"ကျွန်တော်ဘယ်နှစ်ယောက်ကိုရှင်းပေးရမလည်း"
"ခါတိုင်းလိုရှင်းပေးရမှာမဟုတ်ဘူး.....အခုကရှာပေးရမှာ"
ဟုပြောလာတော့Juyeonကခေါင်းငြိမ့်ပြသည်။
"ငါမင်းကိုတစ်ခုပြောဖူးတယ်မလား....ငါလည်းမင်းလိုချစ်ရတဲ့သူကိုဆုံးရှုံးဖူးတယ်ဆိုတာလေ..... အခုကအဲ့လူကိုရှာရမှာ"
"Bossရဲ့.....အမျိုးသမီးလား"
"ငါ့အမျိုးသမီးကဆုံးတာကြာပြီ သားဇောနဲ့နာတာရှည်ရောဂါဖြစ်ပြီးဆုံးသွားတာ"
တည်ငြိမ်စွာပြောနေပေမဲ့လည်းအနည်းငယ်တုန်လှုပ်နေသည့်စကားသံတို့အားတွေ့ကြုံလာခဲ့သည့်အတွေ့အကြုံများအရJuyeonသတိထားမိပါသည်။
"အခုရှာပေးရမှာ ငါ့ရဲ့သားကို......သူပျောက်သွားတာကြာပြီ.....ပြောရမယ်ဆိုအနှစ်နှစ်ဆယ်တောင်ကျော်ပြီ"
"ဒါဆို....အခုထိအသက်ရှင်နေနိုင်သေးလို့လား"
"ငါလည်း....သေပြီ ထင်ပြီးလက်လျှော့မလို့ပဲလေ....ဒါပေမဲ့ မင်းပထွေးထားခဲ့ပေးတဲ့စာထဲမှာငါ့သားကအသက်ရှင်နေသေးတယ်လို့ပြောတယ်...အဲ့တာကြောင့်ငါဒီနှစ်တွေအတောတွင်းမှာလိုက်ပြီးစုံစမ်းနေခဲ့တာ အခုထိရှင်နေသေးတယ်"
"ဒါဆို ကျွန်တော်ရှာပေးဖို့တောင်းမလိုတော့ဘူးလား"
"အေး.....ဒါပေမဲ့မသေချာသေးလို့ မင်းကိုစုံစမ်းခိုင်းရမှာ ငါကိုယ်တိုင်ထွက်ပြီးစုံစမ်းရင်ဟိုဘက်ကကောင်တွေသိသွားလိမ့်မယ် အဲ့တော့မင်းနဲ့ဆိုအဆင်ပြေလောက်မှာမလို့ ငါကအချက်လက့တွေပြောပြမယ် မင်းကအဲ့အတိုင်းလိုက်ပြီးရှာပေးရုံပဲ"
"ဟုတ်ကဲ့ သဘောပေါက်ပါပြီ ဒါနဲ့Bossရဲ့သားနာမည်က....."
Juyeonမှမေးလာတော့Sunghyunကချက်ချင်းပြန်မဖြေသေးဘဲခနလောက်ရပ်နေကာ
"ငါ့သားကို LAမှာပဲမွေးတာမလို့ ကိုရီးယားနာမည်တော့မပေးရသေးဘူး Englishနာမည်ကတော့ Jerry"
"အာ....ဟုတ်ကဲ့ "
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Hello Younghoon!"
"အေး....Jaehyunမလား....."
