Chapter 36

Màu nền
Font chữ
Font size
Chiều cao dòng

~ အချိန်အကြာကြီးချစ်ခဲ့ရတဲ့သူကိုမချစ်တော့ဖို့ကခက်ခဲလှတယ်...တော်ပါသေးရဲ့ ကံကြမ္မာကသူတို့နှစ်ဦးအပေါ်အဆုံးစွန်ထိမရက်စက်
တော့လို့ ~

ဆောင်းဦးရာသီမနက်ခင်းရဲ့နေရောင်ခြည်ဟာအပြာနုရောင်အခန်းထဲကကုတင်ထက်တွင်ထိုင်နေသည့်ကောင်လေးရဲ့နောက်ကျောသို့ဖြာကျနေလျက်ရှိသည်။

အစပိုင်းတော့သိပ်မသိသာလှပေမဲ့အနည်းငယ်ကြာသောအခါနောက်ကျောမှပူလာသည်ကိုခံစားမိသောကြောင့်နေရောင်ဖြာကျနေသည့်ပြတင်းပေါက်အားပိတ်ရန်ထလာလိုက်သည်။

ပြတင်းပေါက်တွေအကုန်လုံးကတံခါးအပိတ်အဖွင့်တော့လုပ်လို့ရပေမဲ့အရင်တစ်ခါသူထွက်ပြေးထားဖူးတော့အပြင်မှတစ်ထပ်ကာထားလေသည်။

ပြတင်းပေါက်ကနေအောက်ဘက်တစ်နေရာမှလူအရိပ်ယောင်တွေ့လိုက်သဖြင့်လှမ်းကြည့်လိုက်တော့ ဆေးလိပ်သောက်နေသည့်Juyeonကိုတွေ့လိုက်ရသည်။

"ဒီကောင်တစ်ကယ်ဆေးလိပ်​သောက်တာမလျှော့ဘူးပဲ"

Jaehyunဒီအိမ်မှာအဖမ်းခံထားရစဥ်ကာလအတွင်းJuyeonအရက်သောက်တာ ဆေးလိပ်သောက်တာစသဖြင့်လုပ်တာတွေကိုသူခနခနမြင်တွေ့နေရသည်။

စိတ်ပူခြင်းဆိုပေမဲ့ထိုကဲ့သို့ခေါင်းစဥ်မတပ်ချင်ခြင်းကြောင့်အမြင်မတော်၍​တွေးတာဟုသာသတ်မှတ်လိုက်တော့မည်။

သို့ပေမဲ့...Juyeonနဲ့သူနဲ့စကားမပြောတာ...မဟုတ်ဘူး...မျက်နှာချင်းတောင်ဖြစ်တာသုံးရက်လောက်ရှိနေပြီဖြစ်သည်။ သူထွက်ပြေးပြီးပြန်မိလာသည့်ညနေကပြောလိုက်သည့်စကားတွေကြောင့်လားမသိ။

Juyeonကအရင်လိုအခန်းထဲလည်းမလာဖြစ်တော့သလိုစကားလည်းမပြောတော့ပေ။ အခန်းထဲမလာဖြစ်မှတော့စကားပြောဖို့ရန်နေနေသာသာမျက်နှာချင်းတောင်မဆုံရ။

ထိုကဲ့သို့ဖြစ်နေတော့လည်းJaehyunဘယ်ဘက်ရင်အုံတစ်နေရာကအနည်းငယ်နာကျင်လို့နေသည်။

"မနက်စာလာပို့တာပါ"

တံခါးဖွင့်သံကြား၍လှည့်ကြည့်လိုက်တော့လည်းအရင်ရက်ကလိုလူတစ်ယောက်သူ့အားစားစရာလာပို့ပေးခြင်းဖြစ်သည်။ထိုလူမထွက်သွားသေးခင်

"အာ..ခန! Juyeonရောမလာဘူးလား..."

"အကိုလေးကသွားစရာကိစ္စလေးတစ်ခုရှိနေသေးလို့ပါ တွေ့ချင်တယ်ဆိုရင်ကျွန်တော်ခေါ်ပေးရမလားခင်ဗျ"

"ရတယ် ခေါ်ဖို့မလိုပါဘူး ပြီးတော့မတွေ့ချင်ဘူး ဒီအတိုင်းပဲမေးကြည့်တာ"

မုသားတွေထပ်သုံးမိပြန်ပါပြီလေ။

"ဟုတ်ကဲ့ပါ..."

ထိုလူထွက်သွားပြီးသည့်တိုင်အောင် Jaehyunကုတင်ခြေရင်းမှာပဲပြန်ထိုင်ကာ သက်ပြင်းတစ်ချချနှင့်။ သူ့အတွက်မနက်စာဆိုသည့် ပေါင်မုန့်နှင့်နွားနို့တစ်ခွက်အားကြည့်လိုက်တော့လည်း စားချင်သောက်ချင်နေစိတ်ထက် ရင်ထဲမှအနည်းငယ်ဆို့နေသော ခံစားချက်ကြောင့် မစားဖြစ်ခဲ့တော့ပါလေ။

.
.
.
.
.
.
.
.
.
.
.
.
.

.
.
.
.
.
.

"ဘယ်လိုလည်း Jaehyun Hyungရှိနေတဲ့နေရာကိုသိရပြီလား "

"ပြောဖို့တော့အားနာပေမဲ့ ရခဲ့တဲ့ဖုန်းလိုင်းကလည်းတစ်ကြောလုံးဖြတ်ထားလို့ထင်ပါတယ်  ကျွန်တော်တို့ အနီးစပ်ဆုံးရထားတာ Namwonဘက်မှာပဲရှိပါတယ်"

"Namwonဘက်မှာ?"

"ဟုတ်ပါတယ်....Namwonမှာလို့အတိကျတော့ပြောလို့မရပေမဲ့ အဲ့နားတစ်ဝိုက်မှာဖြစ်လောက်ပါတယ်...."

"Namwonက ဒီကနေဆို သုံးနာရီလောက်ကားစီးရမှာမလား "

"ဟုတ်ပါတယ်....တစ်မင်ဝေးတဲ့ဘက်မှာခေါ်ထားတယ်လို့ကျွန်တော်ထင်တယ်"

"ဒါဆို သွားကြမယ်! အတိအကျမသိရသေးပေမဲ့သဲလွန်စတစ်ခုဖြစ်ဖြစ်ရအောင်"

"ဟုတ်ကဲ့ပါ"

Hyunjunချက်ချင်းပင်အိမ်ထဲမှထွက်ကာ ကားထဲဝင်သည်နှင့်Younghoonအားဖုန်းလှမ်းခေါ်လိုက်သည်။

"Hyung...အခုဘယ်မှာလည်း"

"ငါRakwonတို့ကိုကျူရှင်သွားကြိုဖို့လမ်းမှာလေ"

"ဒါဆို Yuri Noonaဆီမှာ ကလေးတွေကိုအကုန်အပ်ခဲ့ပြီး Namwonဘက်ကိုလိုက်ခဲ့လိုက်နော်"

Younghoonလည်းဘာလို့လည်းဆိုပြီးမေးမလို့လုပ်လိုက်ပေမဲ့အနည်းငယ်လောနေသံပေါက်သည့်Hyunjunကြောင့်ဘာကိုဆိုလိုမှန်းသဘောပေါက်သွားသည်။

"အေးအေး ကောင်းပြီ မင်းlocationအတိုင်းငါလိုက်ခဲ့မယ်"

........................

Hyunjunတို့ကားသုံးနာရီကျော်ကြာအောင်မောင်းပြီးသွားတော့သွားလိုရာNamwonမြို့ကိုရောက်လေတော့သည်။ Namwonက Seoulမြို့နှင့်မတူ။ မြို့ဖြစ်ပေမဲ့အစွန်ပိုင်းနေရာများတွင်သစ်တောတွေရှိတတ်သည်။ ချမ်းသာသူ အေးဆေးနေချင်သူတွေကNamwonဘက်ကလူသူရှင်းတဲ့နေရာမှာခြံဝန်းဝယ်ပြီးအိမ်ဆောင်နေကြလေ့ရှိသည်ဟုလည်းကြားဖူးသည်။

Hyunjunရောက်ပြီးကားပေါ်ကဆင်းရုံရှိသေးYounghoonပါရောက်လာလေသည်။

"မင်းဘာသတင်းသိရလို့လည်း"

"ပြတ်သွားတဲ့ဖုန်းလိုင်းကဒီတစ်ကြောလောက်မှာလို့စုံစမ်းရလို့Hyung။ 100%တော့မသချောသေးပေမဲ့ ကျွန်တော်တစ်ခုခုသိရအောင်လာလိုက်တာ"

"အင်း....."

Jaehyunကိုရှာဖို့ဒီလောက်ထိအသည်းသန်ဖြစ်နေသည့်Hyunjunအားကြည့်ပြီးYounghoonစိတ်ထဲတွေးမိလိုက်ပါသည်။

"အော်...Jaehyunကိုတောင်ဒီလိုသည်းသည်းလှုပ်ချစ်ပေးရတဲ့သူရှိတာပဲ"။

သူနဲ့တွေ့လာခဲ့သမျှကာလပတ်လုံး.. Juyeonထွက်သွားသည့်အချိန်မှစပြီးJaehyunဆီမှာမြင်နေကျအပြုံးလေးတွေတောင်မတွေ့ရတော့။ ပြုံးပါသည်ဆိုလျှင်တောင်မှစိတ်ရင်းနဲ့မဟုတ်မှန်းYounghoonသတိထားမိသည်။

JaehyunကJuyeonကြောင့်လွမ်းနာကျနေခဲ့သည်မလား။

ဒါကြောင့်အခုလိုHyunjunကအသည်းသန်ဖြစ်ပေးရှာတော့လည်းJaehyunအတွက်Younghoonဝမ်းသာမိပါသည်။ Jaehyunအားချစ်ပါတယ်ဆိုပြီးထားသွားခဲ့တဲ့ဟိုတစ်ယောက်နဲ့ကွဲလွဲနေလို့ပေါ့။

Hyunjunရယ် Younghoonရယ် ပြီးတော့ပါလာသည့်လူနောက်ထပ်သုံးယောက်ရယ်ကမြို့ရဲ့အစွန်နားရောက်သည့်နေရာတွေကိုလိုက်မေးလိုက်စုံစမ်းကြည့်မိသည်။

သို့ပေမဲ့ဘယ်သုမှလည်းJaehyunအားမမြင်မိသလိုဘာသတင်းမှလည်းမသိရသေး။ သူတို့လာမိတာများမှားပြီလား။

"တောက်!!!! စိတ်တိုလိုက်တာ...."

စိတ်လည်းတိုစိတ်လည်းပျက်သွားသည့်Hyunjunအားကြည့်ပြီးYounghoonမှတစ်ခုခုကိုသတိရသွားဟန်ဖြင့်။

"အာ....ခန! ငါတို့ပုံပြပြီးရှာနေတဲ့လူမှားနေတယ်ဆိုရင်ရော Hyunjun"

Younghoonအပြောကြောင့်မျက်ခုံးပင့်လာသည့်Hyunjun။

"အကယ်လို့ Jaehyunအဖမ်းခံထားရတယ်ဆိုရင်သူ့ကိုလုံးဝပေးထွက်မှာမဟုတ်ဘူး အဲ့တော့ဘယ်သူမှလည်းသေချာမြင်ဖူးမှာမဟုတ်ဘူးလေ"

"အေးနော်....ဒါဆို...သူ့ကိုဖမ်းသွားတဲ့သူလောက်ပဲမြင်ဖူးကြမယ်ထင်တယ်Hyung"

သူတို့နှစ်ဦးအပါဝင်ကျန်တဲ့လူသုံးယောက်လည်းစိတ်ရှုပ်သွားရပါသည်။
.............