"အင်းဟုတ်တယ်လေ ဘာကိစ္စရှိလို့လည်း"
"ခနလေး....မင်းငိုနေပြန်တာလား"
ဖုန်းထဲကပြောနေသည်ဖြစ်ပါသော်လည်းအသံကပုံမှန်မဟုတ်လို့ထင်ပါရဲ့။သူငယ်ချင်းဖြစ်သူကစိုးရိမ်စွာမေးလာတော့Jaehyunမုသာဝါဒကိုသာသုံးလိုက်ပြန်ပါသည်။ညစာထမင်းစားပြီးကတည်းကဖိနပ်လေးတစ်ရံပိုက်ပြီးငိုနေသည်ဟုပြောလျှင်သူကအရူးဖြစ်ရာရောက်ပြန်ဦးမည်လေ။
"မဟူတ်ပါဘူး......ငါ.....ငါ....အာလူးကြော်အစပ်စားထားလို့အသံကဒီလိုဖြစ်နေတာနေမှာ "
"အေးပါ......ညနေကငါတို့ဖိနပ်ပေးလိုက်တော့မင်းများလွမ်းပြီးငိုနေသလားလို့ပါ"
"မဟုတ်ပါဘူး.....ဒါနဲ့......Juသတင်းကောဘာကြားသေးလည်းဟင်"
မျှော်လင့်ကြီးစွာမေးလာသည့်သူငယ်ချင်းရဲ့အမေးကိုငြင်းဆိုဖို့ရန်Younghoonအားနာနေမိသည်။သို့ပေမဲ့လည်းမသေချာနေသည့်ကိစ္စတွေနဲ့Jaehyunကိုမျှော်လင့်ချက်ထပ်မပေးချင်သည်မလို့
"ငါတို့အတတ်နိုင်ဆုံးလိုက်စုံစမ်းကြည့်သေးတယ် ဒါပေမဲ့......တော်တော်ကြာနေပြီဆိုတော့အစနကပျောက်နေသလိုဖြစ်နေတာ "
"အော်.........."
"ငါတစ်ခုလောက်တော့အကြံပေးချင်တယ်Jaehyun nah....မင်းလေ.....သူ့ကိုပဲမျှော်ပြီးမစောင့်နေပါတော့နဲ့လားဟင်....မင်းဘယ်လောက်ထိJuyeonကိုချစ်လည်းဆိုတာငါသိပေမဲ့လည်းလေ အခုလိုမင်းဘက်ကပဲခံစားနေရတာငါနဲ့Yuriလည်းမကြည့်ရက်ဘူး Juyeonကတော့အခုချိန်ဘယ်မှာဘာတွေဖြစ်နေမလည်းမသိပေမဲ့ မင်းကတော့ကိုယ့်လမ်းကိုဆက်သွားရမယ်လေ ငါပြောတာနားလည်တယ်မလား"
"အင်း.....နားလည်တယ်.......ဒါပေမဲ့........Juကငါ့ကိုကတိပေးခဲ့တယ်လေ.....သူငါ့ဆီပြန်လာခဲ့မယ်တဲ့ သေချာပေါက်ငါ့ဆီပြန်လာခဲ့မယ်တဲ့လေ"
Younghoonလည်းတစ်ဖက်ကနေသက်ပြင်းချရုံကလွဲပြီးမတတ်နိုင်။အချစ်ကြောင့်မျက်ကန်းဖြစ်တယ်ဆိုတာဒါမျိုးကိုပြောနေတာဖြစ်မယ်ထင်။
"ထားပါ အဲ့ကိစ္စတွေကိုငါမပြောချင်တော့ဘူး မင်းငါ့ကိုစောနကဘာပြောမလို့လည်း"
"အော်...အေးဟူတ်သားပဲ လိုရင်းမရောက်သေးဘူး.....ဟိုလေ....ငါ့တူလေးနှစ်ယောက်ရဲ့ပန်းချီသင်တန်းကိုကောင်မလေးအသစ်နှစ်ယောက်ပြောင်းလာတာကွာ ကLAကသူ့အကိုနဲ့ပြောင်းလာတာဆိုလား အဲ့တာကောင်မလေးနှစ်ယောက်က ကိုရီးယားလိုမကျွမ်းသေးတော့ မင်းဆီမှာပဲကျောင်းစာလည်းသင်ရင်းကိုရီးယားစာလည်းသင်ရင်းနဲ့အတန်းချိန်ယူချင်လို့တဲ့"
"အော်...ရတယ်လေ သူ့ရဲ့အကို ကိုယ်တိုင်ကပြောတာလား"
"အေး....Rakwonနဲ့Yeonkyuကပြောပြလိုက်တာ ငါမနေ့ကသွားကြိုတော့သူ့အကိုကမေးလို့ငါလည်းတစ်ခုတည်းပြောပြခဲ့လိုက်တယ် မင်းအဆင်ပြေလား အချိန်တွေက"
"ရတယ်လေ....ငါကအတန်းချိန်အများကြီးမှမရှိသေးဘဲကို"
"အေးအေးဒါဆို မနက်ဖြန်ငါတို့မြို့ထဲကသောက်နေကြကော်ဖီဆိုင်မှာချိန်းလိုက်မယ် အဲ့ကျမှသူ့အကိုနဲ့တွေ့ပြီး အတန်းချိန်နဲ့ လခကိုတိုင်ပင်ကြပေါ့"
"အေးပါ ကျေးဇူးပါYounghoon nah...."