သူတို့လည်းဘာမှမသိရတဲ့နောက်ဆုံးမှာတော့လက်လျှော့ပြီးပြန်လာရန်ဆုံးဖြတ်ခဲ့လိုက်ကြသည်။ အပြန်တွင်တော့နောက်လိုက်လူသုံးယောက်အားကားတစ်စီးဖြင့်လာခိုင်းလိုက်ပြီးHyunjunနဲ့Younghoonကတော့အတူတူပြန်လာလိုက်ကြသည်။ကားကိုတော့Younghoonကမောင်းခြင်းဖြစ်သည်။

"Hyung...ကျွန်တော်နေ့လည်စာမစားရသေးဘူး ဒီနားကstoreတစ်ခုမှာရပ်ပေးလို့ရမလား"

"အော်...အင်းကောင်းပြီလေ"

Younghoonလည်းမြို့စွန်ကနေတစ်ဖြေးဖြေးမြို့ထဲကိုပြန်ဝင်လာပြီးအနီးစပ်ဆုံးတွေ့သည့်storeဆိုင်ရှေ့မှာကားရပ်လိုက်သည်။ ပတ်ဝန်းကျင်တွင်တော့အိမ်တွေအများကြီးမရှိနေသေးပါ။

သူတို့ကားပေါ်ကဆင်းတော့ထိုဆိုင်ရှေ့ကိုပဲနောက်ထပ်ကားတစ်စီးထပ်မံရောက်လာပြန်သည်။ အနက်ရောင်မှန်လုံးကားဖြစ်ပြီး Younghoonထင်တာမမှားမိဘူးဆိုလျှင်ထိုကားဟာ ကျည်ကာကား။ ဇာတ်လမ်းတွေထဲမှာဆိုရင်အထူးအေးဂျင့်တွေပဲသုံးသည့်ကားမျိုးဖြစ်သည်။

ဒီလိုကားမျိုးကဒီလိုလူအိမ်ခြေမများဘဲငြိမ်းချမ်းတိတ်ဆိတ်သည့်နေရာမျိုးမှာရှိနေတာသာမန်မဟုတ်နိုင်။ Hyunjunကတော့စောနကကြောင့်ရယ် ဗိုက်ဆာနေသည့်ကတစ်ကြောင်းရယ်မလို့အာရုံမထားမိဘဲ ဆိုင်ထဲသို့သာပြေးဝင်သွားလိုက်သည်။

Younghoonကတော့သူ့ကားနားမှာဟိုယောင်ယောင်ဒီယောင်ယောင်လုပ်ရင်းမသိမသာအခြေနေကိုအကဲခတ်ကြည့်နေမိသည်။ မကြာလိုက်ပါကားပေါ်မှဆင်းလာသည့်လူတစ်ဦး။ Younghoonမြင်ဖူးပါသည်ဆိုပြီးကြည့်နေကာမှပဲ...

"Lee...Juyeon?"

သေချာပေါက်Juyeonက ကားပေါ်ကနေဆင်းလာခြင်းဖြစ်သည်။ အဲ့ထိကရသေးသည်။ ကားပေါ်မှဆင်းလာပြီးအတွင်းအိပ်ထောင်ထဲသို့ထည့်လိုက်သည့်ပစ္စတိုတစ်လက်ကိုမြင်လိုက်သည့်အချိန်မှာတော့Younghoonခေါင်းထဲကိုအတွေးပေါင်းများစွာကရောက်ရှိလို့လာပါတော့သည်။

Jaehyunကိုရုတ်တစ်ရက်ကြီးထားခဲ့ပြီးခုနှစ်နှစ်ကြာမှာပြန်တွေ့ရတော့အခုလိုကျည်ကာကားထဲကနေသေနတ်တစ်လက်နဲ့အဘယ့်ကြောင့်Juyeonကိုတွေ့ရပါသနည်း။

"မဟုတ်မှလွဲရော.....အဲ့ကောင်လူဆိုးဂိုဏ်းတွေထဲများရောက်သွားတာလား"။

Juyeonပထွေးဆုံးတော့Younghoonဦးလေးကအမှုကိုလိုက်ရင်းသိခဲ့ရတာကJuyeonပထွေးဟာအရင်ကတရားမဝင်လုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့သူတစ်ဦး။ ဒါဆို.....Juyeonကလည်းအခု အဲ့လိုအလုပ်တွေကိုလုပ်နေတာပဲလား။

Juyeonတစ်ဖက်ကိုမလှည့်လာခင်မှာပဲYounghoonကားနောက်သို့အမြန်ကွယ်လိုက်မိသည်။

ကွယ်နေလျက်နဲ့ခေါင်းထဲသို့ပေါ်လာသည့်အတွေးတစ်ခု။

"Jaehyunကိုအဲ့ကောင်ခေါ်သွားတာများလား..."

....................

"Jaehyunရော..ဘယ်လိုနေသေးလည်း"

"မနက်စာနဲ့နေ့လည်စာကျွေးတာတော့မစားပါဘူးအကိုလေး...ပြီးတော့မနက်ပိုင်းတုန်းက အကိုလေးကိုမေးသေးတယ်"

သူ့ကိုမေးသေးတယ်ဆိုသောကြောင့်မျက်လုံးအရောင်လက်သွားမိသည်။

သူတို့မျက်နှာချင်းမဆိုင်,စကားမပြောဘဲနေသည်မှာသုံးရက်ရှိပြီမဟုတ်ပါလား။ သူ့ကိုမုန်းတယ် မတွေ့ချင်ဘူးချည်းပြောနေသည့်Jaehyunအား သူမျက်နှာပြောင်တိုက်ပြီးလည်းမတွေ့ချင်နေသေးပါ။

ထိုစကားတွေရဲ့ဒဏ်ကိုမခံနိုင်သောကြောင့်လည်းဖြစ်သည်။ စဥ်းစားကြည့်ပါဦး....ရင်ထဲထိနင့်နေအောင်ချစ်ရတဲ့သူကအခုလိုစကားမျိုးတွေပြောလာရင်ခံနိုင်ရည်ရှိရအောင်Lee Juyeonကဘာသားနဲ့ထုထားတဲ့ယောကျ်ားမလို့လည်း။

*Ring Ring*

"Hello Doctor ပြောပါ"

"DNA စစ်ဆေးချက်အဖြေတွေသိရပါပြီ"

.................

Lee Juyeonရဲ့ကားဟာအဝေးပြေးလမ်းမထက်ပေါ်တွင်နေရာယူထားလျက်ရှိသည်။ ကားဘောင်တန်းပေါ်တွင်တင်ထားသည့်စာအိတ်အဖြူရောင်ကိုကြည့်ပြီးသက်ပြင်းတစ်ချချ။ သူဖွင့်ဖောက်ပြီးပြီလေ။

မသိမသာစိုးရိမ်နေခဲ့မိတဲ့ကိစ္စဟာလည်းတစ်ကယ်တမ်းဖြစ်လာခဲ့ပြီမလို့ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ။ စာအိတ်အဖြူထဲတွင်ပါရှိနေသည်ကDNA စစ်ဆေးချက်စာရွက်နှစ်ရွက်။

သူမသင်္ကါဖြစ်နေခဲ့မိ၍ အကယ်၍များဆိုပြီးတွေးခဲ့မိတာကြောင့်သူနဲ့Jaehyunကိုပါဆေးစစ်ခဲ့လိုက်ပါသည်။

...................

နောက်နေ့မနက်ရောက်တော့Juyeon DNAစစ်ဆေးချက်ကိစ္စအားBossကိုပြောပြီးသွားရမည်ဖြစ်သည်မလို့အနည်းငယ်တော့စိတ်လှုပ်ရှားနေမိသည်။

သူစိုးရိမ်ထိတ်လန့်နေသည့်အကြောင်းအရာကလည်းအမှန်တစ်ကယ်ဖြစ်လာခဲ့ပြီမလို့သူ့အဘယ်နည်းနဲ့ Jaehyunကိုပြောပြရမလည်း တွေးနေမိလျက်။

ဧည့်ခန်းထဲမှာစာရွက်နှစ်ရွက်ကိုကြည့်နေရင်းခေါင်းရှုပ်နေပုံရသည့်Lee Juyeonခမျာမှာလည်း ဝန်အကြီးကြီးတစ်ခုကိုသူ့အပေါ်တွင်ထမ်းထားရသလိုစိတ်လေးလံနေလျက်ရှိသည်။

မျက်နှာကိုလက်ဖြင့်အုပ်ကာခနခေါင်းအေးအေးထားလို့ရအောင်သူနေမိလိုက်သည်။

"အကိုလေး!!"

ရုတ်တစ်ရက်ပြေးဝင်ကာခေါ်လာသည့်ကောင်လေး။

"အေးပြော..."

"ဟိုဟာ....ကျွန်တော်တို့မှာထားတဲ့သေနတ်တွေထပ်ရောက်လာပါတယ် အဲ့တာတစ်ချက်စစ်ဆေးကြည့်ဖို့လာခေါ်တာပါ"

"အေးအေး လာပြီ"

Juyeonလည်း စာရွက်တွေကိုအိတ်ထဲပြန်မထည့်မိဘဲထလာလိုက်သည်။

....................

မနက်ခင်းကိုထပ်ပြီးJuyeonအားမတွေ့ရဘဲနေနေရတော့ Jaehyunတစ်ယောက် အဆင်မပြေတော့ပါချေ။ သူဘယ်လောက်ပဲမတွေ့ချင်ပါဘူး မုန်းတယ်ပြောပြော မသိစိတ်ကလေးကတော့တွေ့ချင်နေမိပါသည်။

"ဟိုဟာ.....ကျွန်တော် မနက်စာကိုအောက်ထပ်မှာပဲဆင်းစားလိုက်လို့ရမလား"

သူ့အတွက်မနက်စာလာပို့ပေးသည့်ကောင်လေးအားမေးကြည့်လိုက်တော့ကောင်လေးကပြုံးကာ

"ရတာပေါ့ အကိုလေး Jaehyunရဲ့ "

"အင်း...ဒါဆိုအောက်ထပ်ပဲဆင်းခဲ့တော့မယ်"

ဟုပြောကာ ခပ်သွက်သွက်ကလေး ဆင်းလာလိုက်သည်။ လှေကားလည်းဆင်းရောခေါင်းလေးရှေ့ကိုထိုးပြီး Juyeonကိုရှာ်ကြည့်မိသေးသည်။ ဒါဟာလည်းမသိစိတ်ကနေJuyeonတွေ့ချင်နေသောကြောင့်အလိုလျောက်လုပ်မိခြင်း။

အောက်ထပ်ရောက်သည်အထိဘယ်သူ့ကိုမှမတွေ့တော့တာမလို့သူလည်းမနက်စာစားဖို့ရန်မီးဖိုချောင်းထဲကိုအသွား ဆိုဖာရှေ့ကစားပွဲပေါ်မှာတင်ထားသည့်စာရွက်အဖြူဆီသို့အကြည့်ရောက်မိတော့သည်။

"ဟင်....ဘာစာရွက်ပါလိမ့်"

အနီးကပ်သွားကြည့်မိတော့စာရွက်အိတ်ရဲ့ထိပ်မှာရေးထားသည်က

"Lee Juyeonနှင့် Lee Jaehyun၏DNAစစ်ဆေးချက်"

"ဟမ်? ဘာလို့ ငါနဲ့Ju ရဲ့DNAစစ်ဆေးချက်ကရှိနေရတာလည်း"

Jaehyunခေါင်းထဲမေးခွန်းများစွာရောက်လို့လာသည်။နောက်တစ်ရွက်ရဲ့အောက်နားကိုကြည့်လိုက်မိတော့

" ဤDNA စစ်ဆေးချက်ထဲရှိလူနှစ်ယောက်သည် 99.99% တူညီခြင်းကြောင့်သွေးသားအရင်းတော်စပ်ပါသည်"

Jaehyunလက်တွေပင်တုန်လာရတော့သည်။ ဘာစကားမှမထွက်နိုင်တော့လောက်အောင်သူအလွန်ပင်တုန်ရီကာစိတ်တွေပင်ဂယောင်ခြောက်ခြားဖြစ်လာရတော့သည်။ ခေါင်းထဲမှာလည်းမရေရာခြင်းပေါင်းများစွာဖြင့်။

ဘယ်အချိန်ကတည်းက နေရာယူလာမှန်းမသိသည့်မျက်ရည်ပေါက်တို့ဟာလည်းပါးပြင်ထက်တွင်အနည်းငယ်နေရာယူလာတော့သည်။

"Jae...."

အ​နောက်မှခေါ်သံကြား၍လှည့်ကြည့်မိသည်။

"Ju....ဒါ.....ဒါ....ဘာတွေလည်း!"