"ကျေးဇူးတင်ရင်ငါ့ကိုနောက်နေ့မှထမင်းလိုက်ဝယ်ကျွေး"
"ဟဟ.....အေးပါ ဘောစိရယ်"
"ဒါဆို ငါဖုန်းချပြီနော် Good night အိပ်ပျော်အောင်လည်းအိပ်ဦး ပဝေသနီကဖိနပ်ကြီးကိုင်ပြီးငိုမနေနဲ့"
"နင်အိပ်တော့မှာမလား မြန်မြန်အိပ်!!!"
"ဟဟ...အေးပါ အချစ်ရူးလေးရယ်"
"Kim Younghoon!!!!"
Younghoonတစ်ယောက်ကတော့စနောက်ပြီးဖုန်းချသွားလေရဲ့။ Jaehyunဒီနေ့တော့Younghoonပြောသလိုမငိုနေတော့ပါဘူးလေ။ ထူးထူးခြားခြားမငိုဖူးတဲ့ညလေးရှိသွားအောင်ပေါ့။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"အေး....သွားကြည့်လေ အဲ့တာပြီးရင်ငါခိုင်းထားတဲ့ကိစ္စလည်းလုပ်ဖို့မမေ့နဲ့ဦး"
"ဟုတ်ကဲ့ပါ"
*Ring Ring*
"ဟယ်လို Boss"
"အေး...Juyeon....ဒီနေ့Mr.Jim တို့ဘက်ကပစ္စည်းလာယူခိုင်းထားတာသွားယူပေးပါဦး တစ်ခြားသူဆိုသူနဲ့အပေါက်လမ်းမတည့်မှာစိုးလို့"
"ဟုတ်ကဲ့ ဘယ်မှာသွားယူရမှာလည်း"
"မြို့ထဲကMall ဘေးရဲ့ကော်ဖီဆိုင်လေ မင်းသိတယ်မလား"
"သိပါတယ်....ဒါနဲ့public areaကြီးမှာအဆင်ပြေပါ့မလား"
"သူတို့ဘက်ကစျေးစကားပြောနေရင်းသေနတ်ထုတ်လာရင်သွေးကွဲနေမဆိုးလို့ သေနတ်ရမလွယ်တဲ့နေရာချိန်းလိုက်တာ"
"ဟုတ်ကဲ့ သိပါပြီ"
"အေးအေး...မင်းကလည်းတစ်ခုခုဆိုစိတ်လနုက်မာန်ပါတွေမလုပ်မိစေနဲ့ ကြားလား!"
"ဟုတ်ကဲ့ပါ"
သို့နှင့်Juyeonလည်းSunghyunခိုင်းသည့်နေရာသို့အပေါ်ဝတ်ကုတ်တစ်ထပ်ထပ်ကာကားဖြင့်ထွက်လာလိုက်လေသည်။
ကားမောင်းနေရင်းနဲ့ရေဒီယိုခလုတ်ကိုသွားဖွင့်မိတော့ထွက်ပေါ်လာသည်က လာနေကြအစီစဥ်ဖြစ်သည့်မွေးနေ့ဆုတောင်းစကားသံ။Juyeonလည်းဘာရယ်မဟုတ်နားထောင်ကြည့်တော့ ချစ်သူကောင်လေးကသူ့ကောင်မလေးအတွက်မွေးနေ့ဆုတောင်းပေးခြင်းဖြစ်သည်။
စကားသံထဲတွင် "ကိုယ့်ရဲ့နှုတ်ခမ်းနားမှမှဲ့နက်ပိုင်ရှင်လေးကိုအရမ်းချစ်ပါတယ် " တဲ့။
Juyeonလည်းထိုစကားကိုကြားပြီးစိတ်တို့ရောက်သွားသည်ကသူ့ရဲ့တစ်ဦးတည်းသောချစ်ရသူလေး,နှာတံပေါ်မှ မှဲ့နက်ပိုင်ရှင်လေးကိုပင်ဖြစ်သည်။
သူ့ရဲ့အလုပ်တွေကြောင့်Juyeon Jaehyunကိုတွေ့လျှင်တောင်မျက်နှာမပြဝံ့ပါလေ။ သူဟာအရင်လိုလူကောင်းတစ်ယောက်မှမဟုတ်တော့ဘဲကို။ သူလွမ်းပါတယ်လေ။ ဒါပေမဲ့လွမ်းတာကိုJuyeonမဖော်ပြတတ်တော့ပါ။
ငိုရင်ပြစ်ဒဏ်ပေးသည့်သူ့ရဲ့Bossကြောင့်Juyeonမငိုရဲတာတောင်ကြာခဲ့ပါပြီ။ ဒါကြောင့်သူဟာလွမ်းရင်လည်းမငိုတတ်တော့သလို နာကျင်ရင်တောင်ဘာမှမဖြစ်သလိုနေနိုင်သည့်အခြေအနေကိုရောက်လာခဲ့ပါသည်။
သူလည်းအရွယ်ရောက်လာပြီမလား။ အရွယ်ရောက်လေလေ ဟန်ဆောင်တတ်ဖို့သင်ယူစရာတောင်မလိုပါဘူးလေ။
အတွေးကမ္ဘာမှာနယ်ချဲ့နေရင်းသွားလိုရာအရပ်ကိုရောက်တော့Juyeonလည်းကားပါကင်ထိုးကာသွားစရာရှိသည့်နေရာသို့ဦးတည်လိုက်သည်။
ဒါပေမဲ့ဘယ်သိနိုင်မလည်းနော်.....သူသွားတဲ့ကော်ဖီဆိုင်လေးဟာ.........နှာတံပေါ်မှမှဲ့နက်ပိုင်ရှင်ကောင်လေးနဲ့တွေ့ဆုံမိဖို့အကြောင်းရင်းတစ်ခုဖြစ်လာမလားဆိုတာ...............
__________________________________________
Thanks for reading🌸
❗နောက်တစ်ပိုင်းမှာ 2nd leadပါတော့မယ်နော်❗
Zawgyi
{ အ႐ြယ္ေရာက္သူတို႔ရဲ႕ကမၻာမွာဟန္ေဆာင္ျခင္းဆိုတဲ့က႑တစ္ခုပါဝင္လာခဲ့တယ္ }
7ႏွစ္ၾကာၿပီးေနာက္..................