Juyeonကမျက်လွှာကိုချကာ

"Jaeရှာတွေ့သွားပြီပဲ..."

__________________________________________

Thanks for reading🌸

Zawgyi

~ အခ်ိန္အၾကာႀကီးခ်စ္ခဲ့ရတဲ့သူကိုမခ်စ္ေတာ့ဖို႔ကခက္ခဲလွတယ္...ေတာ္ပါေသးရဲ႕ ကံၾကမၼာကသူတို႔ႏွစ္ဦးအေပၚအဆုံးစြန္ထိမရက္စက္
ေတာ့လို႔ ~

ေဆာင္းဦးရာသီမနက္ခင္းရဲ႕ေနေရာင္ျခည္ဟာအျပာႏုေရာင္အခန္းထဲကကုတင္ထက္တြင္ထိုင္ေနသည့္ေကာင္ေလးရဲ႕ေနာက္ေက်ာသို႔ျဖာက်ေနလ်က္ရွိသည္။

အစပိုင္းေတာ့သိပ္မသိသာလွေပမဲ့အနည္းငယ္ၾကာေသာအခါေနာက္ေက်ာမွပူလာသည္ကိုခံစားမိေသာေၾကာင့္ေနေရာင္ျဖာက်ေနသည့္ျပတင္းေပါက္အားပိတ္ရန္ထလာလိုက္သည္။

ျပတင္းေပါက္ေတြအကုန္လုံးကတံခါးအပိတ္အဖြင့္ေတာ့လုပ္လို႔ရေပမဲ့အရင္တစ္ခါသူထြက္ေျပးထားဖူးေတာ့အျပင္မွတစ္ထပ္ကာထားေလသည္။

ျပတင္းေပါက္ကေနေအာက္ဘက္တစ္ေနရာမွလူအရိပ္ေယာင္ေတြ႕လိုက္သျဖင့္လွမ္းၾကည့္လိုက္ေတာ့ ေဆးလိပ္ေသာက္ေနသည့္Juyeonကိုေတြ႕လိုက္ရသည္။

"ဒီေကာင္တစ္ကယ္ေဆးလိပ္​ေသာက္တာမေလွ်ာ့ဘူးပဲ"

Jaehyunဒီအိမ္မွာအဖမ္းခံထားရစဥ္ကာလအတြင္းJuyeonအရက္ေသာက္တာ ေဆးလိပ္ေသာက္တာစသျဖင့္လုပ္တာေတြကိုသူခနခနျမင္ေတြ႕ေနရသည္။

စိတ္ပူျခင္းဆိုေပမဲ့ထိုကဲ့သို႔ေခါင္းစဥ္မတပ္ခ်င္ျခင္းေၾကာင့္အျမင္မေတာ္၍​ေတြးတာဟုသာသတ္မွတ္လိုက္ေတာ့မည္။

သို႔ေပမဲ့...Juyeonနဲ႕သူနဲ႕စကားမေျပာတာ...မဟုတ္ဘူး...မ်က္ႏွာခ်င္းေတာင္ျဖစ္တာသုံးရက္ေလာက္ရွိေနၿပီျဖစ္သည္။ သူထြက္ေျပးၿပီးျပန္မိလာသည့္ညေနကေျပာလိုက္သည့္စကားေတြေၾကာင့္လားမသိ။

Juyeonကအရင္လိုအခန္းထဲလည္းမလာျဖစ္ေတာ့သလိုစကားလည္းမေျပာေတာ့ေပ။ အခန္းထဲမလာျဖစ္မွေတာ့စကားေျပာဖို႔ရန္ေနေနသာသာမ်က္ႏွာခ်င္းေတာင္မဆုံရ။

ထိုကဲ့သို႔ျဖစ္ေနေတာ့လည္းJaehyunဘယ္ဘက္ရင္အုံတစ္ေနရာကအနည္းငယ္နာက်င္လို႔ေနသည္။

"မနက္စာလာပို႔တာပါ"

တံခါးဖြင့္သံၾကား၍လွည့္ၾကည့္လိုက္ေတာ့လည္းအရင္ရက္ကလိုလူတစ္ေယာက္သူ႕အားစားစရာလာပို႔ေပးျခင္းျဖစ္သည္။ထိုလူမထြက္သြားေသးခင္

"အာ..ခန! Juyeonေရာမလာဘူးလား..."

"အကိုေလးကသြားစရာကိစၥေလးတစ္ခုရွိေနေသးလို႔ပါ ေတြ႕ခ်င္တယ္ဆိုရင္ကြၽန္ေတာ္ေခၚေပးရမလားခင္ဗ်"

"ရတယ္ ေခၚဖို႔မလိုပါဘူး ၿပီးေတာ့မေတြ႕ခ်င္ဘူး ဒီအတိုင္းပဲေမးၾကည့္တာ"

မုသားေတြထပ္သုံးမိျပန္ပါၿပီေလ။

"ဟုတ္ကဲ့ပါ..."

ထိုလူထြက္သြားၿပီးသည့္တိုင္ေအာင္ Jaehyunကုတင္ေျခရင္းမွာပဲျပန္ထိုင္ကာ သက္ျပင္းတစ္ခ်ခ်ႏွင့္။ သူ႕အတြက္မနက္စာဆိုသည့္ ေပါင္မုန့္ႏွင့္ႏြားနို႔တစ္ခြက္အားၾကည့္လိုက္ေတာ့လည္း စားခ်င္ေသာက္ခ်င္ေနစိတ္ထက္ ရင္ထဲမွအနည္းငယ္ဆို႔ေနေသာ ခံစားခ်က္ေၾကာင့္ မစားျဖစ္ခဲ့ေတာ့ပါေလ။

.
.
.
.
.

.
.
.
.
.
.
.
.
.
.
.
.
.
.

"ဘယ္လိုလည္း Jaehyun Hyungရွိေနတဲ့ေနရာကိုသိရၿပီလား "

"ေျပာဖို႔ေတာ့အားနာေပမဲ့ ရခဲ့တဲ့ဖုန္းလိုင္းကလည္းတစ္ေၾကာလုံးျဖတ္ထားလို႔ထင္ပါတယ္  ကြၽန္ေတာ္တို႔ အနီးစပ္ဆုံးရထားတာ Namwonဘက္မွာပဲရွိပါတယ္"

"Namwonဘက္မွာ?"