"ကဲ...ဒါဆိုရင္သားတို႔ႏွစ္ေယာက္စာအုပ္သိမ္းလို႔ရပါၿပီ Samဒီေန႕ေပးခဲ့တဲ့စာေတြကိုျပန္ၾကည့္ဖို႔မေမ့နဲ႕ေနာ္"
"ဟုတ္ကဲ့ပါ Sam"
အျပာႏုေရာင္ဝမ္းဆက္ေလးကိုဝတ္ဆင္ထားၿပီးအညိုေရာင္ျဖစ္ပါေသာ္လည္းလိေမၼာ္ဘက္သမ္းသည့္ဆံႏြယ္တို႔နဲ႕ႏွာတံသြယ္ေလးေပၚမွာထင္းေနသည့္မွဲ႕နက္ေလး။
စာသင္ၿပီးသည္ျဖစ္ေသာေၾကာင့္စားပြဲေပၚမွစာအုပ္မ်ားအားေသခ်ာစြာသိမ္းဆည္းေနသည့္လက္ေခ်ာင္းသြယ္သြယ္ေလးႏွင့္အတူလက္ေကာက္ဝတ္မွာေနရာယူထားသည့္ဖန္စီလက္ေကာက္ေလးဟာလည္းႏွစ္အေတာ္ၾကာ၍အနည္းငယ္ေတာ့ေဟာင္းေနေပမဲ့လည္းလွပလို႔ေနေသးသည္။
"Jaehyun nah....ဘယ္လိုလည္းငါ့တူေလးႏွစ္ေယာက္ကိုစာသင္တာ"
သူငယ္ခ်င္းျဖစ္သူYounghoonမွအခန္းထဲကထြက္ကာေမးလာေတာ့
"အင္း....မဆိုးပါဘူး ႏွစ္ေယာက္လုံးကသင္လြယ္တတ္လြယ္တယ္ေျပာရမယ္ Rakwonေလးကေတာ့Englishစာ အားေကာင္းတယ္ Yeonkyuေလးကေတာ့ Definition ေတြေတာ္ေတာ္မွတ္နိုင္တယ္"
"ေအာ္.......ဒါမင္းနဲ႕သင္လို႔ပါကြာ တစ္ျခားဆရာေတြနဲ႕သာဆိုရင္အဲ့ႏွစ္ေယာက္ေဆာ့ပဲေဆာ့ေနမွာ"
Jaehyunကခပ္ဖြဖြေလးတစ္ခ်က္ရယ္ရင္း..
"မင္းကလည္း ကေလးေတြကိုမေျပာပါနဲ႕"
သိပ္မၾကာလိုက္သူတို႔ႏွစ္ေယာက္စကားေျပာေနတုန္းYounghoonရဲ႕အိမ္ထဲသို႔ ဝတ္ေလ့ရွိတဲ့အဝါေရာင္blouseေလးနဲ႕ဝင္လာသည့္Yuri။
"သားတို႔ေရ....အန္တီေလးလာၿပီ"
"အန္တီေလးYuri!!!"
Yuriဝင္လာေတာ့ကေလးႏွစ္ေယာက္ကေျပးဖက္ရင္းအလြမ္းသယ္ေနၾကသည္မွာမျမင္ရတာၾကာၿပီျဖစ္သည့္သူေတြအလား။
ဒါကိုၾကည့္မရသည့္Younghoonကလည္း
"အမေလး.....တူဝရီးေတြအကဲပိုေနလိုက္ၾကတာ မေတြ႕တာရတာျဖင့္ႏွစ္ရက္ပဲရွိေသးတာကို"
"ကေလးေတြကနင့္ထက္ငါ့ကိုပိုခ်စ္တယ္ေလ"
"ေအးပါေအးပါ တစ္ကယ္မနိုင္ေတာ့ဘူးနင့္ကိုလည္း"
ဒီေမာင္ႏွမႏွစ္ေယာက္လည္းအရမ္းေတြကိုအတိုင္ေဖာက္ညီေနၾကသည္မွာလြန္ခဲ့တဲ့ခုနစ္ႏွစ္ကအတိုင္းရိုးရာမပ်က္။
"ေအာ္....Jaehyunကိုတစ္ခါတည္းဟိုေန႕ကအခ်ိန္ပိုေၾကးေပးရဦးမယ္"
"အာ...ရတယ္ မလိုပါဘူး ငါမယူေတာ့ဘူး"
"ဟယ္....မယူလို႔ဘယ္ရမလည္း တစ္ခါႏွစ္ခါလည္းမဟုတ္ေတာ့တာကို"
"ေအာ္...ငါတို႔ကသူစိမ္းေတြလည္းမဟုတ္ဘူးေလဟာ.....မင္းတို႔ႏွစ္ေယာက္လုံးငါ့ကိုကူညီေပးထားတာေတြအမ်ားႀကီးပဲကို"
Jaehyunဘယ္ေလာက္ထိအားနာတတ္သည္လည္းဆိုတာကိုႏွစ္ေယာက္လုံးလည္းသိေနတာမလို႔ဆက္မေျပာေတာ့ဘဲYuriကJaehyunေဘးမွာဝင္ထိုင္ေလသည္။
"ဒါနဲ႕ေလ......နင့္ကိုေပးစရာရွိတယ္Jaehyun nah..."
Yuriမွေျပာလာေတာ့Jaehyunကေမွ်ာ္လင့္ေနသည့္မ်က္ႏွာထားေလးျဖင့္ၾကည့္လာေလသည္။Yuriလည္းေဘးမွာရွိေနသည့္အိတ္အားယူကာJaehyunဆီေပးလိုက္သည္။
အိတ္ထဲကိုၾကည့္လိုက္ေတာ့ဘူးေလးတစ္ဘူး။ဖိနပ္ဘူးေလးဆိုပိုမွန္မည္။Jaehyunလည္းထ္ိုဖိနပ္ဘူးေလးအားဖြင့္ကာၾကည့္မိေတာ့စီးထားၿပီးသားsneakerတစ္ရံျဖစ္ေနေလသည္။အျဖဴဆိုေတာ့အနည္းငယ္ညစ္ေပေနသည့္ေနရာေတြကအထင္းသား။
"ဒါ- "
Jaehyunမွဖိနပ္ေလးကိုၾကည့္ၿပီးအံ့အားသင့္စြာYuriဘက္ကိုလွည့္ၾကည့္မိေတာ့Yuriကေခါင္းတစ္ခ်က္ၿငိမ့္ျပရင္း
"ဟုတ္တယ္ Jaehyun....အဲ့တာJuyeonရဲ႕ဖိနပ္.....ငါ့Appaတို႔အမႉကိုပိတ္သိမ္းလိုက္ကတည္းကငါျပန္ရွာေနခဲ့တာ တစ္ေလာကမွYounghoonနဲ႕ျပန္ရွာရင္းေတြ႕တာ အခုနင့္ကိုေပးတာပဲ"
Jaehyunမွာဖိနပ္အျဖဴေလးကိုအျမတ္တစ္နိုးေပြ႕ပိုက္လိုက္ရင္းမ်က္ရည္မက်မိေစရန္လည္းထိန္းထားရေသးသည္။ႏွစ္အေတာ္ၾကာကုသခဲ့ရေပမဲ့ရင္ထဲမွအနာဟာခုထိမက်က္ေသးလို႔လားမသိ။အသက္ရႉပင္မမွန္ေတာ့ဘဲငိုခ်င္စိတ္ကိုမနည္းမ်ိဳသိပ္ထားရေလသည္။
"Jaehyun nah....အဆင္ေျပရဲ႕လားဟင္....ငါေပးတာအရမ္း႐ုတ္တစ္ရက္ဆန္သြားလို႔လား"
"ငါ....ငါ....အဆင္ေျပပါတယ္....Yuri"
................
"သား.....Jaehyunေရ!!!! ညစာစားမယ္ေလ!!!"
"ေအာ္....ဟုတ္ကဲ့ လာၿပီေမေမ!!"