"ဟုတ္ပါတယ္....Namwonမွာလို႔အတိက်ေတာ့ေျပာလို႔မရေပမဲ့ အဲ့နားတစ္ဝိုက္မွာျဖစ္ေလာက္ပါတယ္...."

"Namwonက ဒီကေနဆို သုံးနာရီေလာက္ကားစီးရမွာမလား "

"ဟုတ္ပါတယ္....တစ္မင္ေဝးတဲ့ဘက္မွာေခၚထားတယ္လို႔ကြၽန္ေတာ္ထင္တယ္"

"ဒါဆို သြားၾကမယ္! အတိအက်မသိရေသးေပမဲ့သဲလြန္စတစ္ခုျဖစ္ျဖစ္ရေအာင္"

"ဟုတ္ကဲ့ပါ"

Hyunjunခ်က္ခ်င္းပင္အိမ္ထဲမွထြက္ကာ ကားထဲဝင္သည္ႏွင့္Younghoonအားဖုန္းလွမ္းေခၚလိုက္သည္။

"Hyung...အခုဘယ္မွာလည္း"

"ငါRakwonတို႔ကိုက်ဴရွင္သြားႀကိဳဖို႔လမ္းမွာေလ"

"ဒါဆို Yuri Noonaဆီမွာ ကေလးေတြကိုအကုန္အပ္ခဲ့ၿပီး Namwonဘက္ကိုလိုက္ခဲ့လိုက္ေနာ္"

Younghoonလည္းဘာလို႔လည္းဆိုၿပီးေမးမလို႔လုပ္လိုက္ေပမဲ့အနည္းငယ္ေလာေနသံေပါက္သည့္Hyunjunေၾကာင့္ဘာကိုဆိုလိုမွန္းသေဘာေပါက္သြားသည္။

"ေအးေအး ေကာင္းၿပီ မင္းlocationအတိုင္းငါလိုက္ခဲ့မယ္"

........................

Hyunjunတို႔ကားသုံးနာရီေက်ာ္ၾကာေအာင္ေမာင္းၿပီးသြားေတာ့သြားလိုရာNamwonၿမိဳ႕ကိုေရာက္ေလေတာ့သည္။ Namwonက Seoulၿမိဳ႕ႏွင့္မတူ။ ၿမိဳ႕ျဖစ္ေပမဲ့အစြန္ပိုင္းေနရာမ်ားတြင္သစ္ေတာေတြရွိတတ္သည္။ ခ်မ္းသာသူ ေအးေဆးေနခ်င္သူေတြကNamwonဘက္ကလူသူရွင္းတဲ့ေနရာမွာၿခံဝန္းဝယ္ၿပီးအိမ္ေဆာင္ေနၾကေလ့ရွိသည္ဟုလည္းၾကားဖူးသည္။

Hyunjunေရာက္ၿပီးကားေပၚကဆင္း႐ုံရွိေသးYounghoonပါေရာက္လာေလသည္။

"မင္းဘာသတင္းသိရလို႔လည္း"

"ျပတ္သြားတဲ့ဖုန္းလိုင္းကဒီတစ္ေၾကာေလာက္မွာလို႔စုံစမ္းရလို႔Hyung။ 100%ေတာ့မသေခ်ာေသးေပမဲ့ ကြၽန္ေတာ္တစ္ခုခုသိရေအာင္လာလိုက္တာ"

"အင္း....."

Jaehyunကိုရွာဖို႔ဒီေလာက္ထိအသည္းသန္ျဖစ္ေနသည့္Hyunjunအားၾကည့္ၿပီးYounghoonစိတ္ထဲေတြးမိလိုက္ပါသည္။

"ေအာ္...Jaehyunကိုေတာင္ဒီလိုသည္းသည္းလႈပ္ခ်စ္ေပးရတဲ့သူရွိတာပဲ"။

သူနဲ႕ေတြ႕လာခဲ့သမွ်ကာလပတ္လုံး.. Juyeonထြက္သြားသည့္အခ်ိန္မွစၿပီးJaehyunဆီမွာျမင္ေနက်အၿပဳံးေလးေတြေတာင္မေတြ႕ရေတာ့။ ၿပဳံးပါသည္ဆိုလွ်င္ေတာင္မွစိတ္ရင္းနဲ႕မဟုတ္မွန္းYounghoonသတိထားမိသည္။

JaehyunကJuyeonေၾကာင့္လြမ္းနာက်ေနခဲ့သည္မလား။

ဒါေၾကာင့္အခုလိုHyunjunကအသည္းသန္ျဖစ္ေပးရွာေတာ့လည္းJaehyunအတြက္Younghoonဝမ္းသာမိပါသည္။ Jaehyunအားခ်စ္ပါတယ္ဆိုၿပီးထားသြားခဲ့တဲ့ဟိုတစ္ေယာက္နဲ႕ကြဲလြဲေနလို႔ေပါ့။

Hyunjunရယ္ Younghoonရယ္ ၿပီးေတာ့ပါလာသည့္လူေနာက္ထပ္သုံးေယာက္ရယ္ကၿမိဳ႕ရဲ႕အစြန္နားေရာက္သည့္ေနရာေတြကိုလိုက္ေမးလိုက္စုံစမ္းၾကည့္မိသည္။

သို႔ေပမဲ့ဘယ္သုမွလည္းJaehyunအားမျမင္မိသလိုဘာသတင္းမွလည္းမသိရေသး။ သူတို႔လာမိတာမ်ားမွားၿပီလား။

"ေတာက္!!!! စိတ္တိုလိုက္တာ...."