ညေနပိုင္းစာသင္လို႔ျပန္ေရာက္ကတည္းကYuriေပးလိုက္သည့္ဖိနပ္ေလးအားJaehyunတစ္ေယာက္ထုတ္ကာၾကည့္ရင္းအေတြးမ်ားကလြန္ခဲ့သည့္ခုနစ္ႏွစ္ဆီကိုေရာက္လို႔ေနေလသည္။
ဖိနပ္အျဖဴေလးကိုတစ္ယုတစ္ယေထြးေပြ႕ရင္းအက်င့္ျဖစ္ေနပါေသာမ်က္ရည္မ်ားကက်ဆင္းေနလ်က္။ သည္းခံၿပီးေနခဲ့ရသည္မွာႏွစ္အေတာ္ၾကာၿပီျဖစ္ေသာ္လည္းက်င့္သားမရေသးသည့္ခံစားခ်က္တို႔ဟာႏွိပ္စက္လို႔ေနေသးသည္။
ညေတြေရာက္တိုင္းဝင္ခိုလႈံခ်င္သည့္ရင္ခြင္ေလးကိုလြမ္းတာရယ္....အတူတူေထြးေပြ႕ဆုပ္ကိုင္ဖူးသည့္လက္ကေလးေတြကိုလြမ္းတာရယ္...နားထဲကိုၾကားေယာင္ေနသည့္အသံခ်ိဳခ်ိဳေလးရယ္..ဘယ္ေတာ့မွေမ့မရနိုင္ပါေသာမ်က္ႏွာေလးရယ္......။
Jaehyunလြမ္းေနဆဲျဖစ္သည္။သူမ်ားေတြေတာ့မသိေပမဲ့သူ႕အတြက္ေတာ့ခုနစ္ႏွစ္တိုင္ၾကာၿပီျဖစ္ေသာ္လည္းခံစားခ်က္တို႔ကအသစ္အသစ္ျပန္လည္ျဖစ္ထြန္းကာနာက်င္ေနဆဲပင္ျဖစ္သည္။
အခုလိုေလး သူနဲ႕ပတ္သက္တဲ့ သူ႕ရဲ႕အေငြ႕သက္ေလးေတြရတဲ့ပစၥည္းတစ္ခုကိုရလိုက္ေတာ့ပိုလို႔ပင္လြမ္းတာေပါ့ကြယ္။
သို႔ေပမဲ့က်ဆင္းထားသည့္မ်က္ရည္မ်ားအားသုတ္လိုက္ၿပီးဖိနပ္ေလးကိုလည္းဘူးထဲေသခ်ာျပန္ထည့္ကာအဝတ္ဗီဒိုရဲ႕ေအာက္ဆုံးထပ္တြင္ေသခ်ာေလးစနစ္တက်သိမ္းထားလိုက္ေလသည္။
ၿပီးေတာ့မွအခန္းထဲကေနထြက္လာကာအေမျဖစ္သူရွိေနသည့္ထမင္းစားခန္းသို႔အၿပဳံးတစ္ခုကိုတပ္ဆင္ရင္းေရာက္လာခဲ့သည္။
နာက်င္မႈဆိုသည့္အရာက္ိုေတာ့က်င့္သားမရေပမဲ့အ႐ြယ္ေရာက္လာသည္ႏွင့္အမွ်ဟန္ေဆာင္ျခင္းဆိုသည့္က႑တစ္ခုဟာေတာ့ပါဝင္လာခဲ့သည္ေလမလို႔သူဟန္ေဆာင္တတ္ေနပါၿပီ။
"ဒီေန႕ညစာဘာဟင္းလည္းေမေမ"
"ဟိုတစ္ခါသားစားခ်င္တယ္ေျပာလို႔ ဝက္သားbulgogiေလးခ်က္ထားေပးတယ္"
"အာ...ဒါနဲ႕Appaေကာဘယ္ေတာ့ျပန္လာမယ္တဲ့လည္း"
"ေနာက္သုံးရက္ေလာက္ေနရင္ေတာ့ျပန္လာမယ္ေျပာတယ္ အခုေမေမတို႔ကအရင္ၿမိဳ႕မွာမဟုတ္ေတာ့ဘူးေလ Seoulၿမိဳ႕ေပၚေရာက္ေနၿပီဆိုေတာ့ျပန္လာရမွာမေဝးေတာ့ဘူး"
"အင္းပါ "
Jaehyunတို႔ကလြန္ခဲ့သည့္ခုနစ္ႏွစ္,Jaehyunအထက္တန္းေအာင္သြားၿပီးသည္ႏွင့္Seoul ၿမိဳ႕ေပၚသို႔ေျပာင္းလာခဲ့ၾကသည္။Jaehyunကလည္းSeoul တကၠသိုလ္မွာပဲအတူတူေျပာင္းလာခဲ့ၾကသည့္Younghoonရယ္Yuriတို႔ရယ္နဲ႕အတူစီးပြားေရးေမဂ်ာမွာတက္ခဲ့ၾကသည္။
Younghoonကေတာ့Marketing Manager အျဖစ္နဲ႕အလုပ္လုပ္ေနၿပီးYuriကေတာ့သံ႐ုံးမွာပဲလုပ္ရသည္ျဖစ္ေသာ္လည္းJaehyunတစ္ေယာက္ကေတာ့သူ႕စိတ္အေျခအေနေၾကာင့္တစ္ျခားအလုပ္လုပ္မလုပ္ေတာ့ဘဲေက်ာင္းသားေတြကိုစာလိုက္သင္ေပးသည့္ဂိုက္ဆရာအေနနဲ႕သာအလုပ္လုပ္ေလသည္။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ေစာက္ပါးစပ္ကိုပိတ္ထားစမ္း...ငါ့ကိုျပန္အာမခံနဲ႕!!!!"
ေဆာင့္ေအာ္ကာေျပာလိုက္သည့္လူတစ္ေယာက္ရဲ႕အသံေၾကာင့္အိမ္ထဲရွိလူအမ်ားအားလုံးေၾကာက္၍တုန္သြားၾကေလသည္။
"ဟို.......ကြၽန္ေတာ္....ျပန္အာခံရတာမဟုတ္ပါဘူး....အကိုေလး.......ဟို.....ကြၽန္ေတာ္......."
"ေတာ္ေတာ့!!!!!"
ထပ္မံေအာ္ေျပာလိုက္ေတာ့ထိုလူမွပါးစပ္ပိတ္ကာေခါင္းလည္းေမာ္မၾကည့္ရဲေတာ့ဘဲေအာက္ငုံ႕သြားေလသည္။
"သားJuyeon....ဘာျဖစ္ျပန္ၿပီလည္း"
အိမ္ေပၚထပ္ေလွကားမွထြက္ေပၚလာသည့္လူတစ္ေယာက္ရဲ႕အသံၾကားေတာ့Juyeonကတစ္ဖက္ကိုလွည့္ကာ
"ဒီေကာင္ေတြေလ....ေသခ်ာေစာင့္ၾကည့္ခိုင္းထားတာကိုလြတ္သြားတယ္တဲ့!!!"
ေလွကားေပၚမွဆင္းလာသည့္Lee SunghyunမွJuyeonနားလည္းေရာက္ေတာ့
"စိတ္ထိန္းပါငါ့သား.....အဲ့ေကာင္ေတြကလြတ္လည္းမင္းအစြမ္းစနဲ႕ေျမလွန္ရွာစရယေတာင္မလိုပါဘူးကြာ သြားသြား....မင္းတို႔ကလည္း ေနာက္တစ္ခါအလုပ္ကိုေပါ့ပ်က္ပ်က္မလုပ္နဲ႕ေပါ့ မင္းတို႔အကိုေလးအေၾကာင္းလည္းသိေနတာကို"
ထိုသို႔ေျပာလိုက္မွသာေစာနကလူတစ္စုကျမန္ျမန္ဦးၫႊတ္ၿပီးထြက္သြားၾကေလသည္။
အခုခ်ိန္ထိေဒါသထြက္ေနပုံရသည့္JuyeonကိုLee Sunghyunမွပခုံးပုတ္ကာ
"မင္းငါနဲ႕ခနေလာက္လိုက္ခဲ့ ေျပာစရာရွိတယ္"
"ဟုတ္ကဲ့"
...................
"ေစာနကကိစၥကိုခနအသာထားလိုက္ဦး ငါအေရးတစ္ႀကီးေျပာစရာရွိတယ္"
ေျပာလိုက္သည့္စကားသံတြင္ေလးနက္မႈမ်ားပါဝင္ေနသည္ကိုJuyeonသတိထားမိေတာ့ဂ႐ုတစ္စိုက္လိုက္နားေထာင္မိသည္။
"ငါမင္းကိုလြန္ခဲ့တဲ့ခုနစ္ႏွစ္ကတည္းက
Bạn đang đọc truyện trên: Truyen2U.Net