စိတ္လည္းတိုစိတ္လည္းပ်က္သြားသည့္Hyunjunအားၾကည့္ၿပီးYounghoonမွတစ္ခုခုကိုသတိရသြားဟန္ျဖင့္။

"အာ....ခန! ငါတို႔ပုံျပၿပီးရွာေနတဲ့လူမွားေနတယ္ဆိုရင္ေရာ Hyunjun"

Younghoonအေျပာေၾကာင့္မ်က္ခုံးပင့္လာသည့္Hyunjun။

"အကယ္လို႔ Jaehyunအဖမ္းခံထားရတယ္ဆိုရင္သူ႕ကိုလုံးဝေပးထြက္မွာမဟုတ္ဘူး အဲ့ေတာ့ဘယ္သူမွလည္းေသခ်ာျမင္ဖူးမွာမဟုတ္ဘူးေလ"

"ေအးေနာ္....ဒါဆို...သူ႕ကိုဖမ္းသြားတဲ့သူေလာက္ပဲျမင္ဖူးၾကမယ္ထင္တယ္Hyung"

သူတို႔ႏွစ္ဦးအပါဝင္က်န္တဲ့လူသုံးေယာက္လည္းစိတ္ရႈပ္သြားရပါသည္။
.............

သူတို႔လည္းဘာမွမသိရတဲ့ေနာက္ဆုံးမွာေတာ့လက္ေလွ်ာ့ၿပီးျပန္လာရန္ဆုံးျဖတ္ခဲ့လိုက္ၾကသည္။ အျပန္တြင္ေတာ့ေနာက္လိုက္လူသုံးေယာက္အားကားတစ္စီးျဖင့္လာခိုင္းလိုက္ၿပီးHyunjunနဲ႕Younghoonကေတာ့အတူတူျပန္လာလိုက္ၾကသည္။ကားကိုေတာ့Younghoonကေမာင္းျခင္းျဖစ္သည္။

"Hyung...ကြၽန္ေတာ္ေန႕လည္စာမစားရေသးဘူး ဒီနားကstoreတစ္ခုမွာရပ္ေပးလို႔ရမလား"

"ေအာ္...အင္းေကာင္းၿပီေလ"

Younghoonလည္းၿမိဳ႕စြန္ကေနတစ္ေျဖးေျဖးၿမိဳ႕ထဲကိုျပန္ဝင္လာၿပီးအနီးစပ္ဆုံးေတြ႕သည့္storeဆိုင္ေရွ႕မွာကားရပ္လိုက္သည္။ ပတ္ဝန္းက်င္တြင္ေတာ့အိမ္ေတြအမ်ားႀကီးမရွိေနေသးပါ။

သူတို႔ကားေပၚကဆင္းေတာ့ထိုဆိုင္ေရွ႕ကိုပဲေနာက္ထပ္ကားတစ္စီးထပ္မံေရာက္လာျပန္သည္။ အနက္ေရာင္မွန္လုံးကားျဖစ္ၿပီး Younghoonထင္တာမမွားမိဘူးဆိုလွ်င္ထိုကားဟာ က်ည္ကာကား။ ဇာတ္လမ္းေတြထဲမွာဆိုရင္အထူးေအးဂ်င့္ေတြပဲသုံးသည့္ကားမ်ိဳးျဖစ္သည္။

ဒီလိုကားမ်ိဳးကဒီလိုလူအိမ္ေျခမမ်ားဘဲၿငိမ္းခ်မ္းတိတ္ဆိတ္သည့္ေနရာမ်ိဳးမွာရွိေနတာသာမန္မဟုတ္နိုင္။ Hyunjunကေတာ့ေစာနကေၾကာင့္ရယ္ ဗိုက္ဆာေနသည့္ကတစ္ေၾကာင္းရယ္မလို႔အာ႐ုံမထားမိဘဲ ဆိုင္ထဲသို႔သာေျပးဝင္သြားလိုက္သည္။

Younghoonကေတာ့သူ႕ကားနားမွာဟိုေယာင္ေယာင္ဒီေယာင္ေယာင္လုပ္ရင္းမသိမသာအေျခေနကိုအကဲခတ္ၾကည့္ေနမိသည္။ မၾကာလိုက္ပါကားေပၚမွဆင္းလာသည့္လူတစ္ဦး။ Younghoonျမင္ဖူးပါသည္ဆိုၿပီးၾကည့္ေနကာမွပဲ...

"Lee...Juyeon?"

ေသခ်ာေပါက္Juyeonက ကားေပၚကေနဆင္းလာျခင္းျဖစ္သည္။ အဲ့ထိကရေသးသည္။ ကားေပၚမွဆင္းလာၿပီးအတြင္းအိပ္ေထာင္ထဲသို႔ထည့္လိုက္သည့္ပစၥတိုတစ္လက္ကိုျမင္လိုက္သည့္အခ်ိန္မွာေတာ့Younghoonေခါင္းထဲကိုအေတြးေပါင္းမ်ားစြာကေရာက္ရွိလို႔လာပါေတာ့သည္။

Jaehyunကို႐ုတ္တစ္ရက္ႀကီးထားခဲ့ၿပီးခုႏွစ္ႏွစ္ၾကာမွာျပန္ေတြ႕ရေတာ့အခုလိုက်ည္ကာကားထဲကေနေသနတ္တစ္လက္နဲ႕အဘယ့္ေၾကာင့္Juyeonကိုေတြ႕ရပါသနည္း။

"မဟုတ္မွလြဲေရာ.....အဲ့ေကာင္လူဆိုးဂိုဏ္းေတြထဲမ်ားေရာက္သြားတာလား"။

Juyeonပေထြးဆုံးေတာ့Younghoonဦးေလးကအမႈကိုလိုက္ရင္းသိခဲ့ရတာကJuyeonပေထြးဟာအရင္ကတရားမဝင္လုပ္ငန္းေတြကိုလုပ္ကိုင္ခဲ့သူတစ္ဦး။ ဒါဆို.....Juyeonကလည္းအခု အဲ့လိုအလုပ္ေတြကိုလုပ္ေနတာပဲလား။

Juyeonတစ္ဖက္ကိုမလွည့္လာခင္မွာပဲYounghoonကားေနာက္သို႔အျမန္ကြယ္လိုက္မိသည္။

ကြယ္ေနလ်က္နဲ႕ေခါင္းထဲသို႔ေပၚလာသည့္အေတြးတစ္ခု။

"Jaehyunကိုအဲ့ေကာင္ေခၚသြားတာမ်ားလား..."

....................

"Jaehyunေရာ..ဘယ္လိုေနေသးလည္း"

"မနက္စာနဲ႕ေန႕လည္စာေကြၽးတာေတာ့မစားပါဘူးအကိုေလး...ၿပီးေတာ့မနက္ပိုင္းတုန္းက အကိုေလးကိုေမးေသးတယ္"

သူ႕ကိုေမးေသးတယ္ဆိုေသာေၾကာင့္မ်က္လုံးအေရာင္လက္သြားမိသည္။

သူတို႔မ်က္ႏွာခ်င္းမဆိုင္,စကားမေျပာဘဲေနသည္မွာသုံးရက္ရွိၿပီမဟုတ္ပါလား။ သူ႕ကိုမုန္းတယ္ မေတြ႕ခ်င္ဘူးခ်ည္းေျပာေနသည့္Jaehyunအား သူမ်က္ႏွာေျပာင္တိုက္ၿပီးလည္းမေတြ႕ခ်င္ေနေသးပါ။

ထိုစကားေတြရဲ႕ဒဏ္ကိုမခံနိုင္ေသာေၾကာင့္လည္းျဖစ္သည္။ စဥ္းစားၾကည့္ပါဦး....ရင္ထဲထိနင့္ေနေအာင္ခ်စ္ရတဲ့သူကအခုလိုစကားမ်ိဳးေတြေျပာလာရင္ခံနိုင္ရည္ရွိရေအာင္Lee Juyeonကဘာသားနဲ႕ထုထားတဲ့ေယာက်္ားမလို႔လည္း။

*Ring Ring*

"Hello Doctor ေျပာပါ"

"DNA စစ္ေဆးခ်က္အေျဖေတြသိရပါၿပီ"

.................

Lee Juyeonရဲ႕ကားဟာအေဝးေျပးလမ္းမထက္ေပၚတြင္ေနရာယူထားလ်က္ရွိသည္။ ကားေဘာင္တန္းေပၚတြင္တင္ထားသည့္စာအိတ္အျဖဴေရာင္ကိုၾကည့္ၿပီးသက္ျပင္းတစ္ခ်ခ်။ သူဖြင့္ေဖာက္ၿပီးၿပီေလ။

မသိမသာစိုးရိမ္ေနခဲ့မိတဲ့ကိစၥဟာလည္းတစ္ကယ္တမ္းျဖစ္လာခဲ့ၿပီမလို႔ဘာလုပ္လို႔ဘာကိုင္ရမယ္မွန္းမသိ။ စာအိတ္အျဖဴထဲတြင္ပါရွိေနသည္ကDNA စစ္ေဆးခ်က္စာ႐ြက္ႏွစ္႐ြက္။

သူမသကၤါျဖစ္ေနခဲ့မိ၍ အကယ္၍မ်ားဆိုၿပီးေတြးခဲ့မိတာေၾကာင့္သူနဲ႕Jaehyunကိုပါေဆးစစ္ခဲ့လိုက္ပါသည္။

...................

ေနာက္ေန႕မနက္ေရာက္ေတာ့Juyeon DNAစစ္ေဆးခ်က္ကိစၥအားBossကိုေျပာၿပီးသြားရမည္ျဖစ္သည္မလို႔အနည္းငယ္ေတာ့စိတ္လႈပ္ရွားေနမိသည္။

သူစိုးရိမ္ထိတ္လန့္ေနသည့္အေၾကာင္းအရာကလည္းအမွန္တစ္ကယ္ျဖစ္လာခဲ့ၿပီမလို႔သူ႕အဘယ္နည္းနဲ႕ Jaehyunကိုေျပာျပရမလည္း ေတြးေနမိလ်က္။

ဧည့္ခန္းထဲမွာစာ႐ြက္ႏွစ္႐ြက္ကိုၾကည့္ေနရင္းေခါင္းရႈပ္ေနပုံရသည့္Lee Juyeonခမ်ာမွာလည္း ဝန္အႀကီးႀကီးတစ္ခုကိုသူ႕အေပၚတြင္ထမ္းထားရသလိုစိတ္ေလးလံေနလ်က္ရွိသည္။

မ်က္ႏွာကိုလက္ျဖင့္အုပ္ကာခနေခါင္းေအးေအးထားလို႔ရေအာင္သူေနမိလိုက္သည္။

"အကိုေလး!!"

႐ုတ္တစ္ရက္ေျပးဝင္ကာေခၚလာသည့္ေကာင္ေလး။

"ေအးေျပာ..."

"ဟိုဟာ....ကြၽန္ေတာ္တို႔မွာထားတဲ့ေသနတ္ေတြထပ္ေရာက္လာပါတယ္ အဲ့တာတစ္ခ်က္စစ္ေဆးၾကည့္ဖို႔လာေခၚတာပါ"

"ေအးေအး လာၿပီ"

Juyeonလည္း စာ႐ြက္ေတြကိုအိတ္ထဲျပန္မထည့္မိဘဲထလာလိုက္သည္။

....................

မနက္ခင္းကိုထပ္ၿပီးJuyeonအားမေတြ႕ရဘဲေနေနရေတာ့ Jaehyunတစ္ေယာက္ အဆင္မေျပေတာ့ပါေခ်။ သူဘယ္ေလာက္ပဲမေတြ႕ခ်င္ပါဘူး မုန္းတယ္ေျပာေျပာ မသိစိတ္ကေလးကေတာ့ေတြ႕ခ်င္ေနမိပါသည္။

"ဟိုဟာ.....ကြၽန္ေတာ္ မနက္စာကိုေအာက္ထပ္မွာပဲဆင္းစားလိုက္လို႔ရမလား"

သူ႕အတြက္မနက္စာလာပို႔ေပးသည့္ေကာင္ေလးအားေမးၾကည့္လိုက္ေတာ့ေကာင္ေလးကၿပဳံးကာ

"ရတာေပါ့ အကိုေလး Jaehyunရဲ႕ "

"အင္း...ဒါဆိုေအာက္ထပ္ပဲဆင္းခဲ့ေတာ့မယ္"

ဟုေျပာကာ ခပ္သြက္သြက္ကေလး ဆင္းလာလိုက္သည္။ ေလွကားလည္းဆင္းေရာေခါင္းေလးေရွ႕ကိုထိုးၿပီး Juyeonကိုရွာ္ၾကည့္မိေသးသည္။

Bạn đang đọc truyện trên: Truyen2U.Net